Breaking News


၁၁ ႏွစ္အရြယ္ ကေလးမကုိ ခုိးယူေပါင္းသင္းသူကုိ မုဒိမ္းမႈျဖင့္ ဖမ္းဆီး

Loading...

မႏၲေလတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္မွာ အသက္ ၁၁ နွစ္အရြယ္ မိန္ကေလးကုိ ဇနီးမယားအျဖစ္ ခုိးယူေပါင္းသင္းသူကုိ မုဒိမ္းမႈနဲ႔ ဖမ္းဆီးလုိက္ပါတယ္။
ဝမ္းတြင္းၿမိဳ႕နယ္ ဆူးပနး္ေက်းရြာအုပ္စု အုတ္နွဲေရေက်းရြာေန မၿငိမ္းၿငိမ္း ၁၆ ႏွစ္နဲ႔ မခင္ထက္ေဝ ၁၁ ႏွစ္တို႔ ညီအစ္မႏွစ္ဦးဟာ ဇန္န၀ါရီ ၃၀ ရက္ေန႔ ညေနပုိင္းက ရြာနဲ႔ ႏွစ္မိုင္ေလာက္ေ၀းတဲ့ ေနရာမွာ ႏြားလွည္းနဲ႔ ေရခပ္သြားရာမွ ရဲဝင္း (၃၄) ႏွစ္က မခင္ထက္ေဝအား ဝါဂြမ္းခ်ိန္လုိက္ခ့ဲဖို႔ ေခၚေဆာင္သြားၿပီးေနာက္ ေဖေဖာ္ဝါရီ ၃ ရက္ေန႔အထိ ျပန္ေရာက္မလာတဲ့အတြက္ မိခင္ျဖစ္သူ ေဒၚသန္းညြန္႔က ရဲစခန္းကုိ လာေရာက္တုိင္ၾကားခဲ့တယ္လုိ႔ ရဲအုပ္ေမာင္ေမာင္လြင္က ေျပာပါတယ္။
မိခင္ျဖစ္သူရဲ႕ တုိင္ၾကားခ်က္အရ တာ၀န္ရွိသူေတြက လုိက္လံရွာေဖြေတြ႔ရွိၿပီး သားမယားအျဖစ္ ခုိးယူေပါင္းသင္းေၾကာင္း စစ္ေဆးေပၚေပါက္လုိ႔ မုဒိမ္းမႈနဲ႔ ရဲဝင္းကုိ ဖမ္းဆီးလုိက္တယ္လို႔ ဆုိပါတယ္။
“ရဲဝင္းက အိမ္ေထာင္က်ဖူးတယ္၊ ကြဲသြားတာၾကာၿပီ။ ကေလးမေလးေတြအိမ္နဲ႔ ရင္းနီးတယ္၊ အုတ္ႏွဲေရရြာက ထြက္တဲ့ ဝါဂြမ္းဝယ္တဲ့ ပြဲစားေပါ့။ ခင္ထက္ေဝကုိ သားမယားအျဖစ္ ခုိးယူေပါင္းသင္းတယ္လုိ႔ စစ္ေဆးေပၚေပါက္ခ်က္အရ၊ ကေလးမေလးက အသက္ ၁၁ ႏွစ္ဆိုေတာ့ မုဒိန္းမႈနဲ႔ အမႈဖြင့္လုိက္တာပါ” လုိ႔ ရဲအုပ္ေမာင္ေမာင္လြင္က ေျပာပါတယ္။
ဆူးပန္းရြာေနသူ ကုိဆန္းဝင္းက “စီးပြားေရး အဆင္မေျပေတာ့ ကေလးမေလးေတြက ေက်ာင္းေနရမယ့္အရြယ္မွာ ေက်ာင္းမေနရဘဲ သဘာဝေပါက္ေနတဲ့ ေဆးကုလားမေခၚတဲ့ ေလ်ွာ္ျဖဴပင္ေတြရဲ႕အေစးခြာရတယ္၊ လက္လုပ္လက္စား အလုပ္လုပ္ရတယ္။ သူတို႔အိမ္ကုိ ဝင္ထြက္ေနတာကေန သားမယားအျဖစ္ ခုိးယူေပါင္းသင္းခံရတဲ႔အျဖစ္ေပါ့” လုိ႔ ေျပာပါတယ္။
ဝမ္းတြင္းၿမိဳ႕မရဲစခန္းက အလုိမတူေသြးေဆာင္ ျဖားေယာင္းခုိးယူမႈ ျပစ္မႈ ပုဒ္မ ၃၆၆ နဲ႔ မုဒိန္းမႈ ျပစ္မႈ ပုဒ္မ ၃၇၆ တို႔နဲ႔ ရဲဝင္းအား ဖမ္းဆီးၿပီး စစ္ေဆးေဆာင္ရြက္ေနပါတယ္။
Unicode
မန္တလေတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် မိန်ကလေးကို ဇနီးမယားအဖြစ် ခိုးယူပေါင်းသင်းသူကို မုဒိမ်းမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ဝမ်းတွင်းမြို့နယ် ဆူးပနး်ကျေးရွာအုပ်စု အုတ်နှဲရေကျေးရွာနေ မငြိမ်းငြိမ်း ၁၆ နှစ်နဲ့ မခင်ထက်ဝေ ၁၁ နှစ်တို့ ညီအစ်မနှစ်ဦးဟာ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေပိုင်းက ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နေရာမှာ နွားလှည်းနဲ့ ရေခပ်သွားရာမှ ရဲဝင်း (၃၄) နှစ်က မခင်ထက်ဝေအား ဝါဂွမ်းချိန်လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပြန်ရောက်မလာတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်သန်းညွန့်က ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ ရဲအုပ်မောင်မောင်လွင်က ပြောပါတယ်။
မိခင်ဖြစ်သူရဲ့ တိုင်ကြားချက်အရ တာဝန်ရှိသူတွေက လိုက်လံရှာဖွေတွေ့ရှိပြီး သားမယားအဖြစ် ခိုးယူပေါင်းသင်းကြောင်း စစ်ဆေးပေါ်ပေါက်လို့ မုဒိမ်းမှုနဲ့ ရဲဝင်းကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
“ရဲဝင်းက အိမ်ထောင်ကျဖူးတယ်၊ ကွဲသွားတာကြာပြီ။ ကလေးမလေးတွေအိမ်နဲ့ ရင်းနီးတယ်၊ အုတ်နှဲရေရွာက ထွက်တဲ့ ဝါဂွမ်းဝယ်တဲ့ ပွဲစားပေါ့။ ခင်ထက်ဝေကို သားမယားအဖြစ် ခိုးယူပေါင်းသင်းတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ၊ ကလေးမလေးက အသက် ၁၁ နှစ်ဆိုတော့ မုဒိန်းမှုနဲ့ အမှုဖွင့်လိုက်တာပါ” လို့ ရဲအုပ်မောင်မောင်လွင်က ပြောပါတယ်။
ဆူးပန်းရွာနေသူ ကိုဆန်းဝင်းက “စီးပွားရေး အဆင်မပြေတော့ ကလေးမလေးတွေက ကျောင်းနေရမယ့်အရွယ်မှာ ကျောင်းမနေရဘဲ သဘာဝပေါက်နေတဲ့ ဆေးကုလားမခေါ်တဲ့ လျှော်ဖြူပင်တွေရဲ့အစေးခွာရတယ်၊ လက်လုပ်လက်စား အလုပ်လုပ်ရတယ်။ သူတို့အိမ်ကို ဝင်ထွက်နေတာကနေ သားမယားအဖြစ် ခိုးယူပေါင်းသင်းခံရတဲ့အဖြစ်ပေါ့” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းက အလိုမတူသွေးဆောင် ဖြားယောင်းခိုးယူမှု ပြစ်မှု ပုဒ်မ ၃၆၆ နဲ့ မုဒိန်းမှု ပြစ်မှု ပုဒ်မ ၃၇၆ တို့နဲ့ ရဲဝင်းအား ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။
Loading...