Breaking News


ဦးေအာင္စုိးကုိ စီအုိင္ဒီက ဘာေတြ ေခၚယူ စစ္ေဆးေမးျမန္းခဲ့သလဲ

Loading...



ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၂၉ ရက္ေန႔က ရန္ကုန္ေလဆိပ္မွာ အန္အယ္လ္ဒီဗဟုိဥပေဒအႀကံေပး ဦးကုိနီ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရသလုိ ေသနတ္သမားကုိ လုိက္လံဖမ္းဆီးေပးတဲ့ ကုိေန၀င္းလည္း ေသဆုံးခဲ့ရပါတယ္။

ဒီလုပ္ႀကံမႈမွာ ေသနတ္သမား ဦးၾကည္လင္းကုိ ေနာက္ကြယ္ကေန ႀကိဳးကိုင္ခဲ့တယ္လုိ႔ သံသယရွိသူ ဗက (ေခၚ) ဦးေအာင္ဝင္းေဇာ္အေၾကာင္း ဦးေအာင္စိုးက မီဒီယာေတြကုိ ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။

ဦးေအာင္စုိးကုိ မႈခင္းစုံစမ္းစစ္ေဆးေရးဌာန (စီအုိင္ဒီ)က ေဖေဖာ္၀ါရီ ၈ ရက္ေန႔မွာ ေခၚယူေမးျမန္းခဲ့ပါတယ္။ စီအုိင္ဒီက ဘာေတြေခၚယူေမးျမန္းခဲ့သလဲ ဆုိတာေတြနဲ႔ပတ္သက္ၿပီး ဦးေအာင္စုိးကို ဒီဗြီဘီသတင္းေထာက္ ဦးေရႊေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး – ကိုေအာင္စိုးကို မေန႔က စီအိုင္ဒီက ေခၚေမးတယ္ ၾကားလို႔ပါဗ်ာ။ အက်ဳိးအေၾကာင္းေလး ေျပာျပေပးပါဗ်။

ေျဖ – ဟုတ္တယ္ အစ္ကို။ မေန႔က ၉ နာရီခဲြေလာက္ကေနၿပီး စီအိုင္ဒီ႐ံုးထဲမွာ က်ေနာ္ ေျပာလိုက္ရတာ ညေန ၃ နာရီေက်ာ္ထိပါပဲ။

ေမး – ဟုတ္ကဲ့။ ဘယ္သူက ေခၚေမးတာလဲခင္ဗ်။
ေျဖ – နာမည္ က်ေနာ္ မသိဘူးဘူးခင္ဗ်။ တခက္နဲ႔ တပြင့္ဗ်ာ။ ဗိုလ္မႉးအဆင့္ရွိတဲ့သူ တေယာက္ရယ္၊ ေဘးက အရပ္ဝတ္နဲ႔လူေတာ့ က်ေနာ္လည္း မသိဘူး။ ဗိုလ္မႉးအဆင့္ရွိတာလည္း ေဘးလူေမးၾကည့္လို႔ သိရတာ။ အားလံုးက အရပ္ဝတ္နဲ႔ခ်ည္းပဲ။

ေမး – ကိုေအာင္စိုးကို ဘာအဓိက ေမးလဲဗ်။

ေျဖ – က်ေနာ္ ဘယ္မွာေမြးခဲ့တယ္။ ဘယ္မွာ ေက်ာင္းတက္ခဲ့တယ္။ ဘယ္ႏွတန္းအထိ တက္ခဲ့တယ္။ ေထာင္ဘယ္ႏွႀကိမ္ က်ခဲ့တယ္။ ဘာအမႈနဲ႔ က်ခဲ့တယ္။ မႏၲေလးေထာင္မွာ ၾကည္လင္းတို႔၊ ေအာင္ဝင္းေဇာ္တို႔နဲ႔ ဘယ္ႏွခုႏွစ္မွာ ဆံုခဲ့တယ္။ သူတို႔ရဲ႕ ကိုယ္အမူရာ၊ ႏႈတ္အမူအရာ၊ စိတ္ေနသေဘာသဘာဝ ဘယ္လို လုပ္ရပ္ေလးေတြ ရွိတယ္။ က်ေနာ္႔ကို ဘာေတြ ေျပာခဲ့ဖူးလဲ။ ေနာက္ လက္ရွိ ေအာင္ဝင္းေဇာ္ က်ေနာ္႔ဆီ ဘယ္ႏွခုႏွစ္မွာ လာတယ္။ ဘာစကားေတြ ေျပာလဲ။ က်ေနာ္ ဘာျပန္ေျပာတယ္။ အဲဒီလို လက္ရွိ ဂ်ာနယ္မွာပါတဲ့ဟာေတြ အားလံုးကို က်ေနာ္ အတည္ျပဳၿပီး လက္မွတ္ထိုးေပးရတယ္။

ေမး – က်ေနာ္တို႔ မီဒီယာေတြကို ေျပာတာေတြကို သူတို႔က တရားဝင္ေခၚေမးၿပီးေတာ့ စစ္ခ်က္ယူတဲ့သေဘာေပါ့။

ေျဖ – ဟုတ္တယ္။ စစ္ခ်က္ယူတာ။ ဆိုလိုတာက အမႈတည္ေဆာက္ဖုိ႔အတြက္ စစ္ခ်က္ယူတာပါ။ က်ေနာ္႔ကို ေခၚၿပီး အကူအညီေတာင္းတဲ့သေဘာပါပဲ။

ေမး – အဲဒီေတာ့ ကိုေအာင္စိုး သူတို႔ ေမးတာပဲ ေျဖခ့ဲလား။ တျခားေရာ ဘာေတြ ေျပာေသးလဲ။

ေျဖ – သူတို႔ေမးတာပဲ က်ေနာ္ ေျဖခဲ့ပါတယ္။

ေမး – သူတို႔ကို ေအာင္ဝင္းေဇာ္တို႔၊ ၾကည္လင္းတို႔နဲ႔ပတ္သက္လို႔ေရာ အႀကံျပဳတာတို႔၊ ဘာတို႔၊ ဘယ္လိုလုပ္သင့္တယ္ဆိုတာ မေျပာခဲ့ဘူးလား ကိုယ့္အျမင္ေလးေတြေပါ့။
ေျဖ – ပြင့္ပြင့္လင္းလင္း ေျပာရရေတာ့ ေျပာခဲ့ပါတယ္ဗ်ာ။ ဆိုလိုတာက သူတုိ႔က တခ်ဳိ႕ကိစၥေလးေတြမွာ သူတို႔ သိတာ ရွိတယ္၊ မသိတာ ရွိတယ္။ က်ေနာ့္ကို တခ်ဳိ႕ပံုေလးေတြ ျပတယ္ဗ်ာ။ က်ေနာ္ မသိတာေလးေတြ ရွိတယ္။ တခ်ဳိ႕သတင္းေတြ ရိွတယ္။ က်ေနာ္ သိတာဆို သိတယ္ ေျပာမယ္၊ မသိတာဆို မသိဘူးေျပာမယ္လို႔။ ေနာက္ ကိစၥရွိလည္း က်ေနာ့္ကို ဆက္သြယ္ဖို႔ ေျပာထားတယ္။ သူတုိ႔လည္း က်ေနာ့္ကို လိုအပ္ရင္ ဆက္သြယ္ပါလိမ့္မယ္။

ေမး – ဟုတ္ကဲ့။ သူတို႔ဖမ္းထားတဲ့ လူႏွစ္ေယာက္နဲ႔ပတ္သက္လို႔ေရာ ဘာမ်ား ေျပာေသးလဲ။ ကိုေအာင္စိုးေရာ ေမးၾကည့္ေသးလား။

ေျဖ – က်ေနာ္ မေမးဘူးဗ်။ ဘာေၾကာင့္လဲဆိုေတာ့ မလိုအပ္ဘူးထင္လို႔ပါ။ ဒါ က်ေနာ္နဲ႔ မသက္ဆိုင္ေတာ့ဘူးေလ။ ဆိုလိုတဲ့သေဘာက က်ေနာ္လည္း သိတယ္၊ ခင္ဗ်ားတို႔လည္း အားလံုး သိေနၿပီပဲမဟုတ္လား။

ေမး – ကိုေအာင္စိုး အဲဒီမွာ ေနာက္ဆက္တဲြ ဖမ္းတာေတြ၊ သတင္းေတြထြက္တာေတြလည္း ရွိတယ္။ ကိုေအာင္စိုးေရာ အဲဒါနဲ႔ပတ္သက္ၿပီး ဘာေတြၾကားလဲ။

ေျဖ – ေနာက္ဆက္တဲြ လက္ရွိ ဖမ္းဆီးထားတာေတြေတာ့ က်ေနာ္ သတင္းၾကားတယ္။ က်ေနာ္ ထင္တယ္။ တပ္နဲ႔ ရဲ တဲြလိုက္ၿပီဆိုေတာ့ ဒီကိစၥကို ျပင္းျပင္းထန္ထန္ ႀကီးႀကီးမားမား လုပ္ကိုင္လိမ့္မယ္လို႔ က်ေနာ္႔တစ္ေယာက္တည္း သေဘာနဲ႔ သံုးသပ္တယ္ေနာ္။

ေမး – ေနာက္ ကိုေအာင္စိုးေရ၊ အခု ၾကည္လင္းတို႔၊ ေအာင္ဝင္းေဇာ္တို႔နဲ႔ ဘုရားခိုးဂိုဏ္းမွာ ပါတဲ့သူေတြေရာ အျပင္မွာ လြတ္ေနတာ အမ်ားႀကီး ရွိလား။

ေျဖ – ဒါကေတာ့ ေျပာလို႔မရဘူးဗ်။ အဲဒီဘုရားခိုးေတြနဲ႔ ရင္းႏွီးမႈရွိတယ္။ ဒါေပမယ့္ အဲဒီလူေတြ ပါဝင္၊ မပါဝင္ေတာ့ က်ေနာ္မသိတဲ့အတြက္ ေျပာလို႔မရဘူး။

ေမး – အစ္ကိုမသိတာေတာ့ ဟုတ္တယ္ေလ။ အႀကံေပးတာတို႔ ဘာတို႔ေကာ။ ဥပမာ သူတို႔နဲ႔ အရမ္းတြဲတဲ့ လူေတြဆိုရင္ 
ဘယ္လိုလူမ်ဳိးေတြရွိတယ္ ဘာညာဆိုတာ ရဲကိုေျပာ ခဲ့ေသးလား။

ေျဖ – တခ်ဳိ႕ကိစၥေတြက က်ေနာ္ေျပာလို႔မရဘူး။

ေမး – မီဒီယာကို ေျပာလို႔မရတာေပါ့။ ရဲကိုေတာ့ ေျပာခဲ့တယ္ေပါ့။

ေျဖ – တခ်ဳိ႕ကိစၥေလးေတြ က်ေနာ္ေျပာခဲ့တာေတာ့ ရွိတာေပါ့ေနာ္။

ေမး – အခုခ်ိန္မွာ ေပါက္ၾကားလို႔ မျဖစ္ေသးလို႔ မီဒီယာကို မေျပာေသးတာေပါ့ေနာ္။ သူတို႔ ဆက္စပ္တရားခံေတြဘာေတြ လြတ္သြားမွာစိုးလို႔ အစိုးရကလည္း မေျပာေသးတာ ေပါ့ေနာ္။

ေျဖ – ဟုတ္တယ္ ဟုတ္ပါတယ္။

ေမး – ဒါေပမယ့္ ကိုေအာင္စိုး တခုရွိတယ္။ အခု လူထုက ေ၀ဖန္တာက ခုခ်ိန္ထိ သတင္းစာ ရွင္းလင္းပြဲေလး တခုေတာင္ မလုပ္ဘူး။ ဥပမာ ေလဆိပ္မွာဆိုရင္ စီစီတီဗြီ မွာ မိလား၊ စီစီတီဗြီမွာ သူတို႔အသတ္ခံရတဲ့ ပံုေတြရလားဘာလား ဒီေလာက္ကေတာ့ လူထုကို ျပသင့္တယ္တို႔ ဘာတို႔ အစိုးရကို ေ၀ဖန္တာလည္း ရွိတယ္ဗ်။ ကိုေအာင္စိုး ေကာ ဘယ္လိုျမင္လဲ။

ေျဖ – က်ေနာ့္အျမင္ကေတာ့ ဒီကိစၥက နည္းနည္းႀကီးမားတဲ့အတြက္ ဒီပြဲကေတာ့ ခါတိုင္းပြဲေတြနဲ႔ မတူဘူးဗ်။ ခါတိုင္းပြဲေတြထက္ ပိုၿပီးထိထိေရာက္ေရာက္ေလး လုပ္မယ္လို႔ က်ေနာ္ယူဆတယ္။ ဘာလို႔လဲဆိုေတာ့ တပ္နဲ႔ ရဲနဲ႔ပူးေပါင္းၿပီးေတာ့ ဒီကိစၥေတြကို ကိုင္တြယ္မယ္လို႔ တရား၀င္ ႏိုင္ငံေတာ္ သမၼတ႐ံုးက ေၾကညာခ်က္ထုတ္ထားတာေလ။ အဲေတာ့ ဒီကိစၥကိုေတာ့ သူတို႔လုပ္လိမ့္မယ္ထင္တယ္။ လုပ္လို႔ရေအာင္လည္း က်ေနာ္ အေျခေနတခုကို ဖန္တီးေပးခဲ့တယ္ေလ။ အဲဒီအေပၚမွာ သူတို႔ဆက္ၿပီးေတာ့ လုပ္လိမ့္မယ္လို႔ က်ေနာ္ခန္႔မွန္းမိတယ္။
ေမး – ဒီတရားခံေတြ ေဖာ္ထုတ္တာကို ကိုေအာင္စိုးအျမင္ေပါ့ ဘယ္ေလာက္ေလာက္ ၾကာႏိုင္မယ္ထင္လဲ။ ၁ လၾကာႏိုင္လား၊ ၂ လ ၾကာႏိုင္လား။

ေျဖ – က်ေနာ့္အေနနဲ႔ ဘယ္ခန္႔မွန္းလို႔ ရမလဲဗ်ာ။ က်ေနာ္အဲေလာက္ အေနအထားမွ မရွိတာ။

ေမး – ေနာက္တခုကေလ တပ္နဲ႔ရဲနဲ႔ေပါင္းၿပီးလုပ္ေနတယ္။ တကယ္လည္း စစ္ေနတဲ့ ပံုစံမ်ဳိးေတြ႔ေနရေတာ့ တကယ့္ေနာက္ကြယ္က တရားခံေတြကို မိႏိုင္မယ္လို႔ ျမင္မိလား ေပါ့ဗ်ာ။

ေျဖ – အတိုင္းအတာ တခုအထိေတာ့ မိလိမ့္မယ္လို႔ ထင္ပါတယ္။

ေမး – ကိုေအာင္စိုး ဘာမ်ား ေျပာစရာရွိေသးလဲ။ အခုေကာ ထပ္ေခၚထားေသးလား ဒီေန႔။

ေျဖ – မေခၚပါဘူး။ ေနာက္လိုအပ္ရင္ေတာ့ သူတို႔ေခၚလိမ့္မယ္ထင္ပါတယ္။
Credit: dvb burmese


Unicode


ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီဗဟိုဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသလို သေနတ်သမားကို လိုက်လံဖမ်းဆီးပေးတဲ့ ကိုနေဝင်းလည်း သေဆုံးခဲ့ရပါတယ်။

ဒီလုပ်ကြံမှုမှာ သေနတ်သမား ဦးကြည်လင်းကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်လို့ သံသယရှိသူ ဗက (ခေါ်) ဦးအောင်ဝင်းဇော်အကြောင်း ဦးအောင်စိုးက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဦးအောင်စိုးကို မှုခင်းစုံစမ်းစစ်ဆေးရေးဌာန (စီအိုင်ဒီ)က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။ စီအိုင်ဒီက ဘာတွေခေါ်ယူမေးမြန်းခဲ့သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဦးအောင်စိုးကို ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ကိုအောင်စိုးကို မနေ့က စီအိုင်ဒီက ခေါ်မေးတယ် ကြားလို့ပါဗျာ။ အကျိုးအကြောင်းလေး ပြောပြပေးပါဗျ။

ဖြေ – ဟုတ်တယ် အစ်ကို။ မနေ့က ၉ နာရီခွဲလောက်ကနေပြီး စီအိုင်ဒီရုံးထဲမှာ ကျနော် ပြောလိုက်ရတာ ညနေ ၃ နာရီကျော်ထိပါပဲ။

မေး – ဟုတ်ကဲ့။ ဘယ်သူက ခေါ်မေးတာလဲခင်ဗျ။
ဖြေ – နာမည် ကျနော် မသိဘူးဘူးခင်ဗျ။ တခက်နဲ့ တပွင့်ဗျာ။ ဗိုလ်မှူးအဆင့်ရှိတဲ့သူ တယောက်ရယ်၊ ဘေးက အရပ်ဝတ်နဲ့လူတော့ ကျနော်လည်း မသိဘူး။ ဗိုလ်မှူးအဆင့်ရှိတာလည်း ဘေးလူမေးကြည့်လို့ သိရတာ။ အားလုံးက အရပ်ဝတ်နဲ့ချည်းပဲ။

မေး – ကိုအောင်စိုးကို ဘာအဓိက မေးလဲဗျ။

ဖြေ – ကျနော် ဘယ်မှာမွေးခဲ့တယ်။ ဘယ်မှာ ကျောင်းတက်ခဲ့တယ်။ ဘယ်နှတန်းအထိ တက်ခဲ့တယ်။ ထောင်ဘယ်နှကြိမ် ကျခဲ့တယ်။ ဘာအမှုနဲ့ ကျခဲ့တယ်။ မန္တလေးထောင်မှာ ကြည်လင်းတို့၊ အောင်ဝင်းဇော်တို့နဲ့ ဘယ်နှခုနှစ်မှာ ဆုံခဲ့တယ်။ သူတို့ရဲ့ ကိုယ်အမူရာ၊ နှုတ်အမူအရာ၊ စိတ်နေသဘောသဘာဝ ဘယ်လို လုပ်ရပ်လေးတွေ ရှိတယ်။ ကျနော့်ကို ဘာတွေ ပြောခဲ့ဖူးလဲ။ နောက် လက်ရှိ အောင်ဝင်းဇော် ကျနော့်ဆီ ဘယ်နှခုနှစ်မှာ လာတယ်။ ဘာစကားတွေ ပြောလဲ။ ကျနော် ဘာပြန်ပြောတယ်။ အဲဒီလို လက်ရှိ ဂျာနယ်မှာပါတဲ့ဟာတွေ အားလုံးကို ကျနော် အတည်ပြုပြီး လက်မှတ်ထိုးပေးရတယ်။

မေး – ကျနော်တို့ မီဒီယာတွေကို ပြောတာတွေကို သူတို့က တရားဝင်ခေါ်မေးပြီးတော့ စစ်ချက်ယူတဲ့သဘောပေါ့။

ဖြေ – ဟုတ်တယ်။ စစ်ချက်ယူတာ။ ဆိုလိုတာက အမှုတည်ဆောက်ဖို့အတွက် စစ်ချက်ယူတာပါ။ ကျနော့်ကို ခေါ်ပြီး အကူအညီတောင်းတဲ့သဘောပါပဲ။

မေး – အဲဒီတော့ ကိုအောင်စိုး သူတို့ မေးတာပဲ ဖြေခဲ့လား။ တခြားရော ဘာတွေ ပြောသေးလဲ။

ဖြေ – သူတို့မေးတာပဲ ကျနော် ဖြေခဲ့ပါတယ်။

မေး – သူတို့ကို အောင်ဝင်းဇော်တို့၊ ကြည်လင်းတို့နဲ့ပတ်သက်လို့ရော အကြံပြုတာတို့၊ ဘာတို့၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာ မပြောခဲ့ဘူးလား ကိုယ့်အမြင်လေးတွေပေါ့။
ဖြေ – ပွင့်ပွင့်လင်းလင်း ပြောရရတော့ ပြောခဲ့ပါတယ်ဗျာ။ ဆိုလိုတာက သူတို့က တချို့ကိစ္စလေးတွေမှာ သူတို့ သိတာ ရှိတယ်၊ မသိတာ ရှိတယ်။ ကျနော့်ကို တချို့ပုံလေးတွေ ပြတယ်ဗျာ။ ကျနော် မသိတာလေးတွေ ရှိတယ်။ တချို့သတင်းတွေ ရှိတယ်။ ကျနော် သိတာဆို သိတယ် ပြောမယ်၊ မသိတာဆို မသိဘူးပြောမယ်လို့။ နောက် ကိစ္စရှိလည်း ကျနော့်ကို ဆက်သွယ်ဖို့ ပြောထားတယ်။ သူတို့လည်း ကျနော့်ကို လိုအပ်ရင် ဆက်သွယ်ပါလိမ့်မယ်။

မေး – ဟုတ်ကဲ့။ သူတို့ဖမ်းထားတဲ့ လူနှစ်ယောက်နဲ့ပတ်သက်လို့ရော ဘာများ ပြောသေးလဲ။ ကိုအောင်စိုးရော မေးကြည့်သေးလား။

ဖြေ – ကျနော် မမေးဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မလိုအပ်ဘူးထင်လို့ပါ။ ဒါ ကျနော်နဲ့ မသက်ဆိုင်တော့ဘူးလေ။ ဆိုလိုတဲ့သဘောက ကျနော်လည်း သိတယ်၊ ခင်ဗျားတို့လည်း အားလုံး သိနေပြီပဲမဟုတ်လား။

မေး – ကိုအောင်စိုး အဲဒီမှာ နောက်ဆက်တွဲ ဖမ်းတာတွေ၊ သတင်းတွေထွက်တာတွေလည်း ရှိတယ်။ ကိုအောင်စိုးရော အဲဒါနဲ့ပတ်သက်ပြီး ဘာတွေကြားလဲ။

ဖြေ – နောက်ဆက်တွဲ လက်ရှိ ဖမ်းဆီးထားတာတွေတော့ ကျနော် သတင်းကြားတယ်။ ကျနော် ထင်တယ်။ တပ်နဲ့ ရဲ တွဲလိုက်ပြီဆိုတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကြီးကြီးမားမား လုပ်ကိုင်လိမ့်မယ်လို့ ကျနော့်တစ်ယောက်တည်း သဘောနဲ့ သုံးသပ်တယ်နော်။

မေး – နောက် ကိုအောင်စိုးရေ၊ အခု ကြည်လင်းတို့၊ အောင်ဝင်းဇော်တို့နဲ့ ဘုရားခိုးဂိုဏ်းမှာ ပါတဲ့သူတွေရော အပြင်မှာ လွတ်နေတာ အများကြီး ရှိလား။

ဖြေ – ဒါကတော့ ပြောလို့မရဘူးဗျ။ အဲဒီဘုရားခိုးတွေနဲ့ ရင်းနှီးမှုရှိတယ်။ ဒါပေမယ့် အဲဒီလူတွေ ပါဝင်၊ မပါဝင်တော့ ကျနော်မသိတဲ့အတွက် ပြောလို့မရဘူး။

မေး – အစ်ကိုမသိတာတော့ ဟုတ်တယ်လေ။ အကြံပေးတာတို့ ဘာတို့ကော။ ဥပမာ သူတို့နဲ့ အရမ်းတွဲတဲ့ လူတွေဆိုရင် 
ဘယ်လိုလူမျိုးတွေရှိတယ် ဘာညာဆိုတာ ရဲကိုပြော ခဲ့သေးလား။

ဖြေ – တချို့ကိစ္စတွေက ကျနော်ပြောလို့မရဘူး။

မေး – မီဒီယာကို ပြောလို့မရတာပေါ့။ ရဲကိုတော့ ပြောခဲ့တယ်ပေါ့။

ဖြေ – တချို့ကိစ္စလေးတွေ ကျနော်ပြောခဲ့တာတော့ ရှိတာပေါ့နော်။

မေး – အခုချိန်မှာ ပေါက်ကြားလို့ မဖြစ်သေးလို့ မီဒီယာကို မပြောသေးတာပေါ့နော်။ သူတို့ ဆက်စပ်တရားခံတွေဘာတွေ လွတ်သွားမှာစိုးလို့ အစိုးရကလည်း မပြောသေးတာ ပေါ့နော်။

ဖြေ – ဟုတ်တယ် ဟုတ်ပါတယ်။

မေး – ဒါပေမယ့် ကိုအောင်စိုး တခုရှိတယ်။ အခု လူထုက ဝေဖန်တာက ခုချိန်ထိ သတင်းစာ ရှင်းလင်းပွဲလေး တခုတောင် မလုပ်ဘူး။ ဥပမာ လေဆိပ်မှာဆိုရင် စီစီတီဗွီ မှာ မိလား၊ စီစီတီဗွီမှာ သူတို့အသတ်ခံရတဲ့ ပုံတွေရလားဘာလား ဒီလောက်ကတော့ လူထုကို ပြသင့်တယ်တို့ ဘာတို့ အစိုးရကို ဝေဖန်တာလည်း ရှိတယ်ဗျ။ ကိုအောင်စိုး ကော ဘယ်လိုမြင်လဲ။

ဖြေ – ကျနော့်အမြင်ကတော့ ဒီကိစ္စက နည်းနည်းကြီးမားတဲ့အတွက် ဒီပွဲကတော့ ခါတိုင်းပွဲတွေနဲ့ မတူဘူးဗျ။ ခါတိုင်းပွဲတွေထက် ပိုပြီးထိထိရောက်ရောက်လေး လုပ်မယ်လို့ ကျနော်ယူဆတယ်။ ဘာလို့လဲဆိုတော့ တပ်နဲ့ ရဲနဲ့ပူးပေါင်းပြီးတော့ ဒီကိစ္စတွေကို ကိုင်တွယ်မယ်လို့ တရားဝင် နိုင်ငံတော် သမ္မတရုံးက ကြေညာချက်ထုတ်ထားတာလေ။ အဲတော့ ဒီကိစ္စကိုတော့ သူတို့လုပ်လိမ့်မယ်ထင်တယ်။ လုပ်လို့ရအောင်လည်း ကျနော် အခြေနေတခုကို ဖန်တီးပေးခဲ့တယ်လေ။ အဲဒီအပေါ်မှာ သူတို့ဆက်ပြီးတော့ လုပ်လိမ့်မယ်လို့ ကျနော်ခန့်မှန်းမိတယ်။
မေး – ဒီတရားခံတွေ ဖော်ထုတ်တာကို ကိုအောင်စိုးအမြင်ပေါ့ ဘယ်လောက်လောက် ကြာနိုင်မယ်ထင်လဲ။ ၁ လကြာနိုင်လား၊ ၂ လ ကြာနိုင်လား။

ဖြေ – ကျနော့်အနေနဲ့ ဘယ်ခန့်မှန်းလို့ ရမလဲဗျာ။ ကျနော်အဲလောက် အနေအထားမှ မရှိတာ။

မေး – နောက်တခုကလေ တပ်နဲ့ရဲနဲ့ပေါင်းပြီးလုပ်နေတယ်။ တကယ်လည်း စစ်နေတဲ့ ပုံစံမျိုးတွေ့နေရတော့ တကယ့်နောက်ကွယ်က တရားခံတွေကို မိနိုင်မယ်လို့ မြင်မိလား ပေါ့ဗျာ။

ဖြေ – အတိုင်းအတာ တခုအထိတော့ မိလိမ့်မယ်လို့ ထင်ပါတယ်။

မေး – ကိုအောင်စိုး ဘာများ ပြောစရာရှိသေးလဲ။ အခုကော ထပ်ခေါ်ထားသေးလား ဒီနေ့။

ဖြေ – မခေါ်ပါဘူး။ နောက်လိုအပ်ရင်တော့ သူတို့ခေါ်လိမ့်မယ်ထင်ပါတယ်။

Credit: dvb burmese
Loading...