Breaking News

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ရဲ႕သမီး မဂၤလာပြဲမွာ လက္ဖြဲ႕ျခင္းသည္းခံဖို႔ ေမတၱာရပ္ခံ


Loading...

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္ရဲ႕သမီးနဲ႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးတို႔ရဲ႕ မဂၤလာေဆာင္ဖိတ္စာမွာ "ေမတၱာျဖင့္လက္ဖြဲ႕ျခင္းသည္းခံပါ"လို႔ ပန္ၾကားထားပါတယ္။
ျမန္မာႏိုင္္ငံရဲ႕ ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္မိသားစု၀င္ေတြရဲ႕ မဂၤလာေဆာင္ေတြဟာ အစဥ္အလာအားျဖင့္ လက္ဖြဲ႕အမ်ား အျပားရေလ့ရွိရာမွာ ယခုကဲ့သို႔လက္ဖြဲ႕ျခင္းသည္းခံဖို႔  ပန္ၾကားတာဟာ ထူးျခားမႈတစ္ခုလည္းျဖစ္ပါတယ္။
ႏွစ္ဖက္မိဘ အသိုင္းအ၀ိုင္းတိုင္ပင္ၿပီး ယခုလိုစီစဥ္တာျဖစ္တယ္လို႔ သတို႔သားေလာင္း ဧရာ၀တီတိုင္းေဒသႀကီး အမွတ္(၁) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးမုိးကေျပာၾကားထားတယ္လို႔ 7Day Daily သတင္းစာမွာ ေရးသားထားပါတယ္။

အဆိုပါ မဂၤလာပြဲကို ေနျပည္ေတာ္ရွိ ျမန္မာကြန္ဗင္းရွင္းစင္တာမွာ ေဖေဖာ္၀ါရီ ၁၁ ရက္က ျပဳလုပ္မွာျဖစ္ျပီး   ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုပါ ဖိတ္ၾကားထားတယ္လို႔ သိရပါတယ္။
ဓႏုျဖဴဇာတိ ဦး၀င္းျမင့္ရဲ႕ တစ္ဦးတည္းေသာသမီး မျဖဴျဖဴသင္းဟာ ဧရာ၀တီဘဏ္မွာ လက္ေထာက္မန္ေနဂ်ာရာထူး တာ၀န္ထမ္းေဆာင္ေနသူျဖစ္တယ္လို႔ မဂၤလာဖိတ္စာမွာ ေဖာ္ျပထားပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟုိအလုပ္အမႈေဆာင္ အတြင္းေရးမွဴးအဖြဲ႕၀င္ ဦး၀င္းထိန္ရဲ႕သမီး မခ်စ္စု၀င္းထိန္မွာလည္း ၂၀၁၆ ဒီဇင္ဘာ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ ႏိုဗိိုတယ္ဟိုတယ္မွာ မဂၤလာပြဲ က်င္းပခဲ့ပါတယ္။

ႏိုင္ငံေတာ္အဆင့္အႀကီးအကဲေတြရဲ႕ သားသမီးေတြ မဂၤလာပြဲေတြနဲ႔ပတ္သက္ရင္ ‘စိန္စီေသာည’ လို႔ နာမည္ႀကီးတဲ့ တပ္မေတာ္ အစိုးရလက္ထက္က ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊရဲ႕သမီး မဂၤလာပြဲဟာ အထင္ရွားဆံုးျဖစ္ပါတယ္။
Photos & Source: 7Day Daily

ဗဟုသုတအျဖစ္ဖတ္ရန္ >>>လက္တည့္မစမ္းသင့္တဲ႔ အမ်ိဳးသားေတြအရမ္းသိခ်င္တဲ႔ အမ်ိဳးသမီးေတြရဲ႕ ကာမခံစားမႈ အထြဋ္အထိပ္ေနရာ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့သမီးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာမှာ "မေတ္တာဖြင့်လက်ဖွဲ့ခြင်းသည်းခံပါ"လို့ ပန်ကြားထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်မိသားစုဝင်တွေရဲ့ မင်္ဂလာဆောင်တွေဟာ အစဉ်အလာအားဖြင့် လက်ဖွဲ့အများ အပြားရလေ့ရှိရာမှာ ယခုကဲ့သို့လက်ဖွဲ့ခြင်းသည်းခံဖို့  ပန်ကြားတာဟာ ထူးခြားမှုတစ်ခုလည်းဖြစ်ပါတယ်။
နှစ်ဖက်မိဘ အသိုင်းအဝိုင်းတိုင်ပင်ပြီး ယခုလိုစီစဉ်တာဖြစ်တယ်လို့ သတို့သားလောင်း ဧရာဝတီတိုင်းဒေသကြီး အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးကပြောကြားထားတယ်လို့ 7Day Daily သတင်းစာမှာ ရေးသားထားပါတယ်။

အဆိုပါ မင်္ဂလာပွဲကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်မှာဖြစ်ပြီး   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဓနုဖြူဇာတိ ဦးဝင်းမြင့်ရဲ့ တစ်ဦးတည်းသောသမီး မဖြူဖြူသင်းဟာ ဧရာဝတီဘဏ်မှာ လက်ထောက်မန်နေဂျာရာထူး တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ မင်္ဂလာဖိတ်စာမှာ ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့သမီး မချစ်စုဝင်းထိန်မှာလည်း ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်အဆင့်အကြီးအကဲတွေရဲ့ သားသမီးတွေ မင်္ဂလာပွဲတွေနဲ့ပတ်သက်ရင် ‘စိန်စီသောည’ လို့ နာမည်ကြီးတဲ့ တပ်မတော် အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး မင်္ဂလာပွဲဟာ အထင်ရှားဆုံးဖြစ်ပါတယ်။
Photos & Source: 7Day Daily
ဗဟုသုတအဖြစ်ဖတ်ရန် >>>လက်တည့်မစမ်းသင့်တဲ့ အမျိုးသားတွေအရမ်းသိချင်တဲ့ အမျိုးသမီးတွေရဲ့ ကာမခံစားမှု အထွဋ်အထိပ်နေရာ
Loading...