Breaking News


လူတစ်ကိုယ်လုံးဝတ်ရတဲ့ ကွန်ဒုံးကို Facebook မှာ ပြန်လည်ရောင်းချခဲ့တဲ့ အမျိုးသား


Loading...







လင်းဇော်ကို (Shwemom)

Unicode

အမျိုးသားတစ်ယောက်ဟာ လူတစ်ကိုယ်လုံး ဝတ်ဆင်အသုံးပြုရတဲ့ကွန်ဒုံးဝတ်စုံ (Body Condom)ကို Facebook အ
ဟောင်းတန်းမှာ ပြန်လည် ရောင်းချခဲ့ပါတယ်။ ဝယ်ယူလိုသူအနေနဲ့ ပေါင် 20 ပေးတာနဲ့ ဒီကွန်ဒုံးကို ပိုင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

ကွန်ဒုံးရောင်းချသူဟာ အသုံးပြုပြီး ပစ္စည်းတွေ ပြန်လည်ရောင်းချသူများ စုံလေ့ရှိတဲ့ BS3 Connect အမည်ရ Facebook Group တစ်ခုမှာ ဒီပစ္စည်းကို ပါဝင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ၎င်းက ” ပြီးခဲ့တဲ့ အပတ်လောက်ကမှ ဒီကွန်ဒုံးကို ကျွန်တော် ဝယ်ခဲ့တာပါ … နည်းနည်းပဲ သုံးရပါသေးတယ် .. အသစ်လို သန့်ပါတယ် .. ပေါင်ခြံတစ်ဝိုက်မှာ ပွတ်သီးပွတ်သပ် ဖြစ်နေလို့ ပြန်ရောင်းတာပါ … ပေါင် 20 ဖြစ်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။


BS3 Connect အသုံးပြုပြီးပစ္စည်းပြန်လည်ရောင်းချရေး Page ဟာ ဘရစ္စတိုးအခြေစိုက် ဖြစ်ပြီး၊ လူအမြောက်အများ မိမိတို့ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ပြန်လည်ကြော်ငြာပြီး ရောင်းချတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းကို ရေးသားသူကတော့ Body Condom ရောင်းချတဲ့ အမျိုးသားဟာ အပြောင်အပျက်သဘောမျိုး ရောင်းချခြင်းသာ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

မှတ်ချက်ရေးသူများကလည်း ၎င်းအရောင်းပို့စ်အောက်မှာ ” အသက်ရှုလို့ကော ရပါ့မလား “လို့ မေးသူတွေ ရှိသလို၊ အခြားတစ်ယောက်ကတော့ ” နည်းနည်း ကြီးနေတယ် ထင်တယ် “လို့ ရေးသားခဲ့ပါတယ်။ အခြားမှတ်ချက်ရေးသူတစ်ယောက်တော့ ” အံ့ဖွယ်ပါဘဲ “လို့ ရေသားခဲ့ပါတယ်။


လင်းဇော်ကို (Shwemom)
Loading...