ေဒၚေအာင္ဆန္းစုၾကည္ လံုၿခံဳေရးအတြက္ လက္နက္ကိုင္ အေစာင့္အေရွာက္မ်ား ထပ္တိုးျမႇင့္

Loading...
_________________________________________________________


 ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏုိင္ငံေတာ္အႀကီးအကဲမ်ား၏ လံုၿခံဳေရးအတြက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ရွိ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဌာနက အဓိကတာဝန္ယူကာ လက္ရွိတြင္ လံုၿခံဳေရး တိုးျမွင့္ေဆာင္ရြက္ေနသည္ဟု ေနျပည္ေတာ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က ေဖေဖာ္ဝါရီ ၈ရက္တြင္ မဇၩိမကို အတည္ျပဳေျပာဆိုသည္။

“အရင္တုန္းကဆိုရင္ လူပုဂၢိဳလ္လံုၿခံဳေရးကိုပဲ ကၽြန္ေတာ္တုိ႔က လက္နက္နဲ႔ သံုးတယ္။ ဒါေပမယ့္ လက္ရွိအေနအထားမွာ လူပုဂၢိဳလ္လံုၿခံဳေရးအျပင္ အႀကီးအကဲေတြသြားတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္ရဲ့ လံုၿခံဳေရးကိုလည္း ယာဥ္တင္ကားေတြ၊ လက္နက္ကိုင္လံုၿခံဳေရးအေစာင့္အေရွာက္ေတြ တိုးျမွင့္ၿပီးေတာ့မွ ေဆာင္ရြက္လ်က္ ရွိပါတယ္” ဟု ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က ေျပာသည္။

အစၥလာမ္မစ္ စစ္ေသြးႂကြအဖြဲ႔ ISIS တို႔၏ အႏၱရယ္ျပဳမည့္ ပစ္မွတ္တြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ျဖစ္သူ၊ သမၼတ႐ံုးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္၏ အမည္ပါဝင္ေနသည္ဟူသည့္ ၂၀၁၆၊ ဩဂုတ္လအတြင္းက ၿခိမ္းေျခာက္မႈ သတင္းမ်ားထြက္ေပၚကတည္းကစၿပီး လံုၿခံဳေရးတိုးျမွင့္ထားျခင္းျဖစ္ကာ ဇန္နဝါရီ ၂၉ရက္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ လုပ္ႀကံခံရသည့္ အႀကမ္းဖက္ျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ ထပ္မံ၍ လံုၿခံဳေရး တိုးျမွင့္ထားျခင္းလည္း ျဖစ္သည္။

“ေနျပည္ေတာ္နယ္ေျမဆိုတာ သမၼတတိုက္႐ိုက္အုပ္ခ်ဳပ္တဲ့နယ္ေျမျဖစ္လို႔ ကၽြန္ေတာ္တို႔ ဒီမွာ အထိအခိုက္ မခံႏုိင္ဘူး” ဟု ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က ဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္လံုၿမိဳ႕တြင္ က်င္းပမည့္ ႏွစ္(၇၀)ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားသို႔ တက္ေရာက္မည္ ျဖစ္သည္။

ႏုိင္ငံေတာ္အဆင့္ အခမ္းအနားမ်ားႏွင့္ ယခုလအတြင္း ၂၁ရာစုပင္လံု ဒုတိယအႀကိမ္ညီလာခံ က်င္းပရန္ရွိေနသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ရဲတပ္ဖြဲ႔က လုံၿခဳံေရးအင္အား တိုးျမွင့္ေဆာင္ရြက္လ်က္လည္း ရွိေနသည္။

ယင္းသုိ႔ေဆာင္ရြက္ရာတြင္ ရပ္ကင္း၊ ေမာ္ေတာ္ဆုိင္ကယ္လွည့္ကင္း၊ ေမာ္ေတာ္ ယာဥ္လွည့္ကင္းမ်ားအျပင္ ယာဥ္စစ္ပိတ္ဆုိ႔လုပ္ငန္းမ်ားေဆာင္ရြက္ျခင္းကုိ ၿမိဳ႕၀င္/ထြက္ ဂိတ္မ်ားတြင္လည္းေကာင္း၊ အေရးႀကီးအေဆာက္အဦမ်ားျဖစ္သည့္ ၀န္ႀကီးရုံးမ်ား၊ ဌာနဆုိင္ရာရုံးမ်ား၊ တန္ခိုးႀကီးဘုရားေစတီမ်ားတြင္လည္း ေကာင္း၊ အမ်ားျပည္သူတုိ႔ အပန္းေျဖရာျဖစ္သည့္ ဥယ်ဥ္၊ ရုပ္ရွင္ရုံမ်ားတြင္လည္းေကာင္း၊ လူစည္ကားရာေနရာမ်ားျဖစ္သည့္ ေစ်း၀ယ္ စင္တာမ်ား၊ ေစ်းမ်ား၊ ကုန္တိုက္မ်ား၊ေလဆိပ္၊ အေ၀းေျပးယာဥ္ရပ္နားစခန္းမ်ား၌
ရပ္ကင္းမ်ားျဖင့္လည္ေကာင္း ေန႔ညမျပတ္ေဆာင္ရြက္လ်က္ရွိသည့္အျပင္ ဟိုတယ္၊ မိုတယ္၊ အင္းႏွင့္တည္းခိုခန္းမ်ားတြင္လည္း တာ၀န္ရွိသူမ်ားႏွင့္ပူးေပါင္းကာ တည္းခိုသူ စာရင္းမ်ားကိုစစ္ေဆး ေဆာင္ရြက္လ်က္ရွိသည္ဟု ေနျပည္ေတာ္ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားသည္။

“ယခင္တုန္းကေတာ့ လံုၿခံဳေရးကို သာမန္ပဲ ကၽြန္ေတာ္တုိ႔ လုပ္တယ္။ ေနာက္ပိုင္းမွာ ႏုိင္ငံတကာအၾကမ္းဖက္အဖြဲ႔ေတြရဲ့ ၿခိမ္းေျခာက္မႈရွိလာတဲ့အတြက္ ယာဥ္လွည့္ကင္းေတြဆိုရင္ ေခ်မႈန္းေရးေသနတ္ေတြ တင္ထားတယ္။ ကားတစ္စီးမွာဆို အနည္းဆံုး(၃)လက္ တင္ထားတယ္။ ေခ်မႈန္းေရးေသနတ္ ပါတယ္။ အဓိက႐ုဏ္းႏွိမ္ႏွင္းေရးေသနတ္ ပါတယ္။ သူကေတာ့ ရာဘာက်ည္ေတြနဲ႔ ပစ္တာေပါ့။ အရာရွိေတြ၊ ကြပ္ကဲတဲ့သူေတြကိုလည္း ေျခာက္လံုးျပဴးေတြ ထုတ္ေပးထားတယ္” ဟု ရဲမွဴးႀကီးက မဇၩိမကို ေျပာသည္။

ျပည္သူမ်ားအေနျဖင့္လည္း တစ္စံုတစ္ရာထူးျခားမႈရွိပါက ဆက္သြယ္ေရးစနစ္ျဖစ္သည့္ ၁၉၉ Call Center အား ဆက္သြယ္ေပးျခင္းျဖင့္ ပူးေပါင္းပါဝင္ေပးၾကပါဟု ရဲမွဴးႀကီးက တိုက္တြန္းေျပာဆိုသည္။
“ကၽြန္ေတာ္တို႔မွာ ျပည္ပၿခိမ္းေျခာက္မႈေတြလည္း ရွိတယ္။ နယ္စပ္ၿခိမ္းေျခာက္မႈေတြလည္း ရွိတယ္။ ၿမိဳ႕ေပၚမွာျဖစ္တဲ့ပံုစံ(ဦးကိုနီျဖစ္စဥ္)မ်ိဳးဆိုရင္လည္း ၿခိမ္းေျခာက္မႈမ်ိဳး ပံုစံရတယ္။ အဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔ ေတာက္ေလွ်ာက္ ပိုၿပီးေတာ့ သတိထားၿပီးမွ ေဆာင္ရြက္လ်က္ရွိပါတယ္” ဟု ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က ဆိုသည္။

mizzimaburmese

Unicode
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက အဓိကတာဝန်ယူကာ လက်ရှိတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဖေဖော်ဝါရီ ၈ရက်တွင် မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

“အရင်တုန်းကဆိုရင် လူပုဂ္ဂိုလ်လုံခြုံရေးကိုပဲ ကျွန်တော်တို့က လက်နက်နဲ့ သုံးတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ လူပုဂ္ဂိုလ်လုံခြုံရေးအပြင် အကြီးအကဲတွေသွားတဲ့ လမ်းကြောင်းတစ်လျှောက်ရဲ့ လုံခြုံရေးကိုလည်း ယာဉ်တင်ကားတွေ၊ လက်နက်ကိုင်လုံခြုံရေးအစောင့်အရှောက်တွေ တိုးမြှင့်ပြီးတော့မှ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တို့၏ အန္တရယ်ပြုမည့် ပစ်မှတ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ၊ သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါဝင်နေသည်ဟူသည့် ၂၀၁၆၊ ဩဂုတ်လအတွင်းက ခြိမ်းခြောက်မှု သတင်းများထွက်ပေါ်ကတည်းကစပြီး လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကာ ဇန်နဝါရီ ၂၉ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့် အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထပ်မံ၍ လုံခြုံရေး တိုးမြှင့်ထားခြင်းလည်း ဖြစ်သည်။

“နေပြည်တော်နယ်မြေဆိုတာ သမ္မတတိုက်ရိုက်အုပ်ချုပ်တဲ့နယ်မြေဖြစ်လို့ ကျွန်တော်တို့ ဒီမှာ အထိအခိုက် မခံနိုင်ဘူး” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ကျင်းပမည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။

နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ယခုလအတွင်း ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံ ကျင်းပရန်ရှိနေသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်လည်း ရှိနေသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ မော်တော် ယာဉ်လှည့်ကင်းများအပြင် ယာဉ်စစ်ပိတ်ဆို့လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့ဝင်/ထွက် ဂိတ်များတွင်လည်းကောင်း၊ အရေးကြီးအဆောက်အဦများဖြစ်သည့် ဝန်ကြီးရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တန်ခိုးကြီးဘုရားစေတီများတွင်လည်း ကောင်း၊ အများပြည်သူတို့ အပန်းဖြေရာဖြစ်သည့် ဥယျဉ်၊ ရုပ်ရှင်ရုံများတွင်လည်းကောင်း၊ လူစည်ကားရာနေရာများဖြစ်သည့် ဈေးဝယ် စင်တာများ၊ ဈေးများ၊ ကုန်တိုက်များ၊လေဆိပ်၊ အဝေးပြေးယာဉ်ရပ်နားစခန်းများ၌
ရပ်ကင်းများဖြင့်လည်ကောင်း နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဟိုတယ်၊ မိုတယ်၊ အင်းနှင့်တည်းခိုခန်းများတွင်လည်း တာဝန်ရှိသူများနှင့်ပူးပေါင်းကာ တည်းခိုသူ စာရင်းများကိုစစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ယခင်တုန်းကတော့ လုံခြုံရေးကို သာမန်ပဲ ကျွန်တော်တို့ လုပ်တယ်။ နောက်ပိုင်းမှာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုရှိလာတဲ့အတွက် ယာဉ်လှည့်ကင်းတွေဆိုရင် ချေမှုန်းရေးသေနတ်တွေ တင်ထားတယ်။ ကားတစ်စီးမှာဆို အနည်းဆုံး(၃)လက် တင်ထားတယ်။ ချေမှုန်းရေးသေနတ် ပါတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးသေနတ် ပါတယ်။ သူကတော့ ရာဘာကျည်တွေနဲ့ ပစ်တာပေါ့။ အရာရှိတွေ၊ ကွပ်ကဲတဲ့သူတွေကိုလည်း ခြောက်လုံးပြူးတွေ ထုတ်ပေးထားတယ်” ဟု ရဲမှူးကြီးက မဇ္ဈိမကို ပြောသည်။

ပြည်သူများအနေဖြင့်လည်း တစ်စုံတစ်ရာထူးခြားမှုရှိပါက ဆက်သွယ်ရေးစနစ်ဖြစ်သည့် ၁၉၉ Call Center အား ဆက်သွယ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါဟု ရဲမှူးကြီးက တိုက်တွန်းပြောဆိုသည်။
“ကျွန်တော်တို့မှာ ပြည်ပခြိမ်းခြောက်မှုတွေလည်း ရှိတယ်။ နယ်စပ်ခြိမ်းခြောက်မှုတွေလည်း ရှိတယ်။ မြို့ပေါ်မှာဖြစ်တဲ့ပုံစံ(ဦးကိုနီဖြစ်စဉ်)မျိုးဆိုရင်လည်း ခြိမ်းခြောက်မှုမျိုး ပုံစံရတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့ တောက်လျှောက် ပိုပြီးတော့ သတိထားပြီးမှ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။


mizzimaburmese
Loading...