Breaking News


တောင်ဒဂုံမှာ တရားခံဖမ်းရင်း ရဲတပ်ဖွဲ့နဲ့ တရားခံကြား ပစ်ခတ်မှုဖြစ်ပွားနေ


Loading...


တောင်ဒဂုံမှာ တရားခံဖမ်းရင်း ရဲတပ်ဖွဲ့နဲ့ တရားခံကြား ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့သိရပါတယ်။
လောလောဆယ်မှာတော့ တရားခံကိုဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အ ခြေအ နေ ရှုပ်ထွေးနေတယ်လို့ တောင်ဒဂုံ ရဲစခန်းက တာဝန်ကျရဲအရာရှိက ဒီကနေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတာကတော့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်မှာဖြစ်တယ်လို့ အဆိုပါ ရဲအရာရှိက ဆိုပါတယ်။
"အခြေအနေ ရှုပ်ထွေးနေတယ်။ ကျွန်တော်တို့ ရဲအင်အားထပ်ဖြည့်ထားပါတယ်။ ကျန်တာကိုတော့ အသေးစိတ်မသိသေးပါဘူး" လို့ သူကဆိုပါတယ်။
အခြေအနေများကို ဆက်လက်တင်ပြသွားပါမယ်.။


Popular News Journal
Loading...