Breaking News

က်ိဳင္းတုံၿမိဳ႕နယ္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူတစ္ဦးထံမွ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ


Loading...

က်ိဳင္းတုံ၊ ေဖေဖာ္ဝါရီ (၆) ရက္။  
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္၊ ကတ္ထိုက္ေက်းရြာအုပ္စု၊ ေနာင္ရွဲန္ရြာထိပ္ရွိ ေက်းရြာခ်င္းဆက္ ကားလမ္းမေပၚတြင္ ေဖေဖာ္ဝါရီ ၅ ရက္က မူးယစ္ေဆးဝါးအားကိုယ္တိုင္သုံးစြဲရန္ႏွင့္ ျပန္လည္ေရာင္းခ်ရန္ သယ္ေဆာင္လာသူအမ်ိဳးသားတစ္ဦးကိုဖမ္းဆီးရမိခဲ့ေၾကာင္း က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ သိရိွရသည္။
“က်ိဳင္းတုံၿမိဳ႕၊ အမွတ္(၂၈)မူးယစ္တပ္ဖြဲ႔စုမွဴး႐ံုးက တာဝန္ရွိသူေတြနဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး႐ံုးက အသိသက္ ေသေတြနဲ႔အတူ သတင္းအရေစာင့္ဆိုင္းဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။”ဟု က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ ဒုတိယရဲအုပ္ ေအာင္သူထြဋ္က ေျပာသည္။
ဖမ္းဆီးခံရသူမွာ က်ိဳင္းတုံၿမိဳ႕နယ္၊ ကတ္ဖေက်းရြာအုပ္စု၊ ေနာင္ငင္းရြာတြင္ေနထိုင္သည့္ ဦးအိုက္လွ(၅၅)ႏွစ္ဆို သူျဖစ္ၿပီး ထိုင္းႏိုင္ငံထုတ္ Kenbo အမ်ိဳးအစား အနက္ေရာင္ဆိုင္ကယ္စီး၍ ကတ္ထိုက္ေက်းရြာအုပ္စုရွိ ေဟြပုံ ရြာတြင္ေနထိုင္ေသာ က်ပို႔ဆိုသူထံမွ WY စာတမ္းပါ စိတ္ၾကြ႐ူးသြပ္ေဆး(၁၅၀)ျပားကို က်ပ္(၃၀၀၀၀)ျဖင့္ ဝယ္ ယူခဲ့ၿပီးေနာက္ အပိုရရွိေသာ(၃)ျပားအား က်ပို႔၏ ေနအိမ္၌ပင္သုံးစြဲကာ က်န္ေဆးျပားမ်ားကို ၎ေနထိုင္သည့္ ရြာတြင္ ျပန္လည္ေရာင္းခ်ရန္ႏွင့္ ကိုယ္တိုင္သုံးစြဲရန္အတြက္သယ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအမႈအား က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ မယ(ပ)၁၈/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆး ဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
ထက္တိုင္းေက်ာ္ (ျမစ္မခ)
thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ရှဲန်ရွာထိပ်ရှိ ကျေးရွာချင်းဆက် ကားလမ်းမပေါ်တွင် ဖေဖော်ဝါရီ ၅ ရက်က မူးယစ်ဆေးဝါးအားကိုယ်တိုင်သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် သယ်ဆောင်လာသူအမျိုးသားတစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရှိရသည်။
“ကျိုင်းတုံမြို့၊ အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှူးရုံးက တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက အသိသက် သေတွေနဲ့အတူ သတင်းအရစောင့်ဆိုင်းဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။”ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ဒုတိယရဲအုပ် အောင်သူထွဋ်က ပြောသည်။
ဖမ်းဆီးခံရသူမှာ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းရွာတွင်နေထိုင်သည့် ဦးအိုက်လှ(၅၅)နှစ်ဆို သူဖြစ်ပြီး ထိုင်းနိုင်ငံထုတ် Kenbo အမျိုးအစား အနက်ရောင်ဆိုင်ကယ်စီး၍ ကတ်ထိုက်ကျေးရွာအုပ်စုရှိ ဟွေပုံ ရွာတွင်နေထိုင်သော ကျပို့ဆိုသူထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး(၁၅၀)ပြားကို ကျပ်(၃၀ဝ၀ဝ)ဖြင့် ဝယ် ယူခဲ့ပြီးနောက် အပိုရရှိသော(၃)ပြားအား ကျပို့၏ နေအိမ်၌ပင်သုံးစွဲကာ ကျန်ဆေးပြားများကို ၎င်းနေထိုင်သည့် ရွာတွင် ပြန်လည်ရောင်းချရန်နှင့် ကိုယ်တိုင်သုံးစွဲရန်အတွက်သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအား ကျိုင်းတုံမြို့မရဲစခန်းမှ မယ(ပ)၁၈/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထက်တိုင်းကျော် (မြစ်မခ)
thadinatin.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ 
Loading...