ျမန္မာျပည္အတြက္ အလြတ္စံုေထာက္လုပ္ငန္းတစ္ခု ဖြင့္လွစ္ၿပီ

_________________________________________________________

အမႈအခင္းမ်ားႏွင့္ပတ္ သက္၍ တရားခံႏွင့္ သက္ေသ ေပ်ာက္မ်ား၊ ပစၥည္းေပ်ာက္ စ သည့္ေပ်ာက္ဆံုးမႈမ်ားအျပင္ လူ သိမခံလုိေသာ အမႈကိစၥမ်ား စံု စမ္းေဖာ္ထုတ္ရန္ အလြတ္စံု ေထာက္လုပ္ငန္းတစ္ခု ဖြင့္လွစ္ ထားေၾကာင္း သတင္းရရွိသည္။ ‘ျမန္မာပထမ’ ကုမၸဏီဟု အမည္ေပးထားေသာ လုပ္ငန္းကို မႈခင္းတပ္ဖြဲ႕စီအုိင္ဒီမွ ရဲမွဴးႀကီးအၿငိမ္းစားအထိပါ၀င္ၿပီး အေတြ႕အႀကံဳရင့္က်က္ေသာ ရဲတပ္ဖြဲ႕၀င္ေဟာင္းမ်ား၊ ဥပေဒအရာရွိမ်ား စသည္တို႔ျဖင့္ ဖြဲ႕စည္းထားေၾကာင္း ျမန္မာပထမ အလြတ္တန္းစံုေထာက္လုပ္ငန္းကုမၸဏီ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးေဌးၫြန္႔က ေျပာသည္။

လက္ရွိတြင္ အဖြဲ႕၀င္အင္ အား သံုးဆယ္ေက်ာ္ရွိၿပီး ျပည္သူ မ်ား၏ အလုပ္လိုအပ္ခ်က္အရ ထပ္မံျဖည့္တင္းမည္ျဖစ္ကာ မွတ္ ပံုတင္မည္ျဖစ္ေၾကာင္း ဦးေဌး ၫြန္႔ကေျပာသည္။ သို႔ေသာ္ ယခုအခ်ိန္အထိ စံု စမ္းေဖာ္ထုတ္ရန္ အမႈအပ္သူမရွိ ေသးေၾကာင္း၊ လာေရာက္အလုပ္ အပ္သူရွိပါမွ စံုစမ္းေထာက္လွမ္း မည္ျဖစ္ေၾကာင္းဆိုသည္။ အဆုိပါအလြတ္စံုေထာက္ ကုမၸဏီႏွင့္ပတ္သက္၍ ရန္ကုန္ တိုင္းေဒသႀကီး လံုၿခံဳေရးႏွင့္ နယ္ စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ၎တို႔ထံ အ ေၾကာင္းၾကားထားျခင္း မရွိ ေၾကာင္းႏွင့္ ခြင့္ျပဳခ်က္ရယူၿပီးမွ သာ လုပ္ေဆာင္ရမည္ျဖစ္ ေၾကာင္း ေျပာၾကားသည္။ ယင္းသို႔ အလြတ္စံုေထာက္ လုပ္ကိုင္သည့္ လုပ္ငန္းမ်ားကို ယခင္က မၾကားဖူးေၾကာင္း ရန္ ကုန္တိုင္းရဲတပ္ဖြဲ႕မွ သိရသည္။

ရန္ကုန္ၿမိဳ႕တြင္ မႈခင္းမ်ား ျပားလာ၍ ပုဂၢလိကလံုၿခံဳေရးကုမၸ ဏီမ်ား မွတ္ပံုတင္ေစမည္ျဖစ္ၿပီး ပုဂၢလိကလံုၿခံဳေရး၀န္ထမ္းမ်ား အား လံုၿခံဳေရးသင္တန္းမ်ား ပို႔ခ် မည္ျဖစ္ေၾကာင္း ၂၀၁၆ ဒီဇင္ဘာ ၁၆ ရက္က ျပဳလုပ္ေသာ ရန္ကုန္ တိုင္းေဒသႀကီး လႊတ္ေတာ္အ စည္းအေ၀း၌ ရန္ကုန္တုိင္းလံု ၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ေျပာၾကားထားသည္။
ပုဂၢလိက လံုၿခံဳေရးကို ပိုမို ေကာင္းမြန္၍ စနစ္က်ေသာ အ ေျခအေနသို႔ ေဆာင္ရြက္ေပးႏိုင္ပါ ရန္ သက္ဆိုင္ရာဌာနမ်ားသို႔တိုက္ တြန္းထားေၾကာင္းအဆိုကို ရန္ ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အစည္းအေ၀းတြင္ ကိုကိုးကြၽန္း ၿမိဳ႕နယ္တိုင္းေဒသႀကီး လႊတ္ ေတာ္ကိုုယ္စားလွယ္ ဦးတင္၀င္း က အတည္ျပဳေပးရန္ မဲခြဲဆံုးျဖတ္ ရာ ကန္႔ကြက္သူမ်ားျပား၍ အဆို ႐ံႈးနိမ့္ခဲ့သည္။ ရန္ကုန္ၿမိဳ႕တြင္ ပုဂၢလိက လံုၿခံဳေရးကုမၸဏီ ၈၆ ခုရွိၿပီး မွတ္ ပံုတင္ထားသည့္ လံုၿခံဳေရးကုမၸဏီ ၃၂ ခုသာရွိေၾကာင္းသတင္းရရွိ သည္။
Credit : 7daydaily

အမှုအခင်းများနှင့်ပတ် သက်၍ တရားခံနှင့် သက်သေ ပျောက်များ၊ ပစ္စည်းပျောက် စ သည့်ပျောက်ဆုံးမှုများအပြင် လူ သိမခံလိုသော အမှုကိစ္စများ စုံ စမ်းဖော်ထုတ်ရန် အလွတ်စုံ ထောက်လုပ်ငန်းတစ်ခု ဖွင့်လှစ် ထားကြောင်း သတင်းရရှိသည်။ ‘မြန်မာပထမ’ ကုမ္ပဏီဟု အမည်ပေးထားသော လုပ်ငန်းကို မှုခင်းတပ်ဖွဲ့စီအိုင်ဒီမှ ရဲမှူးကြီးအငြိမ်းစားအထိပါဝင်ပြီး အတွေ့အကြုံရင့်ကျက်သော ရဲတပ်ဖွဲ့ဝင်ဟောင်းများ၊ ဥပဒေအရာရှိများ စသည်တို့ဖြင့် ဖွဲ့စည်းထားကြောင်း မြန်မာပထမ အလွတ်တန်းစုံထောက်လုပ်ငန်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးညွန့်က ပြောသည်။

လက်ရှိတွင် အဖွဲ့ဝင်အင် အား သုံးဆယ်ကျော်ရှိပြီး ပြည်သူ များ၏ အလုပ်လိုအပ်ချက်အရ ထပ်မံဖြည့်တင်းမည်ဖြစ်ကာ မှတ် ပုံတင်မည်ဖြစ်ကြောင်း ဦးဌေး ညွန့်ကပြောသည်။ သို့သော် ယခုအချိန်အထိ စုံ စမ်းဖော်ထုတ်ရန် အမှုအပ်သူမရှိ သေးကြောင်း၊ လာရောက်အလုပ် အပ်သူရှိပါမှ စုံစမ်းထောက်လှမ်း မည်ဖြစ်ကြောင်းဆိုသည်။ အဆိုပါအလွတ်စုံထောက် ကုမ္ပဏီနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ၎င်းတို့ထံ အ ကြောင်းကြားထားခြင်း မရှိ ကြောင်းနှင့် ခွင့်ပြုချက်ရယူပြီးမှ သာ လုပ်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။ ယင်းသို့ အလွတ်စုံထောက် လုပ်ကိုင်သည့် လုပ်ငန်းများကို ယခင်က မကြားဖူးကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင် မှုခင်းများ ပြားလာ၍ ပုဂ္ဂလိကလုံခြုံရေးကုမ္ပ ဏီများ မှတ်ပုံတင်စေမည်ဖြစ်ပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းများ အား လုံခြုံရေးသင်တန်းများ ပို့ချ မည်ဖြစ်ကြောင်း ၂၀၁၆ ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်သော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေး၌ ရန်ကုန်တိုင်းလုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားထားသည်။

ပုဂ္ဂလိက လုံခြုံရေးကို ပိုမို ကောင်းမွန်၍ စနစ်ကျသော အ ခြေအနေသို့ ဆောင်ရွက်ပေးနိုင်ပါ ရန် သက်ဆိုင်ရာဌာနများသို့တိုက် တွန်းထားကြောင်းအဆိုကို ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကိုကိုးကျွန်း မြို့နယ်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးတင်ဝင်း က အတည်ပြုပေးရန် မဲခွဲဆုံးဖြတ် ရာ ကန့်ကွက်သူများပြား၍ အဆို ရှုံးနိမ့်ခဲ့သည်။ ရန်ကုန်မြို့တွင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ၈၆ ခုရှိပြီး မှတ် ပုံတင်ထားသည့် လုံခြုံရေးကုမ္ပဏီ ၃၂ ခုသာရှိကြောင်းသတင်းရရှိ သည်။

Credit : 7daydaily
Loading...