မုပြန္နယ္ေျမရဲစခန္းတြင္ အခ်ဳပ္သားေလးဦး အခ်ဳပ္ခန္းေဖာက္ထြက္ေျပး - Thadinatin

Breaking News

မုပြန္နယ္ေျမရဲစခန္းတြင္ အခ်ဳပ္သားေလးဦး အခ်ဳပ္ခန္းေဖာက္ထြက္ေျပး


Loading...



ေမာ္လၿမိဳင္၊ ေဖေဖၚဝါရီ ၄။ ။ေမာ္လၿမိဳင္ၿမိဳ႕၊ မုပြန္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးအမႈျဖင့္ ဖမ္းဆီးထားသည့္ အမ်ိဳးသားသုံးဦးႏွင့္ ခိုးမႈျဖင့္ ဖမ္းဆီးထားသည့္ အမ်ိဳးသားတစ္ဦး ေဖေဖာ္ဝါရီ ၄ ရက္ေန႔ နံနက္ ၁ နာရီခန္႔က အခ်ဳပ္ခန္းက ေဖာက္ထြက္ကာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း မြန္ျပည္နယ္ရဲတပ္ဖဲြ႕မွ တာဝန္ရွိရဲအရာရွိ တစ္ဦးက အတည္ျပဳ ဟသၤာမီဒီယာသို႔ ေျပာၾကားသည္။

အခ်ဳပ္ခန္းေဖာက္ေျပးသူ ေလးဦးထဲတြင္ ခိုးမႈျဖင့္ ဖမ္းဆီးထားသည့္ ကိုမ်ဳိးေဇာ္ကို ယေန႔ ေဖေဖာ္ဝါရီ နံနက္ ၁၁ နာရီခန္႔တြင္ ျပန္လည္ဖမ္းဆီးရမိခ့ဲေၾကာင္းႏွင့္ ၎ကို ေရႊၿမိဳင္သီရိရပ္ကြက္ ေညာင္ပင္ဆိပ္ကမ္းနားတြင္ ရွာေဖြေတြ႕ရွိခဲ့ၿပီး ကိုမ်ဳိးေဇာ္ကို ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ကိုယ္တိုင္ စစ္ေဆးေမးျမန္းလ်က္ရွိ ေၾကာင္းသိရသည္။

သတင္း - ေခတ္မင္း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

ဗဟုသုတအျဖစ္ဖတ္ရန္ >>>လိင္မဆက္ဆံခင္ ဒီ ၁၀ ခ်က္ မလုပ္မိရင္ ေနာင္တရေကာင္းရႏုိင္ပါတယ္။


မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၄။ ။မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် အမျိုးသားသုံးဦးနှင့် ခိုးမှုဖြင့် ဖမ်းဆီးထားသည့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အချုပ်ခန်းက ဖောက်ထွက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိ တစ်ဦးက အတည်ပြု ဟင်္သာမီဒီယာသို့ ပြောကြားသည်။
အချုပ်ခန်းဖောက်ပြေးသူ လေးဦးထဲတွင် ခိုးမှုဖြင့် ဖမ်းဆီးထားသည့် ကိုမျိုးဇော်ကို ယနေ့ ဖေဖော်ဝါရီ နံနက် ၁၁ နာရီခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းကို ရွှေမြိုင်သီရိရပ်ကွက် ညောင်ပင်ဆိပ်ကမ်းနားတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ကိုမျိုးဇော်ကို ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် စစ်ဆေးမေးမြန်းလျက်ရှိ ကြောင်းသိရသည်။
သတင်း - ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
Loading...