Breaking News


သိန်း ၇၀ ပေးပြီး ဇနီးကို သတ်ခိုင်းတယ်ဆိုတဲ့အမှု ၊ သက်သေခံစာရွက်စာတမ်းလိုအပ်ချက်ကြောင့် အမိန့် ချရက်ရွှေ့ဆိုင်း


Loading...


ဓားထိုးမှုကို မသင်္ကာလို့ စုံစမ်းရာက ကျပ် သိန်း ၇၀ အကုန်ခံပြီး ဇနီးကို သတ်ခိုင်း တယ်ဆိုတဲ့အမှုမှာ ဖုန်းအဆက်အသွယ်ရှိကြောင်း သက်သေခံ ပြန် ကြားစာတင်သွင်းဖို့ လိုအပ်ချက် ကြောင့် အ မိန့်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တယ် လို့ သိရ တယ်။

အမှုမှာ အဓိက အရေးပါတဲ့ သက်သေခံဖုန်းအချင်းချင်း အ ဆက်အသွယ်ရှိမရှိကို ပြန်ကြား ထားတဲ့ စီအိုင်ဒီပြန်ကြားစာကို သက်သေခံတင်သွင်းဖို့ ရုံးခေါ်သက်သေကို လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ် ပါ တယ်။

အနောက်ပိုင်းခရိုင် တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး (၈) တရားခွင်မှာ ပြစ်မှုကြီးအမှု အ မှတ် ၄၈/ ၂၀၁၅ တရားလို ဒေါ်နွယ်နွယ်က သိန်းထွန်းအောင် အပါအဝင်သုံးဦးကို အရေးယူပေးဖို့ တရားစွဲဆိုထားတာဖြစ် ပါတယ်။ တရားလို ပြသက်သေ ၁၀ ဦးခန့် စစ်ဆေးခဲ့ပြီး ပုဒ်မ အသီးသီးနဲ့ စွဲချက်တင်ခဲ့ကာ စွဲချက်တင် တရားခံ သုံးဦးစလုံး သက်သေအဖြစ် အစစ်ခံခဲ့ကာ တရားခံပြ သက်သေ ၁၀ ဦးခန့်ကို စစ်ဆေးခဲ့ပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း ဖော်ထုတ်ချက်အရ တိုက်လှေကား မှာ ဓားထိုးခံရတဲ့ အမျိုးသမီးအမှု ဖြစ်ပါတယ်။ စွဲချက်တင်တရားခံ (၃) ကျော်မင်းထွေး(ခ) ဖက်တီးက ဇနီးဖြစ်သူ မ … နဲ့ အိမ်ထောင်ရေး အဆင်မပြေလို့ တရားရုံးမှာ ကွာရှင်းဖို့ တရားရင်ဆိုင်နေရ ကြောင်း ၊ လူမိုက်ငှားလိုကြောင်း မျိုးသိန်း (ခ) စိန်လှိုင်ကို အကူ အညီတောင်း ရာက ဖြစ်လာတယ် လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရတယ်။

Author လူမွန်
Loading...