Breaking News


ဦးကုိနီ သတ္ျဖတ္ခံရမႈ ရဲတပ္ဖြဲ႔ကုိ ဦးတင္ဦး ျပစ္တင္ေဝဖန္


Loading...

ေရွ႕ေန ဦးကုိနီ ကုိ ရန္ကုန္ေလဆိပ္မွာ သတ္ျဖတ္ခံခဲ့ရမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ရဲ႕လုပ္ကုိင္ေဆာင္ရြက္ေနပုံေတြဟာ အင္မတန္အားနည္းၿပီးေႏွးေ ကြးေနတဲ့အတြက္ အခ်ိန္ၾကာလာတာနဲ႔အမွ် အမႈမွန္ေပၚေပါက္ေရးကုိ ထိခုိက္ႏုိင္တယ္လုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း NLD နာယက သူရဦးတင္ဦး ကျ ပစ္တင္ေဝဖန္လုိက္ပါတယ္။

ေလဆိပ္လုံျခဳံေရး ပ်က္ကြက္ခဲ့မႈအတြက္ သက္ဆုိင္သူေတြကုိ ထိေရာက္စြာ အေရးယူဖုိ႔လုိသလုိ လူထုကုိ သတင္းမွန္ေတြ အခ်ိန္နဲ႔တေျပးညီ ထုတ္ျပန္အသိေပးဖုိ႔လည္း အာဏာပုိင္ေတြမွာ တာဝန္ရွိတယ္လုိ႔ သူကေျပာပါတယ္။

ဦးကုိနီဟာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဥပေဒေရးရာ တာဝန္ေပးအပ္မႈေတြကုိ အေကာင္အထည္ေဖၚ လုပ္ကုိင္ေဆာင္ရြက္ေနသူျဖစ္ၿပီး ျပန္ၾကားေရးဝန္ႀကီး ဦးေဖျမင့္နဲ႔ တျခားႏုိင္ငံေတာ္ အဆင့္ျမင့္အရာရွိေတြလုိက္ပါတဲ့ အခုေနာက္ဆုံး ခရီးစဥ္ဟာလည္း ျမန္မာျပည္မွာ လူမ်ိဳးဘာသာေပါင္းစုံ အတူယွဥ္တြဲေနထုိင္ေရးအတြက္ ႏုိင္ငံျခားမွာ သြားေရာက္ေလ့လာတ့ဲ ထိပ္တန္းခရီးစဥ္ျဖစ္တယ္လုိ႔ RFA ကုိ မေန႔ညပုိင္းမွာ သူကေျပာၾကားခဲ့ပါတယ္။
"သင္တန္းဗ်ာ ေအာက္ေျခကစၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အထိ အပင္ပန္းခံၿပီးေတာ့ ရန္ကုန္မွာမရွိဘူး သူက ရံဖန္ရံခါ ေဒၚေအာင္ဆန္းစုၾကည္ဆီ ေဆာင္ရြက္စရာရွိလို႔ တိုင္ပင္စရာရွိလို႔ေခၚရင္ သူ႔ခဗ်ာ အဲ့ကိုလည္းေျပးရတယ္၊ ေနာက္ႏိုင္ငံတကာနဲ႔ ပတ္သက္တဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ နားလည္ေအာင္ သိေအာင္ေျပာဖို႔လုပ္ဖို႔ဆိုရင္လည္း အစည္းအေဝးေတြမွာ အဖြဲ႔နဲ႔သြားတယ္၊ အခုလည္းပဲဗ်ာ အျမင့္ဆံုးအဖြဲ႔ေပါ့ဗ်ာ ဦးေဖျမင့္ ေခါင္းေဆာင္ၿပီးသြားတဲ့ အစၥလာမ္ဘာသာကိုးကြယ္တဲ့ တိုင္းျပည္ႏိုင္ငံအသီးသီးေပါ့ဗ်ာ နားလည္သေဘာေပါက္ေအာင္သြားၾကဖို႔ ေနာက္ၿပီးဟိုမွာလည္းပဲ ဒီကိစၥနဲ႔ပတ္သက္လို႔ သူတို႔အရင္တုန္းက ဘာသာေရးအရျဖစ္ခဲ့တဲ့ေနရာေတြရွိတယ္၊ အဲ့မွာျဖစ္တုန္းကျဖစ္ၿပီးေတာ့ ကိုင္တြယ္တဲ့ေနရာမွာ ေအးခ်မ္းၿပီးေတာ့ ေနာက္ပိုင္းမွာတေယာက္နဲ႔တေယာက္ ယံုယံုၾကည္ၾကည္နဲ႔ ဆက္လက္ၿပီးေတာ့ ႏွစ္အၾကာႀကီးေနလာတဲ့ကိစၥေတြကို ေလ့လာဖို႔သြားၾကတာပဲ" ဦးကုိနီ ေသဆုံးမႈဟာ ႏုိင္ငံအတြက္ ဆုံးရွဳံးမႈႀကီးတခုျဖစ္သလုိ အခုလူသတ္မႈမွာ အသက္အေသခံၿပီး တရားခံကုိ ဖမ္းဆီးေပးခဲ့တဲ့ အငွားယဥ္ေမာင္းသူ ဦးေနဝင္းကုိလည္း ဂုဏ္ျပဳရမွာျဖစ္တယ္လုိ႔ ဦးတင္ဦး က ေျပာပါတယ္။

 NLD ရုံးခ်ဳပ္မွာ လုံျခဳံေရးတုိးျမွင့္ဖုိ႔အတြက္ မေန႔က တုိင္ပင္ေဆြးေႏြးၾကျပီး အစီအစဥ္ေတြ ခ်မွတ္ခဲ့တယ္လုိ႔လည္း သိရပါတယ္။

ဦးတင္ဦးနဲ႔ RFA အဖြဲ႔သား ဦးခင္ေမာင္စုိး ဆက္သြယ္ေမးျမန္းထားတာကုိ နားဆင္ပါ။


ရှေ့နေ ဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့လုပ်ကိုင်ဆောင်ရွက်နေပုံတွေဟာ အင်မတန်အားနည်းပြီးနှေးေ ကွးနေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေးကို ထိခိုက်နိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦး ကြ ပစ်တင်ဝေဖန်လိုက်ပါတယ်။

လေဆိပ်လုံခြုံရေး ပျက်ကွက်ခဲ့မှုအတွက် သက်ဆိုင်သူတွေကို ထိရောက်စွာ အရေးယူဖို့လိုသလို လူထုကို သတင်းမှန်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်အသိပေးဖို့လည်း အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ သူကပြောပါတယ်။

ဦးကိုနီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေရေးရာ တာဝန်ပေးအပ်မှုတွေကို အကောင်အထည်ဖေါ် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ တခြားနိုင်ငံတော် အဆင့်မြင့်အရာရှိတွေလိုက်ပါတဲ့ အခုနောက်ဆုံး ခရီးစဉ်ဟာလည်း မြန်မာပြည်မှာ လူမျိုးဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအတွက် နိုင်ငံခြားမှာ သွားရောက်လေ့လာတဲ့ ထိပ်တန်းခရီးစဉ်ဖြစ်တယ်လို့ RFA ကို မနေ့ညပိုင်းမှာ သူကပြောကြားခဲ့ပါတယ်။
"သင်တန်းဗျာ အောက်ခြေကစပြီး လွှတ်တော်ကိုယ်စားလှယ်အထိ အပင်ပန်းခံပြီးတော့ ရန်ကုန်မှာမရှိဘူး သူက ရံဖန်ရံခါ ဒေါ်အောင်ဆန်းစုကြည်ဆီ ဆောင်ရွက်စရာရှိလို့ တိုင်ပင်စရာရှိလို့ခေါ်ရင် သူ့ခဗျာ အဲ့ကိုလည်းပြေးရတယ်၊ နောက်နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နားလည်အောင် သိအောင်ပြောဖို့လုပ်ဖို့ဆိုရင်လည်း အစည်းအဝေးတွေမှာ အဖွဲ့နဲ့သွားတယ်၊ အခုလည်းပဲဗျာ အမြင့်ဆုံးအဖွဲ့ပေါ့ဗျာ ဦးဖေမြင့် ခေါင်းဆောင်ပြီးသွားတဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ တိုင်းပြည်နိုင်ငံအသီးသီးပေါ့ဗျာ နားလည်သဘောပေါက်အောင်သွားကြဖို့ နောက်ပြီးဟိုမှာလည်းပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အရင်တုန်းက ဘာသာရေးအရဖြစ်ခဲ့တဲ့နေရာတွေရှိတယ်၊ အဲ့မှာဖြစ်တုန်းကဖြစ်ပြီးတော့ ကိုင်တွယ်တဲ့နေရာမှာ အေးချမ်းပြီးတော့ နောက်ပိုင်းမှာတယောက်နဲ့တယောက် ယုံယုံကြည်ကြည်နဲ့ ဆက်လက်ပြီးတော့ နှစ်အကြာကြီးနေလာတဲ့ကိစ္စတွေကို လေ့လာဖို့သွားကြတာပဲ" ဦးကိုနီ သေဆုံးမှုဟာ နိုင်ငံအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်သလို အခုလူသတ်မှုမှာ အသက်အသေခံပြီး တရားခံကို ဖမ်းဆီးပေးခဲ့တဲ့ အငှားယဉ်မောင်းသူ ဦးနေဝင်းကိုလည်း ဂုဏ်ပြုရမှာဖြစ်တယ်လို့ ဦးတင်ဦး က ပြောပါတယ်။

 NLD ရုံးချုပ်မှာ လုံခြုံရေးတိုးမြှင့်ဖို့အတွက် မနေ့က တိုင်ပင်ဆွေးနွေးကြပြီး အစီအစဉ်တွေ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။


ဦးတင်ဦးနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

RFA Burmese
https://www.facebook.com/rfaburmese/
Loading...