Breaking News


MANCHESTER UNITED 3-0 SAINT-ETIENNE Highlight (EUROPA LEAGUE)


Loading...
အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့တဲ့ မန်ယူဟာ ပြင်သစ်ကလပ် ကို တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပါတယ်။ပွဲအစတည်းကဖိအားပေးကစားလာတဲ့မန်ယူဟာ ပထမပိုင်း ၁၅ မိနစ်မှာ အီဘရာဟီမိုဗစ် က ပြစ်ဒဏ်ဘောမှတဆင့် မြေလှိမ့်ဘော ကန်သွင်းပြီးအဖွင့်ဂိုးရယူခဲ့ပါတယ်။
ဒုတိယပိုင်း ၇၅ မိနစ်မှာ ရပ်ရှ်ဖို့ဒ် ကန်တင်ပေးတဲ့ဘောလုံးကို စိန့်အက်တီယန် ဂိုးသမားပုတ်ထုတ်ရာက အီဗရာဟီမိုဗစ်က ပိတ်သွင်းခဲ့ပါတယ်။
၈၈ မိနစ်မှာ ပယ်နယ်တီပြစ်ဒဏ်ဘောကို မိုဗစ် ကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ဟက်ထရစ်ရယူကာ စိန့်အက်တီယန်ကို ၃ - ၀ နဲ့ အနိုင်ရခဲ့ပါတယ်။

Loading...