Breaking News


လူပျိုကြီး စိုင်းစိုင်း ရဲ့ Valentine present ဘယ်သူရသွားခဲ့လဲ


Loading...

ကမ္ဘာမှာ ကံအကောင်းဆုံး ❤️

ဘဝမှာ အပျော်ဆုံးလို့ ခံစားရတဲ့နေ့လေး❤️

ဘဝမှာ ပထမဆုံး Surprise လေး💕💕💕💕

မနေ့က lipstick လေး မဲပေါက်တော့ ဒီနေ့ delivery ဘဲ လာပေးမယ်ထင်ထားခဲ့တာ

အိမ်ရှေ့လာပို့တော့လဲ အော် SAI Cosmetix က အမတွေ လာပေးတယ်ပေါ့ ဆိုပြီးဘဲ ထွက်သွားခဲ့တာ

ပြီးတော့မှ လူကိုယ်တိုင်ကြီး ကားပေါ်က နေ ပူပေါင်းကြီးတွေ မျက်နှာကွယ်ပြီး ဆင်းလားတယ် (မျက်နှာကွယ်ထားလဲ လူကြီးမြင်ထဲက သိတယ်😝)

လူရှေ့ရောက်တော့ ပြုံးပြီး Happy Valentine တဲ့

ပျော်တာပျော်တာဆိုတာ ထတောင် ခုန်မိတယ်😁😁😁

အိမ်ရှေ့ဘဲပြေးရမလို ကိုစိုင်းကိုဘဲ ပြေးဖက်ရမလို မာမားဘဲပြေးခေါ်ရမလိုကိုပျော်တာ🙈🙈🙈

မနေ့က သူ့ဆီက Valentine present ရတယ်ဆိုတာ သိသိချင်းတောင် တစ်ညလုံးပျော်တာ

အခုဆို လူကိုယ်တိုင် ကြီး Happy Valentine ပါဆိုပြီးလာပေးတော့ လူက ပျော်တာဆိုတာ ခြေထောက်နဲ့မြေကြီးတောင်မထိချင်ဘူး😁😁😁

ပြီးတော့ မေးသေးတယ်

ပျော်လား ဝမ်းသာလားတဲ့

ပျော်တယ် အရမ်းပျော်တယ် အကြီးကြီးပျော်တယ်😍😍😍

ဘဝမှာ ပထမဆုံး Valentine present လေး

အဲ့ဒါကလဲ အရမ်းအရမ်း ချစ်ရတဲ့ ကိုစိုင်းဆီက

ဘဲကြီး ချစ်တယ် ချစ်တယ် ချစ်တယ်❤️❤️❤️😍😍😍

အရင်ကလဲချစ်တယ် ခုလဲချစ်တယ် နောင်လဲချစ်မယ်😘😘😘

ဒီလောက်အဝေးကြီးထိ မအားတဲ့ကြားကနေ အိမ်တွေလဲပျောက်ပြီး အကြာကြီးရှာပြီးလာပေးလို့ ကိုစိုင်းကိုရော မမတွေ အားလုံးရော ကျေးဇူးပါရှင့်

Lipstick လေးတွေတင် မဟုတ်ဘူး Chocolate လေးတွေရော ပန်းစီးလေးရော မိုးပျံပူပေါင်းတွေရော😍😍😍 အဓိကက ကိုစိုင်း လူကိုယ်တိုင်ကြီးရော😍😍😍

တစ်ကယ် Happy Valentine လေးဘဲ💕💕💕

(P.S ရောက်လာမယ်လဲကြို မပြော ဓါတ်ပုံရိုက်မယ်လဲကြိုမပြော ဒီတိုင်း အိမ်နေရင်း အင်္ကျီကြီး နဲ့ ရုပ်ကလဲ နှုတ်ခမ်းနီတောင်မပါတော့ သည်းခံကြည့်ပေးကြပါ😁😁🙈🙈)


Loading...