Breaking News

ဦးကိုနီအမွႈမွာ ဒုုတိယေျမာက္ဖမ္းခံရသူ ဦးေအာင္ဝင္းေဇာ္ဆိုုတာဘယ္သူလဲ


Loading...

ရန္ကုုန္ (Myanmar Now)—တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုုနီလုပ္ၾကံခံရမွႈနဲ႔ ဆက္စပ္ျပီး ဒုုတိယေျမာက္ဖမ္းဆီးရမိထားတဲ့သူဟာ အသက္ ၄၆ နွစ္အရြယ္ ဦးေအာင္၀င္းေဇာ္လိုု႔ ႏိုုင္ငံေတာ္သမၼတရံုုးက ယခုလ ၃ ရက္ေန႔မွာ ထုုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဦးကိုုနီကိုု ရန္ကုုန္ေလဆိပ္မွာ အနီးကပ္လုုပ္ၾကံခဲ့ျပီး အခင္းျဖစ္ရာေနရာမွာဖမ္းခံရတဲ့ ဦးၾကည္လင္းနဲ႔အတူ ဦးေအာင္၀င္းေဇာ္ဟာ ျပစ္မွႈက်ဴးလြန္ရာမွာ ပါ၀င္ခဲ့ေၾကာင္း သတင္းထုုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
တကယ္ေတာ့ သူတိုု႔ႏွစ္ဦးလံုုးဟာ ရာဇ၀တ္မွႈတစ္ခုုကိုု အတူတူက်ဴးလြန္တယ္ဆိုုတာ ဒါ ပထမဆံုုးအႀကိမ္မဟုုတ္ေတာ့ပါဘူး။ သူတိုု႔ႏွစ္ဦးဟာ ၂၀၀၃ ခုႏွစ္ေလာက္မွာ ေရွးေဟာင္းဗုုဒၶရုုပ္ပြားေတာ္ေတြကိုု ႏိုုင္ငံျခားကိုုတရားမ၀င္ခိုုးထုုတ္မွႈနဲ႔ မႏၱေလး အိုုးဘိုုေထာင္မွာ အတူတူေထာင္က်ခဲ့ဖူးေၾကာင္းကိုု ထိုုအခ်ိန္က တာ၀န္က်ခဲ့ဖူးတဲ့ ေထာင္၀န္ထမ္းမ်ား၊ ရာဇ၀တ္အက်ဥ္းသားေဟာင္းမ်ားနဲ႔ ႏိုုင္ငံေရးအက်ဥ္းသား ေဟာင္းမ်ားကပါ Myanmar Now ကိုုအတည္ျပဳေျပာဆိုုပါတယ္။
ဦးေအာင္၀င္းေဇာ္ဟာ ထိုုအမွႈနဲ႔ေထာင္မက်ခင္၊ အျခားအမွႈတစ္ခုုနဲ႔လည္း ေထာင္က်ဖူးေၾကာင္း၊ ျပီးေတာ့ သူဟာစစ္စည္းကမ္းေဖာက္ဖ်က္တယ္ဆိုုတဲ့ျပစ္ခ်က္ နဲ႔ထုုတ္ခံထားရတဲ့ တပ္မေတာ္အရာရွိေဟာင္း တစ္ေယာက္ျဖစ္ေၾကာင္းလည္း သိရပါတယ္။
ဦးေအာင္၀င္းေဇာ္ရဲ႕ဇာတိကေတာ့ ရန္ကုုန္ျမိဳ႕မဟာဗႏၶဳလပန္းျခံလမ္း အထက္ဘေလာက္ တိုုက္နံပါတ္ ၂၅၆ ျဖစ္ေၾကာင္း၊ ကြယ္လြန္ျပီျဖစ္တဲ့ သူ႔ဖခင္မွာ တပ္မေတာ္အရာရွိ အၿငိမ္းစားတစ္ဦးျဖစ္ျပီး အစ္ကိုုတစ္ေယာက္၊ ညီတစ္ေယာက္နဲ႔ ညီမတစ္ေယာက္ရွိေၾကာင္း အဲဒီလမ္းထဲမွာ အခုုထိဆက္လက္ေနထိုုင္ေနတဲ့ သူ႔ရဲ႕ ငယ္သူငယ္ခ်င္းျဖစ္သူတစ္ဦးကေျပာဆိုုပါတယ္။
“သူဆယ္တန္းေအာင္ တပ္ထဲ၀င္သြားကတည္းက က်ေနာ္နဲ႔သိပ္မေတြ႕ျဖစ္ေတာ့ဘူး။ ငယ္ငယ္ကေတာ့ ေအးေအးေဆးေဆးသမားပါပဲ။ ႀကီးမွေထာင္ေတြဘာေတြက်ျပီး ဘာေတြျဖစ္မွန္း က်ေနာ္တိုု႔လည္းမသိေတာ့ဘူး။ သူ႔အေဖကဆံုုးၿပီ။ သူ႔အေမလည္း ဒီကေျပာင္းသြားတာ ၂ ႏွစ္ေလာက္ရွိျပီ” ဟုု အမည္မေဖာ္လိုုသူ အ့ဲဒီသူငယ္ခ်င္းကေျပာပါတယ္။
ဒီအခ်က္ေတြဟာမွန္ကန္ေၾကာင္း ရန္ကုုန္၊ အင္းစိန္ၿမိဳ႕နယ္မွာေနထိုုင္ေနတဲ့ ဦးေအာင္၀င္းေဇာ္ရဲ႕ဖခင္ဘက္က ဦးေလးေတာ္စပ္သူ အျငိမ္းစား အင္းစိန္ေထာင္ပိုုင္ ဦးေဌးလိွႈင္က Myanmar Now ကုိေျပာပါတယ္။
ဒီအမွႈမွာ သူ႔တူပါ၀င္ေနတဲ့ သတင္းေတြနဲ႔ပတ္သက္ျပီး မွတ္ခ်က္ေပးဖိုု႔ ေမးျမန္းတဲ့အခါမွာေတာ့ သူက “ဦးေလးအသက္လည္းၾကီးပါျပီ။ ေအးေအးေဆး ေနခ်င္ပါျပီ။ ျဖစ္ခ်ိန္တန္ျဖစ္ ပ်က္ခ်ိန္တန္ပ်က္ေပါ့။ ဒီ့ထက္မေျပာပါရေစနဲ႔” လို႔ပဲ သူက ခပ္တိုးတိုးျပန္ေျဖခဲ့ပါတယ္။
လူသတ္ပြဲစားလား
---------------
ဦးေအာင္၀င္းေဇာ္နဲ႔ေရာ ဦးၾကည္လင္းနဲ႔ေရာ မႏၱေလးအိုုးဘိုုေထာင္မွာ ေထာင္သားအျဖစ္ အတူေနဖူးတဲ့ အင္းစိန္ျမိဳ႕နယ္ ေဖာ့ကန္ရပ္ကြက္မွာ ယခု ေနထိုင္ေနတဲ့ အက်ဥ္းသားေဟာင္းကိုုေအာင္စိုုးကေတာ့ ဦးကိုုနီလုုပ္ၾကံခံရျပီး နာရီပိုုင္းအတြင္း ပ်ံ႕ႏွံ႔လာတဲ့ ဓာတ္ပံုုေတြၾကည့္ျပီး ဒီအမွႈမွာ ဦးေအာင္၀င္းေဇာ္ပါႏိုုင္ေၾကာင္း ဦးကိုုနီလုုပ္ၾကံခံျပီး တစ္ရက္အၾကာမွာ Myanmar Now ကိုု ဆက္သြယ္ေျပာၾကားခဲ့ပါတယ္။
သူ႔ရဲ႕ေျပာဆိုုခ်က္အရ ဦးၾကည္လင္းနဲ႔ ဦးေအာင္၀င္းေဇာ္တိုု႔ဟာ ေထာင္အတူတူက်အမွႈတြဲေတြျဖစ္သလိုု၊ ေထာင္ထဲမွာလည္းရင္းရင္းႏွီးႏွီးေပါင္းသင္းတဲ့ စိတ္တူကိုုယ္တူ သူငယ္ခ်င္းႏွစ္ဦးျဖစ္ေၾကာင္း၊ ဦးေအာင္၀င္းေဇာ္ဟာ ေငြလမ္းခင္းျပီး ေထာင္ထဲမွာ အက်ဥ္းသားေတြကိုုျပန္လည္အုုပ္ခ်ဳပ္ရတဲ့ေထာင္တန္းစီး အျဖစ္ေနရာယူထားျပီး လူေပၚလူေဇာ္လုုပ္ခ်င္သူျဖစ္ေၾကာင္း၊ ဦးၾကည္လင္းကေတာ့ လူအမ်ားစုုနဲ႔ ခပ္ကင္းကင္းေနျပီး တည္ျငိမ္တဲ့အမူအရာ အျပည့္ရွိသူျဖစ္ေၾကာင္း ေျပာဆိုုပါတယ္။
“ေအာင္၀င္းေဇာ္က တပ္ထြက္အရာရွိဆိုုေတာ့ အားလံုုးကဗိုုလ္ႀကီးဆိုုတဲ့သေဘာမ်ဳိးနဲ႔ ‘ဗက’ လိုု႔သူ႔ကိုုေခၚတယ္။ ၾကည္လင္းကေတာ့ သူနဲ႔တြဲေပမယ့္ ဦးေဆာင္ဦးရြက္လုုပ္တတ္တဲ့လူမ်ဳိးမဟုုတ္ဘူး။ ႏွစ္ေယာက္လံုုးတူတာကေတာ့ ေငြရရင္ဘာမဆိုုလုုပ္မယ္ဆိုုတာပဲ” လို႔ု ဦးေအာင္စိုုးက ေျပာပါတယ္။
ဦးေအာင္စိုုး၊ ဦးေအာင္၀င္းေဇာ္နဲ႔ ဦးၾကည္လင္းတိုု႔ဟာ ယခင္အစိုုးရလက္ထက္မွာ လြတ္ျငိမ္းခ်မ္းသာခြင့္မ်ားနဲ႔ အက်ဥ္းေထာင္ကလြတ္ေျမာက္လာခဲ့ၾကပါတယ္။
“ဦးကိုုနီသတ္ခံရျပီး ေနာက္တစ္ေန႔မနက္မွာ ေဖ့ဘြတ္က ၾကည္လင္းပံုုကိုု ကၽြန္ေတာ့္မိန္းမက လာျပေတာ့၊ ဒီအမႈမွာက်ိန္းေသေပါက္ ေအာင္၀င္းေဇာ္ ပါတယ္ ဆိုုျပီးက်ေနာ္္သိလိုုက္ျပီ” လို႔လည္း ဆက္ေျပာပါတယ္။
အဲဒီလို သူအခိုုင္အမာေျပာႏိုုင္သည့္အခ်က္ကေတာ့ ေထာင္ထဲမွာတုန္းက သူေျပာျပခဲ့ဖူးတဲ့ အင္းစိန္ျမိဳ႕နယ္ အိမ္လိပ္စာရွိရာကို မႏွစ္က ဇြန္လတုန္းက ဦးေအာင္၀င္းေဇာ္ တစ္ေယာက္ ခဲေရာင္ ပါဂ်ဲ႐ိုးကားေလးနဲ႔ ေရာက္လာခဲ့ပါတယ္။ သူက ဦးေအာင္စိုုးဆီကို လုုပ္ၾကံသတ္ျဖတ္မွႈတစ္ခုုကိုုလုုပ္ေပးဖိုု႔ အလုပ္လာအပ္ျခင္းျဖစ္ပါတယ္။
ေန႔ခင္းေၾကာင္ေတာင္၊ ျမိဳ႕လယ္ေခါင္မွာ၊ လူမ်ဳိးမတူ ဘာသာျခားတစ္ဦးကိုု ေသနတ္နဲ႔ပစ္သတ္ရမယ္၊ ေအာင္ျမင္ရင္ အမ်ဳိးဘာသာအတြက္အက်ဳိးရွိမယ္္၊ အလုုပ္လက္ခံရင္ သိန္း ၁,၀၀၀ ထိေပးမယ္၊ သတ္ျဖတ္ျပီးရင္ DKBA တပ္ေတြရွိတဲ့ ကရင္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ဖို႔ စီစဥ္ေပးမယ္ဆိုတဲ့ ဦးေအာင္၀င္းေဇာ္ရဲ႕ကမ္းလွမ္းခ်က္ကိုု ဦးေအာင္စိုုးကလက္မခံခဲ့ပါဘူး။
“က်ေနာ္ကသူ႔ကိုု ‘မင္းဘာေတြလုုပ္ေနလဲ’ ဆိုုေတာ့ သူ႔က ‘ငါ ေထာင္ကထြက္လာကတည္းက ငါ့ကိုု ဒီလိုုအလုုပ္ေတြလုုပ္ဖိုု႔ တိုုက္ခန္းေပးထားတယ္၊ ကားေပးထားတယ္။ လိုုသမွ်ေထာက္ပံ့တဲ့သူေတြရွိတယ္’ ဆိုုျပီးေျပာတယ္။ သူေျပာေနတဲ့စကားေတြက သိပ္ျမင့္လြန္းေတာ့ က်ေနာ္ကမယံုုဘူး။ ဘုုရားခိုုးဂိုုဏ္းကေကာင္က ဘာသာေရးေတြ ဘာေတြကာကြယ္မယ္ဆိုုေတာ့ က်ေနာ္ကလံုုး၀မယံုုဘူး” လို႔ ဦးေအာင္စိုးက ေျပာျပပါတယ္။
ဦးေအာင္စိုးကိုယ္သည္ ရန္ကုုန္ျမိဳ.တစ္၀ုုိက္ လုုယက္မွႈမ်ားနဲ႔ ၁၉၉၆ ခုႏွစ္မွာ ေထာင္ဒဏ္ ၅၈ ႏွစ္ခ်မွတ္ခံရျပီး၊ ၂၀၁၄ ခုုႏွစ္အတြင္း သမၼတဦးသိန္းစိန္ရဲ႕လြတ္ျငိမ္းခ်မ္းသာမွႈနဲ႔ ျပန္လြတ္ေျမာက္လာခဲ့သူ ျဖစ္ပါတယ္။
ဒုုတိယမၸိကမ္းလွမ္းမွႈ
---------------
ဦးေအာင္၀င္းေဇာ္က ဦးေအာင္စိုုးကို အင္မတန္လွ်ဳိ႕၀ွက္က်ဴးလြန္ရမယ့္ လူသတ္လုုပ္ၾကံမွႈတစ္ခုု ဘာ့ေၾကာင့္ေရြးခ်ယ္ကမ္းလွမ္းခဲ့ပါသလဲ။
ဦးေအာင္စိုုးရဲ႕ ေျပာျပခ်က္အရ ၂၀၀၆ ခုုနွစ္ မႏၱေလးေထာင္ထဲမွာရွိေနတုန္း ဦးေအာင္၀င္းေဇာ္ဟာ တိုးတက္ေသာကရင္ဒီမိုကရက္တစ္တပ္မေတာ္ (DKBA) နဲ႔ ပတ္သက္သူတစ္ဦးရဲ႕ အကူအညီနဲ႔ ေသနတ္ႏွစ္လက္ကိုု ခုုိးသြင္းျပီး ေထာင္ကေနထြက္ေျပးမယ္လို႔ သူ႔ဆီလာတိုုင္ပင္ခဲ့ဖူးေၾကာင္း၊ အဲဒီအခ်ိန္မွာ ဦးေအာင္စိုုးဟာ ေထာင္တြင္းေနသား ၁၀ ႏွစ္ရွိျပီးျဖစ္ျပီး ႏိုုင္ငံေတာ္လြတ္ျငိမ္း ခ်မ္းသာခြင့္လာရင္ လြတ္ေျမာက္ဖို႔ေမွ်ာ္လင့္ေနတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ အဲဒီေထာင္ေဖာက္မယ့္အႀကံကို လက္မခံခဲ့ပါဘူး။ ဒါေပမယ့္ သူဟာ ဒီသတင္းကို လုံးဝ မေပါက္ေၾကာင္းရေအာင္ ႏႈတ္လုံခဲ့တာမို႔ ဦးေအာင္ဝင္းေဇာ္ရဲ႕ အထူး ယုံၾကည္မႈကို ရရွိခဲ့သူျဖစ္ပါတယ္။
ဒါ့ျပင္ဦးေအာင္စိုုးဟာ ၁၉၈၈ ခုႏွစ္မတိုုင္မီက စစ္တပ္ထဲမွာ ႏွစ္ႏွစ္မွ်၀င္ေရာက္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးတာ၊ ကရာေတးသိုုင္းအတတ္ပညာကိုု ေကာင္းမြန္စြာတတ္ေျမာက္ထားတာနဲ႔ အခုအခ်ိန္အထိ သူ႔ခႏၶာကိုုယ္သည္ တိုက္ခိုက္ႏိုုင္ေလာက္ေအာင္ ေတာင့္တင္းသန္မာေနဆဲျဖစ္တာ၊ ေနာက္ျပီး ေထာင္တြင္းကာလမွာ သေဘာထားတင္းမာစြာေနထိုုင္တတ္သူျဖစ္တာ စတဲ့အေၾကာင္းေတြ ေၾကာင့္ သူ႔ကို ဦးေအာင္၀င္းေဇာ္က လူသတ္လုုပ္ၾကံဖို႔အလုုပ္ကိုု ယံုုၾကည္စြာ ကမ္းလွမ္းခဲ့တာလို႔ ဦးေအာင္စိုးကယံုုၾကည္ေနတာပါ။
“ဦးကိုုနီလုုပ္ၾကံရေအာင္ ေအာင္၀င္းေဇာ္ေရာ၊ ၾကည္လင္းေရာ ဘာမွဆက္စပ္စရာမရွိဘူး။ သူတိုု႔ေနာက္ကြယ္က ေငြေပးခိုုင္းလိုု႔လုုပ္တာ။ က်ေနာ္ယံုုၾကည္တယ္ သူ႔ေနာက္မွာအေကာင္ၾကီးေတြပဲ” ဟု ဦးေအာင္စိုုးကဆိုုပါတယ္။
ဦးကိုုနီလုုပ္ၾကံမွႈဟာ ႏိုုင္ငံေရးအရလုုပ္ၾကံမွႈျဖစ္တယ္လိုု႔ ျပည္သူေတြၾကားမွာ ယူဆေနတာရွိျပီး၊ ႏိုုင္ငံေတာ္သမၼတရံုုးကလည္း ဒါဟာ ႏိုုင္ငံေတာ္တည္ျငိမ္ေရးကိုု ပ်က္ျပားေအာင္ရည္ရြယ္လုုပ္ေဆာင္တာလိုု႔ ဇန္န၀ါရီ ၃၀ ရက္ေန႔က ထုုတ္ျပန္ခဲ့တဲ့ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဦးေအာင္၀င္းေဇာ္ကို ဖမ္းဆီးရမိလိုုက္ျပီးတဲ့ေနာက္ သူ႔ေနာက္ကြယ္က ၾကိဳးကိုုင္သူေတြကိုု ဆက္လက္ဖမ္းမိေရးအတြက္ ျပည္သူမ်ားကေမွ်ာ္လင့္ေနၾကပါတယ္။။

Unicode

ရန်ကုန် (Myanmar Now)—တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးရမိထားတဲ့သူဟာ အသက် ၄၆ နှစ်အရွယ် ဦးအောင်ဝင်းဇော်လို့ နိုင်ငံတော်သမ္မတရုံးက ယခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ အနီးကပ်လုပ်ကြံခဲ့ပြီး အခင်းဖြစ်ရာနေရာမှာဖမ်းခံရတဲ့ ဦးကြည်လင်းနဲ့အတူ ဦးအောင်ဝင်းဇော်ဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တကယ်တော့ သူတို့နှစ်ဦးလုံးဟာ ရာဇဝတ်မှုတစ်ခုကို အတူတူကျူးလွန်တယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးဟာ ၂၀ဝ၃ ခုနှစ်လောက်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို နိုင်ငံခြားကိုတရားမဝင်ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ အတူတူထောင်ကျခဲ့ဖူးကြောင်းကို ထိုအချိန်က တာဝန်ကျခဲ့ဖူးတဲ့ ထောင်ဝန်ထမ်းများ၊ ရာဇဝတ်အကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများကပါ Myanmar Now ကိုအတည်ပြုပြောဆိုပါတယ်။
ဦးအောင်ဝင်းဇော်ဟာ ထိုအမှုနဲ့ထောင်မကျခင်၊ အခြားအမှုတစ်ခုနဲ့လည်း ထောင်ကျဖူးကြောင်း၊ ပြီးတော့ သူဟာစစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ပြစ်ချက် နဲ့ထုတ်ခံထားရတဲ့ တပ်မတော်အရာရှိဟောင်း တစ်ယောက်ဖြစ်ကြောင်းလည်း သိရပါတယ်။
ဦးအောင်ဝင်းဇော်ရဲ့ဇာတိကတော့ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက် တိုက်နံပါတ် ၂၅၆ ဖြစ်ကြောင်း၊ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ဖခင်မှာ တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်ပြီး အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိကြောင်း အဲဒီလမ်းထဲမှာ အခုထိဆက်လက်နေထိုင်နေတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူတစ်ဦးကပြောဆိုပါတယ်။
“သူဆယ်တန်းအောင် တပ်ထဲဝင်သွားကတည်းက ကျနော်နဲ့သိပ်မတွေ့ဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ အေးအေးဆေးဆေးသမားပါပဲ။ ကြီးမှထောင်တွေဘာတွေကျပြီး ဘာတွေဖြစ်မှန်း ကျနော်တို့လည်းမသိတော့ဘူး။ သူ့အဖေကဆုံးပြီ။ သူ့အမေလည်း ဒီကပြောင်းသွားတာ ၂ နှစ်လောက်ရှိပြီ” ဟု အမည်မဖော်လိုသူ အဲ့ဒီသူငယ်ချင်းကပြောပါတယ်။
ဒီအချက်တွေဟာမှန်ကန်ကြောင်း ရန်ကုန်၊ အင်းစိန်မြို့နယ်မှာနေထိုင်နေတဲ့ ဦးအောင်ဝင်းဇော်ရဲ့ဖခင်ဘက်က ဦးလေးတော်စပ်သူ အငြိမ်းစား အင်းစိန်ထောင်ပိုင် ဦးဌေးလှိုင်က Myanmar Now ကိုပြောပါတယ်။
ဒီအမှုမှာ သူ့တူပါဝင်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါမှာတော့ သူက “ဦးလေးအသက်လည်းကြီးပါပြီ။ အေးအေးဆေး နေချင်ပါပြီ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ပေါ့။ ဒီ့ထက်မပြောပါရစေနဲ့” လို့ပဲ သူက ခပ်တိုးတိုးပြန်ဖြေခဲ့ပါတယ်။
လူသတ်ပွဲစားလား
---------------
ဦးအောင်ဝင်းဇော်နဲ့ရော ဦးကြည်လင်းနဲ့ရော မန္တလေးအိုးဘိုထောင်မှာ ထောင်သားအဖြစ် အတူနေဖူးတဲ့ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာ ယခု နေထိုင်နေတဲ့ အကျဉ်းသားဟောင်းကိုအောင်စိုးကတော့ ဦးကိုနီလုပ်ကြံခံရပြီး နာရီပိုင်းအတွင်း ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး ဒီအမှုမှာ ဦးအောင်ဝင်းဇော်ပါနိုင်ကြောင်း ဦးကိုနီလုပ်ကြံခံပြီး တစ်ရက်အကြာမှာ Myanmar Now ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ပြောဆိုချက်အရ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်တို့ဟာ ထောင်အတူတူကျအမှုတွဲတွေဖြစ်သလို၊ ထောင်ထဲမှာလည်းရင်းရင်းနှီးနှီးပေါင်းသင်းတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ဦးဖြစ်ကြောင်း၊ ဦးအောင်ဝင်းဇော်ဟာ ငွေလမ်းခင်းပြီး ထောင်ထဲမှာ အကျဉ်းသားတွေကိုပြန်လည်အုပ်ချုပ်ရတဲ့ထောင်တန်းစီး အဖြစ်နေရာယူထားပြီး လူပေါ်လူဇော်လုပ်ချင်သူဖြစ်ကြောင်း၊ ဦးကြည်လင်းကတော့ လူအများစုနဲ့ ခပ်ကင်းကင်းနေပြီး တည်ငြိမ်တဲ့အမူအရာ အပြည့်ရှိသူဖြစ်ကြောင်း ပြောဆိုပါတယ်။
“အောင်ဝင်းဇော်က တပ်ထွက်အရာရှိဆိုတော့ အားလုံးကဗိုလ်ကြီးဆိုတဲ့သဘောမျိုးနဲ့ ‘ဗက’ လို့သူ့ကိုခေါ်တယ်။ ကြည်လင်းကတော့ သူနဲ့တွဲပေမယ့် ဦးဆောင်ဦးရွက်လုပ်တတ်တဲ့လူမျိုးမဟုတ်ဘူး။ နှစ်ယောက်လုံးတူတာကတော့ ငွေရရင်ဘာမဆိုလုပ်မယ်ဆိုတာပဲ” လိုု့ ဦးအောင်စိုးက ပြောပါတယ်။
ဦးအောင်စိုး၊ ဦးအောင်ဝင်းဇော်နဲ့ ဦးကြည်လင်းတို့ဟာ ယခင်အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်များနဲ့ အကျဉ်းထောင်ကလွတ်မြောက်လာခဲ့ကြပါတယ်။
“ဦးကိုနီသတ်ခံရပြီး နောက်တစ်နေ့မနက်မှာ ဖေ့ဘွတ်က ကြည်လင်းပုံကို ကျွန်တော့်မိန်းမက လာပြတော့၊ ဒီအမှုမှာကျိန်းသေပေါက် အောင်ဝင်းဇော် ပါတယ် ဆိုပြီးကျနော်သိလိုက်ပြီ” လို့လည်း ဆက်ပြောပါတယ်။
အဲဒီလို သူအခိုင်အမာပြောနိုင်သည့်အချက်ကတော့ ထောင်ထဲမှာတုန်းက သူပြောပြခဲ့ဖူးတဲ့ အင်းစိန်မြို့နယ် အိမ်လိပ်စာရှိရာကို မနှစ်က ဇွန်လတုန်းက ဦးအောင်ဝင်းဇော် တစ်ယောက် ခဲရောင် ပါဂျဲရိုးကားလေးနဲ့ ရောက်လာခဲ့ပါတယ်။ သူက ဦးအောင်စိုးဆီကို လုပ်ကြံသတ်ဖြတ်မှုတစ်ခုကိုလုပ်ပေးဖို့ အလုပ်လာအပ်ခြင်းဖြစ်ပါတယ်။
နေ့ခင်းကြောင်တောင်၊ မြို့လယ်ခေါင်မှာ၊ လူမျိုးမတူ ဘာသာခြားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ရမယ်၊ အောင်မြင်ရင် အမျိုးဘာသာအတွက်အကျိုးရှိမယ်၊ အလုပ်လက်ခံရင် သိန်း ၁,ဝ၀ဝ ထိပေးမယ်၊ သတ်ဖြတ်ပြီးရင် DKBA တပ်တွေရှိတဲ့ ကရင်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်ပေးမယ်ဆိုတဲ့ ဦးအောင်ဝင်းဇော်ရဲ့ကမ်းလှမ်းချက်ကို ဦးအောင်စိုးကလက်မခံခဲ့ပါဘူး။
“ကျနော်ကသူ့ကို ‘မင်းဘာတွေလုပ်နေလဲ’ ဆိုတော့ သူ့က ‘ငါ ထောင်ကထွက်လာကတည်းက ငါ့ကို ဒီလိုအလုပ်တွေလုပ်ဖို့ တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်။ လိုသမျှထောက်ပံ့တဲ့သူတွေရှိတယ်’ ဆိုပြီးပြောတယ်။ သူပြောနေတဲ့စကားတွေက သိပ်မြင့်လွန်းတော့ ကျနော်ကမယုံဘူး။ ဘုရားခိုးဂိုဏ်းကကောင်က ဘာသာရေးတွေ ဘာတွေကာကွယ်မယ်ဆိုတော့ ကျနော်ကလုံးဝမယုံဘူး” လို့ ဦးအောင်စိုးက ပြောပြပါတယ်။
ဦးအောင်စိုးကိုယ်သည် ရန်ကုန်မြို.တစ်ဝိုက် လုယက်မှုများနဲ့ ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ် ၅၈ နှစ်ချမှတ်ခံရပြီး၊ ၂၀၁၄ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာမှုနဲ့ ပြန်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။
ဒုတိယမ္ပိကမ်းလှမ်းမှု
---------------
ဦးအောင်ဝင်းဇော်က ဦးအောင်စိုးကို အင်မတန်လျှို့ဝှက်ကျူးလွန်ရမယ့် လူသတ်လုပ်ကြံမှုတစ်ခု ဘာ့ကြောင့်ရွေးချယ်ကမ်းလှမ်းခဲ့ပါသလဲ။
ဦးအောင်စိုးရဲ့ ပြောပြချက်အရ ၂၀ဝ၆ ခုနှစ် မန္တလေးထောင်ထဲမှာရှိနေတုန်း ဦးအောင်ဝင်းဇော်ဟာ တိုးတက်သောကရင်ဒီမိုကရက်တစ်တပ်မတော် (DKBA) နဲ့ ပတ်သက်သူတစ်ဦးရဲ့ အကူအညီနဲ့ သေနတ်နှစ်လက်ကို ခိုးသွင်းပြီး ထောင်ကနေထွက်ပြေးမယ်လို့ သူ့ဆီလာတိုင်ပင်ခဲ့ဖူးကြောင်း၊ အဲဒီအချိန်မှာ ဦးအောင်စိုးဟာ ထောင်တွင်းနေသား ၁၀ နှစ်ရှိပြီးဖြစ်ပြီး နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာခွင့်လာရင် လွတ်မြောက်ဖို့မျှော်လင့်နေတဲ့ အချိန်ဖြစ်တဲ့အတွက် အဲဒီထောင်ဖောက်မယ့်အကြံကို လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒီသတင်းကို လုံးဝ မပေါက်ကြောင်းရအောင် နှုတ်လုံခဲ့တာမို့ ဦးအောင်ဝင်းဇော်ရဲ့ အထူး ယုံကြည်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။
ဒါ့ပြင်ဦးအောင်စိုးဟာ ၁၉၈၈ ခုနှစ်မတိုင်မီက စစ်တပ်ထဲမှာ နှစ်နှစ်မျှဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ၊ ကရာတေးသိုင်းအတတ်ပညာကို ကောင်းမွန်စွာတတ်မြောက်ထားတာနဲ့ အခုအချိန်အထိ သူ့ခန္ဓာကိုယ်သည် တိုက်ခိုက်နိုင်လောက်အောင် တောင့်တင်းသန်မာနေဆဲဖြစ်တာ၊ နောက်ပြီး ထောင်တွင်းကာလမှာ သဘောထားတင်းမာစွာနေထိုင်တတ်သူဖြစ်တာ စတဲ့အကြောင်းတွေ ကြောင့် သူ့ကို ဦးအောင်ဝင်းဇော်က လူသတ်လုပ်ကြံဖို့အလုပ်ကို ယုံကြည်စွာ ကမ်းလှမ်းခဲ့တာလို့ ဦးအောင်စိုးကယုံကြည်နေတာပါ။
“ဦးကိုနီလုပ်ကြံရအောင် အောင်ဝင်းဇော်ရော၊ ကြည်လင်းရော ဘာမှဆက်စပ်စရာမရှိဘူး။ သူတို့နောက်ကွယ်က ငွေပေးခိုင်းလို့လုပ်တာ။ ကျနော်ယုံကြည်တယ် သူ့နောက်မှာအကောင်ကြီးတွေပဲ” ဟု ဦးအောင်စိုးကဆိုပါတယ်။
ဦးကိုနီလုပ်ကြံမှုဟာ နိုင်ငံရေးအရလုပ်ကြံမှုဖြစ်တယ်လို့ ပြည်သူတွေကြားမှာ ယူဆနေတာရှိပြီး၊ နိုင်ငံတော်သမ္မတရုံးကလည်း ဒါဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင်ရည်ရွယ်လုပ်ဆောင်တာလို့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိလိုက်ပြီးတဲ့နောက် သူ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်ဖမ်းမိရေးအတွက် ပြည်သူများကမျှော်လင့်နေကြပါတယ်။
http://www.myanmar-now.org/my/news/i/…
Loading...