Breaking News


ဦးကိုနီ လုပ္ႀကံသတ္ျဖတ္ခံရမႈမွ သံသယရွိ ဆက္စပ္ တရားခံ ဦးျမင့္ေဆြဆိုသူကို ဖမ္းဆီးရမိ


Loading...

၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ ၂၉ ရက္ေန႔ ညေန က ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာေသနတ္နဲ႕ပစ္လုပ္ၾကံခံခဲ႕ရတဲ႕ အင္န္အယ္လ္ဒီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဥပေဒ အေထာက္အကူျပဳ အဖြဲ႕၀င္ ဦးကိုနီအမႈအတြက္ သံသယရွိဆက္စပ္တရားခံ ဦးျမင့္ေဆြကို ျမ၀တီျမိ္ဳ႔မွာဖမ္းမိခဲ႕တယ္လုိ႕ ၾကားသိရေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖြဲ႕က ဒုတိယရဲမႈးၾကီး ကံ၀င္းက CNBကို ေဖေဖၚ၀ါရီလ ၁ ရက္ေန႔က အတည္ျပဳ ေျပာဆိုပါတယ္။

ဦးကိုနီကို ေလဆိပ္မွာ လုပ္ၾကံသတ္ျဖတ္ခဲ့ျပီး ဖမ္းဆီးခံထားရတဲ့ ဦးၾကည္လင္းရဲ႕ ထြက္ဆိုခ်က္မွာ သူ႕ကို သတ္ဖို႔ ေစခိုင္းသူဟာ ဦးျမင့္ေဆြ ျဖစ္တဲ့အေၾကာင္း၊ သတ္ျဖတ္ရင္ ကားတစ္စီး ေပးအပ္မယ္ ဆိုတဲ့အေၾကာင္း၊ အခင္းျဖစ္ေန႔က ဦးျမင့္ေဆြက သူ႕ကို ေခၚယူျပီး ေလဆိပ္ကို အတူ သြားခဲ့တဲ့အေၾကာင္း၊ ေလဆိပ္ အေရာက္မွာ ဦးကိုနီကို လက္ညွိဳးထိုးျပျပီး ေသနတ္ပါတဲ့ လြယ္အိတ္ တစ္အိတ္ကို ေပးခဲ့ေၾကာင္း၊ အဲဒီ လြယ္အိတ္ထဲက ၾကီးတဲ့ ေသနတ္ တစ္လက္နဲ႔ ဦးကိုနီကို အနီးကပ္ ပစ္ခတ္ လုပ္ၾကံခဲ့ေၾကာင္း ထြက္ဆိုထားတာ ျဖစ္ပါတယ္။

 အခု သတင္းနဲ႔ ပတ္သက္ျပီး ေနာက္ထပ္ ရရွိခ်က္ေတြကို ဆက္ျပီး တင္ျပသြားေပးပါ့မယ္။ ဒီသတင္းကို Central News Bureau က ေမထြယ္ေပးပို႔တာျဖစ္ပါတယ္။

Central News Bureau
https://www.facebook.com/skynetcnb

Unicode

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသေနတ်နဲ့ပစ်လုပ်ကြံခံခဲ့ရတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီအမှုအတွက် သံသယရှိဆက်စပ်တရားခံ ဦးမြင့်ဆွေကို မြဝတီမြိ်ု့မှာဖမ်းမိခဲ့တယ်လို့ ကြားသိရကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ဒုတိယရဲမှုးကြီး ကံဝင်းက CNBကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အတည်ပြု ပြောဆိုပါတယ်။

ဦးကိုနီကို လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ဦးကြည်လင်းရဲ့ ထွက်ဆိုချက်မှာ သူ့ကို သတ်ဖို့ စေခိုင်းသူဟာ ဦးမြင့်ဆွေ ဖြစ်တဲ့အကြောင်း၊ သတ်ဖြတ်ရင် ကားတစ်စီး ပေးအပ်မယ် ဆိုတဲ့အကြောင်း၊ အခင်းဖြစ်နေ့က ဦးမြင့်ဆွေက သူ့ကို ခေါ်ယူပြီး လေဆိပ်ကို အတူ သွားခဲ့တဲ့အကြောင်း၊ လေဆိပ် အရောက်မှာ ဦးကိုနီကို လက်ညှိုးထိုးပြပြီး သေနတ်ပါတဲ့ လွယ်အိတ် တစ်အိတ်ကို ပေးခဲ့ကြောင်း၊ အဲဒီ လွယ်အိတ်ထဲက ကြီးတဲ့ သေနတ် တစ်လက်နဲ့ ဦးကိုနီကို အနီးကပ် ပစ်ခတ် လုပ်ကြံခဲ့ကြောင်း ထွက်ဆိုထားတာ ဖြစ်ပါတယ်။

 အခု သတင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ရရှိချက်တွေကို ဆက်ပြီး တင်ပြသွားပေးပါ့မယ်။ ဒီသတင်းကို Central News Bureau က မေထွယ်ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
Loading...