Breaking News


အသက္(၅၀)ျပည့္ အထိမ္းအမွတ္ တစ္ကိုယ္ေတာ္ရွိုးပြဲလုပ္နိုင္ဖို႕ စီစၪ္ေနတဲ့ ဝါရင့္အဆိုေတာ္ ေကာ္နီနွင့္ ေတြ႔ဆုံျခင္း

Loading...


ဝါရင့္အဆိုေတာ္ ေကာ္နီအေနျဖင့္ အသက္(၅၀)ျပည့္အထိမ္းအမွတ္ တစ္ကိုယ္ေတာ္ရွိုးပြဲလုပ္နိုင္ဖို႕ စီစၪ္ေနတယ္လို႕ သိရေတာ့ 30th Dream Show မွာ စပြန္ဆာေပးတဲ့ ကုမၸဏီနွင့္ ပတ္သက္ၿပီး ျပသာနာရွိခဲ့တဲ့အတြက္ ေနာက္ထပ္လုပ္မယ့္ ရွိုးပြဲနဲ့ ပတ္သတ္ၿပီး ေမးျမန္းျဖစ္ခဲ့ပါတယ္။

ေမး။ ။ မေကာ္ရဲ့ လက္ရွိ အနုပညာလႈပ္ရွားမႈေလး ေျပာပါဦး။
ေျဖ။ ။ လက္ရွိမွာ သူငယ္ခ်င္းေတြနဲ့ ရန္ကုန္၊ မနၱေလးမွာ သူငယ္ခ်င္းေလးေယာက္ေပါင္းၿပီး 80 Classic Show ေလးလိုက္ေဖ်ာ္ေျဖျဖစ္တယ္။ ဒီပြဲဆို ကိုယ္တကယ္ဆိုခ်င္တဲ့ ရန္ကုန္၊ မနၱေလးမွာ ဆိုခြင့္ရတယ္။ ဒီနွစ္မွာ ဒီပြဲ ေလးကို ေက်နပ္တယ္။
ေမး။ ။ မေကာ္ One Lady Show ထပ္လုပ္ဖို႕ရွိတယ္လို႕ သိရတယ္။
ေျဖ။ ။ ဟုတ္တယ္။ အစ္မရဲ့အသက္ ေရႊရတုျပည့္လို႕ ေျပာမလား။ ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာ မေကာ္(၄၉) ျပည့္တယ္။ ဒီလာမယ့္ ဒီဇင္ဘာမွာ (၅၀)ျပည့္မွာေပါ့။ အဲေတာ့ ေရႊရတုျပည့္မွ လုပ္မလားစၪ္းစားေနတာ။

ေမး။ ။ အခုထပ္လုပ္မဲ့One Lady Show က မေကာ္အတြက္ ဘယ္နွစ္ႀကိမ္ေျမာက္ျဖစ္မလဲ။
ေျဖ။ ။ မေကာ္ရဲ့ အနုပညာသက္တမ္း(၁၀)ျပည့္မွာ One Lady Show က ေခတ္မစားေသးေတာ့ ဆုံခ်င္တယ္။ တစ္ကိုယ္ေတာ္ VCD အေခြထြက္လိုက္တယ္။ အဲ့တုန္းက အဲ့လိုထြက္ရင္ ဆရာႀကီးေပါ့။ ေနာက္ အနွစ္(၂၀) ျပည့္မွာ colorful ေကာ္နီဆိုၿပီး VCDဆို လုပ္တယ္။ ေနာက္မနွစ္က အနုပညာသက္တမ္း (၃၀) ျပည့္မွာ 30th Dream ေကာ္နီဆိုၿပီး ရွိုးလုပ္ခဲ့တယ္ေပါ့။ 30th Dream ေကာ္နီမွာ မိသားစုကိစၥေလးေတြ ရွိေနခဲ့တယ္။ စိတ္ရႈပ္စရာေတြ အမ်ားႀကီးရွိခဲ့တဲ့အတြက္ ဒီအေခြကိုလုပ္ဖို႕ ကမ္းလွမ္းေပမယ့္ မလုပ္ခဲ့ဘူး။ ဒီအေခြနဲ့ ပတ္သတ္ၿပီး စတိတ္ေပၚမွာ စပြန္ဆာပိုင္းနဲ့ပတ္သက္ၿပီး မေကာ္မလုပ္ခိုင္းတာကို လုပ္သြားတဲ့အခါမွာ မေကာ္အရမ္းစိတ္ထိခိုက္ခဲ့တယ္။ အခုခ်ိန္ထိ အဲ့အေခြကို ျပန္မၾကည့္ျဖစ္ခဲ့ဘူး။ ၾကည့္လိုက္တိုင္း စာတန္းႀကီး တစ္ခ်ိန္လုံး ထိုးေနတာေပါ့။ အဲ့ဒါေၾကာင့္ မၾကည့္ခ်င္ခဲ့ဘူး။

ေမး။ ။ 30th Dream နဲ့ ပတ္သက္ၿပီး အခုလိုျဖစ္ခဲ့တာမသိခဲဘူး။ဘာေၾကာင့္ ဒီလိုျဖစ္ခဲ့ရတာလဲ။
ေျဖ။ ။ မေကာ္က ဒီပြဲကိုလုပ္မယ္ဆိုေတာ့ မေကာ္ကို Samsaung က သိန္းကိုးဆယ္နဲ့ main sponser ေပး မယ္။ အမနဲ့အတူ ပါဝင္ေဖ်ာ္ေျဖမယ့္ အနုပညာရွင္ေတြကို ဖုန္းတစ္လုံးစီေပးမယ္ဆိုၿပီး ကမ္းလွမ္းခဲ့တယ္။ သူတို႕ က စတိတ္ရဲ့အေနာက္မွာ ေၾကာ္ျငာခြင့္ေတာင္းတယ္။ စတိတ္ေရွ့မွာက co-sponser က ေနရာအျပည့္ယူထား လို႕ သူတို႕မွာ ေၾကာ္ျငာစရာေနရာမရွိဘူးဆိုၿပီး သူတို႕က စတိတ္အေနာက္ မ်က္နွာစာကို ေတာင္းတာ။ မေကာ္ က်ေတာ့ မေကာ္ရဲ့ စတိတ္အေနာက္ဘက္အျခမ္းကို လုံးဝအထိမခံဘူး။ မေကာ္ အနွစ္သုံးဆယ္ျပည့္မွာ လုပ္ တဲ့ အမွတ္တရပြဲ။ ဒီပြဲျဖစ္ဖို႕ (၁၀)နွစ္ေလာက္ႀကိဳးစားရတာဆိုၿပီး မေကာ္က Samsaung ရဲ့ကမ္းလွမ္းမႈကို ျငင္း လိုက္တယ္။ မေကာ္ျငင္းေတာ့ တျခားအနုပညာရွင္ေတြလဲဖုန္းမရေတာ့ဘူးေပါ့။ေနာက္ မေကာ္ပြဲလုပ္ေတာ့ Co-sponser နဲ့ပဲ လုပ္ျဖစ္တယ္။ ပြဲမွာ co-sponser က LED သမားနဲ့ေပါင္းၿပီး စတိတ္ေနာက္မွာ သူတို႕ေၾကာ္ျငာကို ထိုးၾကတယ္။မေကာ္က ေရွ့မွာသီခ်င္းဆိုေနတာ ေက်ာေနာက္မွာဘာေတြထိုးၿပီး ေၾကျငာေနမွန္း မသိဘူး။ပြဲၿပီး မွ ျပန္ၾကည့္ေတာ့ သူတို႕က ေပါင္းၿပီးလုပ္ထားတာ အရမ္းစိတ္မေကာင္းျဖစ္မိတယ္။ ပထမက ကုမၸဏီကို တရား စြဲမလို႕ လုပ္ေသးတယ္။ ေနာက္ မေကာ္လဲ မအားတာနဲ့ မလုပ္ျဖစ္ေတာ့ဘူး။ ဒီပြဲျဖစ္ဖို႕ (၁၀)နွစ္ေလာက္ ႀကိဳးစား ရတာ။ အခုလို သူတို႕က သူတို႕အက်ိဳးအတြက္ လုပ္လိုက္ေတာ့ ဒါကိုစိတ္နာၿပီး 30th Dream ဆိုရင္ လုံးဝကိုျပန္ မၾကည့္ျဖစ္ေတာ့ဘူး။ ၾကည့္တိုင္း စိတ္ထိခိုက္ရတာ။

ေမး။ ။ ဒါဆိုမေကာ္အေနနဲ့ေနာက္ပိုင္းလုပ္မယ့္ ရွိုးေတြဆိုရင္ သတိထားဖို႕ တစ္ခုျဖစ္လာၿပီေပါ့။
ေျဖ။ ။ ေနာက္ဆို ကိုယ့္ဖာသာလုပ္ဖို႕ဆိုရင္ အရမ္းေၾကာက္သြားၿပီ။အဲ့ပြဲတုန္းကဆို ကိုယ္ကလွည့္ မၾကည့္နိုင္ တဲ့အခ်ိန္ကေလးေတြနဲ့ စာခ်ဳပ္ခ်ဳပ္ၿပီး လုပ္ျဖစ္သြားတာ။ အမွန္ေတာ့သူက co- sponser အဆင့္လဲ မဟုတ္ဘူး။ ဘာေစ်းမွလဲ ရတာမဟုတ္ဘဲ လုပ္သြားတာေပါ့။ဒါကိုယ့္က ပညာရသြားပါတယ္။တကယ္လုပ္မဲ့ အခ်ိန္က် ကိုယ့္ မွာ ပိုက္ဆံရွိရင္ ဘာစပြန္ဆာမွမယူဘဲ ကိုယ့္ဖာသာကိုယ္ လုပ္သြားမယ္။ ေနာက္ထပ္လုပ္မယ့္ ပြဲကေတာ့ အမွတ္တရအေနနဲ့ လုပ္ခ်င္တယ္။ က်န္းမာေရးလဲ ေကာင္းခ်င္တယ္။ 80 classic တုန္းကခုံေပါက္ၿပီးဆိုခ်င္တာ ခါးနာေနေတာ့ စိတ္က ခါးဘာျဖစ္မလဲဆိုတာပဲ စိတ္ထဲေရာက္ေနတာေပါ့။ မနၱေလးပြဲမွာေတာ့ သက္သာေနပါၿပီ။ တီးဝိုင္းအဖြဲ႔ေတြကိုလည္း အဲ့ေန့က်ရင္ ေရွာ့ပင္ပဲေလးဝတ္မွာဆိုၿပီး ႂကြားထားတာေပါ့။

ေမး။ ။ဘာမ်ားျဖည့္စြက္ေျပာခ်င္ေသးလဲ။
ေျဖ။ ။ နိုင္ငံေရးအေျခအေနက သိတဲ့အတိုင္းပဲေပါ့။ နိုင္ငံေရးသာသာယာယာျဖစ္ရင္ ရွိုးေလးလုပ္မယ္ေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ နိုင္ငံေရးေကာင္းမွ ျပည္သူေတြအဆင္ေျပမွာပါ။ ျပည္သူအဆင္ေျပမွ ကိုယ္ေတြ အနု ပညာရွင္ေတြလည္း အဆင္ေျပမွာပါ။

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင္။ 

အႏုပညာရပ္၀န္း, 
http://www.thadinatin.com/
thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ 
Unicode

ဝါရင့်အဆိုတော် ကော်နီအနေဖြင့် အသက်(၅၀)ပြည့်အထိမ်းအမှတ် တစ်ကိုယ်တော်ရှိုးပွဲလုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရတော့ 30th Dream Show မှာ စပွန်ဆာပေးတဲ့ ကုမ္ပဏီနှင့် ပတ်သက်ပြီး ပြသာနာရှိခဲ့တဲ့အတွက် နောက်ထပ်လုပ်မယ့် ရှိုးပွဲနဲ့ ပတ်သတ်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ မကော်ရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုလေး ပြောပါဦး။

ဖြေ။ ။ လက်ရှိမှာ သူငယ်ချင်းတွေနဲ့ ရန်ကုန်၊ မန္တလေးမှာ သူငယ်ချင်းလေးယောက်ပေါင်းပြီး 80 Classic Show လေးလိုက်ဖျော်ဖြေဖြစ်တယ်။ ဒီပွဲဆို ကိုယ်တကယ်ဆိုချင်တဲ့ ရန်ကုန်၊ မန္တလေးမှာ ဆိုခွင့်ရတယ်။ ဒီနှစ်မှာ ဒီပွဲ လေးကို ကျေနပ်တယ်။

မေး။ ။ မကော် One Lady Show ထပ်လုပ်ဖို့ရှိတယ်လို့ သိရတယ်။

ဖြေ။ ။ ဟုတ်တယ်။ အစ်မရဲ့အသက် ရွှေရတုပြည့်လို့ ပြောမလား။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မကော်(၄၉) ပြည့်တယ်။ ဒီလာမယ့် ဒီဇင်ဘာမှာ (၅၀)ပြည့်မှာပေါ့။ အဲတော့ ရွှေရတုပြည့်မှ လုပ်မလားစဉ်းစားနေတာ။

မေး။ ။ အခုထပ်လုပ်မဲ့One Lady Show က မကော်အတွက် ဘယ်နှစ်ကြိမ်မြောက်ဖြစ်မလဲ။

ဖြေ။ ။ မကော်ရဲ့ အနုပညာသက်တမ်း(၁၀)ပြည့်မှာ One Lady Show က ခေတ်မစားသေးတော့ ဆုံချင်တယ်။ တစ်ကိုယ်တော် VCD အခွေထွက်လိုက်တယ်။ အဲ့တုန်းက အဲ့လိုထွက်ရင် ဆရာကြီးပေါ့။ နောက် အနှစ်(၂၀) ပြည့်မှာ colorful ကော်နီဆိုပြီး VCDဆို လုပ်တယ်။ နောက်မနှစ်က အနုပညာသက်တမ်း (၃၀) ပြည့်မှာ 30th Dream ကော်နီဆိုပြီး ရှိုးလုပ်ခဲ့တယ်ပေါ့။ 30th Dream ကော်နီမှာ မိသားစုကိစ္စလေးတွေ ရှိနေခဲ့တယ်။ စိတ်ရှုပ်စရာတွေ အများကြီးရှိခဲ့တဲ့အတွက် ဒီအခွေကိုလုပ်ဖို့ ကမ်းလှမ်းပေမယ့် မလုပ်ခဲ့ဘူး။ ဒီအခွေနဲ့ ပတ်သတ်ပြီး စတိတ်ပေါ်မှာ စပွန်ဆာပိုင်းနဲ့ပတ်သက်ပြီး မကော်မလုပ်ခိုင်းတာကို လုပ်သွားတဲ့အခါမှာ မကော်အရမ်းစိတ်ထိခိုက်ခဲ့တယ်။ အခုချိန်ထိ အဲ့အခွေကို ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ကြည့်လိုက်တိုင်း စာတန်းကြီး တစ်ချိန်လုံး ထိုးနေတာပေါ့။ အဲ့ဒါကြောင့် မကြည့်ချင်ခဲ့ဘူး။

မေး။ ။ 30th Dream နဲ့ ပတ်သက်ပြီး အခုလိုဖြစ်ခဲ့တာမသိခဲဘူး။ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲ။

ဖြေ။ ။ မကော်က ဒီပွဲကိုလုပ်မယ်ဆိုတော့ မကော်ကို Samsaung က သိန်းကိုးဆယ်နဲ့ main sponser ပေး မယ်။ အမနဲ့အတူ ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင်တွေကို ဖုန်းတစ်လုံးစီပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ သူတို့ က စတိတ်ရဲ့အနောက်မှာ ကြော်ငြာခွင့်တောင်းတယ်။ စတိတ်ရှေ့မှာက co-sponser က နေရာအပြည့်ယူထား လို့ သူတို့မှာ ကြော်ငြာစရာနေရာမရှိဘူးဆိုပြီး သူတို့က စတိတ်အနောက် မျက်နှာစာကို တောင်းတာ။ မကော် ကျတော့ မကော်ရဲ့ စတိတ်အနောက်ဘက်အခြမ်းကို လုံးဝအထိမခံဘူး။ မကော် အနှစ်သုံးဆယ်ပြည့်မှာ လုပ် တဲ့ အမှတ်တရပွဲ။ ဒီပွဲဖြစ်ဖို့ (၁၀)နှစ်လောက်ကြိုးစားရတာဆိုပြီး မကော်က Samsaung ရဲ့ကမ်းလှမ်းမှုကို ငြင်း လိုက်တယ်။ မကော်ငြင်းတော့ တခြားအနုပညာရှင်တွေလဲဖုန်းမရတော့ဘူးပေါ့။နောက် မကော်ပွဲလုပ်တော့ Co-sponser နဲ့ပဲ လုပ်ဖြစ်တယ်။ ပွဲမှာ co-sponser က LED သမားနဲ့ပေါင်းပြီး စတိတ်နောက်မှာ သူတို့ကြော်ငြာကို ထိုးကြတယ်။မကော်က ရှေ့မှာသီချင်းဆိုနေတာ ကျောနောက်မှာဘာတွေထိုးပြီး ကြေငြာနေမှန်း မသိဘူး။ပွဲပြီး မှ ပြန်ကြည့်တော့ သူတို့က ပေါင်းပြီးလုပ်ထားတာ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ပထမက ကုမ္ပဏီကို တရား စွဲမလို့ လုပ်သေးတယ်။ နောက် မကော်လဲ မအားတာနဲ့ မလုပ်ဖြစ်တော့ဘူး။ ဒီပွဲဖြစ်ဖို့ (၁၀)နှစ်လောက် ကြိုးစား ရတာ။ အခုလို သူတို့က သူတို့အကျိုးအတွက် လုပ်လိုက်တော့ ဒါကိုစိတ်နာပြီး 30th Dream ဆိုရင် လုံးဝကိုပြန် မကြည့်ဖြစ်တော့ဘူး။ ကြည့်တိုင်း စိတ်ထိခိုက်ရတာ။

မေး။ ။ ဒါဆိုမကော်အနေနဲ့နောက်ပိုင်းလုပ်မယ့် ရှိုးတွေဆိုရင် သတိထားဖို့ တစ်ခုဖြစ်လာပြီပေါ့။

ဖြေ။ ။ နောက်ဆို ကိုယ့်ဖာသာလုပ်ဖို့ဆိုရင် အရမ်းကြောက်သွားပြီ။အဲ့ပွဲတုန်းကဆို ကိုယ်ကလှည့် မကြည့်နိုင် တဲ့အချိန်ကလေးတွေနဲ့ စာချုပ်ချုပ်ပြီး လုပ်ဖြစ်သွားတာ။ အမှန်တော့သူက co- sponser အဆင့်လဲ မဟုတ်ဘူး။ ဘာဈေးမှလဲ ရတာမဟုတ်ဘဲ လုပ်သွားတာပေါ့။ဒါကိုယ့်က ပညာရသွားပါတယ်။တကယ်လုပ်မဲ့ အချိန်ကျ ကိုယ့် မှာ ပိုက်ဆံရှိရင် ဘာစပွန်ဆာမှမယူဘဲ ကိုယ့်ဖာသာကိုယ် လုပ်သွားမယ်။ နောက်ထပ်လုပ်မယ့် ပွဲကတော့ အမှတ်တရအနေနဲ့ လုပ်ချင်တယ်။ ကျန်းမာရေးလဲ ကောင်းချင်တယ်။ 80 classic တုန်းကခုံပေါက်ပြီးဆိုချင်တာ ခါးနာနေတော့ စိတ်က ခါးဘာဖြစ်မလဲဆိုတာပဲ စိတ်ထဲရောက်နေတာပေါ့။ မန္တလေးပွဲမှာတော့ သက်သာနေပါပြီ။ တီးဝိုင်းအဖွဲ့တွေကိုလည်း အဲ့နေ့ကျရင် ရှော့ပင်ပဲလေးဝတ်မှာဆိုပြီး ကြွားထားတာပေါ့။

မေး။ ။ဘာများဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။ ။ နိုင်ငံရေးအခြေအနေက သိတဲ့အတိုင်းပဲပေါ့။ နိုင်ငံရေးသာသာယာယာဖြစ်ရင် ရှိုးလေးလုပ်မယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးကောင်းမှ ပြည်သူတွေအဆင်ပြေမှာပါ။ ပြည်သူအဆင်ပြေမှ ကိုယ်တွေ အနု ပညာရှင်တွေလည်း အဆင်ပြေမှာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ 

Loading...