Breaking News




Loading...




http://www.thadinatin.com/


ဦးကိုနီကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံစဉ် သေနတ်သံကို နားနဲ့အနီးကပ်ဆုံးကြားခဲ့ရတဲ့ဦးကိုနီရဲ့မြေးဖြစ်သူ
ကျန်းမာရေးအခြေအနေစောင့်ကြည့်နေရဆဲဖြစ်တယ်လို ့ ဦးကိုနီ ရဲ့သမီးဒေါက်တာရီနွယ်ခိုင်ကပြောပါတယ်။

ဒဏ်ရာအနာတရ ဘာမှမဖြစ်ခဲ့ပေမယ့်
သေနတ်သံက ကျယ်တော့ နားစည်ထိခိုက်သွားတာဖြစ်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနိုင်ကြောင်းစိတ်ရောဂါ ကုဆရာဝန်က ပြောပြပါတယ်။

လက်ရှိအချိန်မှာ သူဟာသူ ငြိမ်နေလိုက် ချက်ချင်းမျက်ရည်တွေကျပြီးအော်ငိုလိုက် မျိုးဖြစ်နေပြီး ဒီကိစ္စအကြောင်းကို လူကြီးတွေ ပြောဆိုသံကြားတဲ့အခါ လှမ်းနားထောင်တာမျိုးကြောင့်အတတ်နိုင်ဆုံး အဲဒီအကြောင်းတွေ မသိရအောင် ထားထားတယ်လို ့ ဒေါက်တာရီနွယ်ခိုင်က ပြောပါတယ်။

ဦးကိုနီဟာ ရန်ကုန်လေဆိပ်မှာ အသက် ၂ နှစ် ၂ လသာရှိသေးတဲ့ မြေးဖြစ်သူကို ပွေ့ချီထားစဉ် သေနတ်သမားက အနီးကပ် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်
Loading...