Breaking News


ေက်ာက္ျဖဴ ပင္လယ္ျပင္အတြင္းမွ ပုပ္ပြေနေသာ ေရလုပ္သားတစ္ဦး၏ အေလာင္းေတြ႔ရွိ ျဖစ္စဥ္အား စံုစမ္းေန


Loading...

ရခုိင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕တြင္ ပင္လယ္ျပင္အတြင္းမွ ေမ်ာပါလာကာ ပုပ္ပြပ်က္စီးေနသည့္ ငါးဖမ္း ေရလုပ္သား အေလာင္းတစ္ေလာင္းေတြ႔ရွိခဲ႔ၿပီး ေသဆုံးမႈျဖစ္စဥ္မ်ားအား စိစစ္စစ္ေဆးေနေၾကာင္း ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမွ သိရွိရသည္။
အဆိုပါ အေလာင္းအား ေဖေဖာ္ဝါရီ (၅)ရက္နံနက္ပိုင္းက သံစစ္ျမစ္၀အတြင္းမွ ေမ်ာပါလာၿပီး င/လေပြ႔ ေခ်ာင္း အတြင္း ေတြ႔ရွိခဲ့ျခင္းျဖစ္ကာ ရဲစစ္ေဆးခ်က္မွတ္တမ္းမ်ားအရ အဆိုပါ ေသဆုံးသူမွာ ေက်ာက္ျဖဴၿမိဳ႕နယ္ မင္းဂံ ေက်းရြာအုပ္စု ေလာေတးေက်းရြာမွ ဦးေမာင္ထြန္းၾကည္(၄၆)ႏွစ္ျဖစ္ေၾကာင္း သိရသည္။
“သူက ေရလုပ္သားပါ။ ပင္လယ္ထဲမွာ ေရနစ္ေသဆုံးတယ္လို႔ စစ္ေဆးေတြ႔ ရွိရပါတယ္။”ဟု ေက်ာက္ျဖဴ ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ရဲထြန္းက ေျပာသည္။
သို႔ေသာ္လည္း ေသဆုံးသူ၏ အေလာင္းမွာ သြားမ်ား က်ိဳးေနေၾကာင္းႏွင့္ မ်က္ႏွာမ်ားတြင္ ဒဏ္ရာဟု ယူဆ ရသည့္ အရာမ်ားပါရွိေနျခင္းမ်ားေၾကာင့္  ေသမႈေသခင္းျဖစ္စဥ္မွာ ရုိးသားမႈ မရွိျခင္း၊ ေလွေပၚတြင္ ရန္ၿငိဳး ရန္ေတး(သို႔မဟုတ္) စကားမ်ားရန္ျဖစ္ရာမွ လုပ္ၾကံသတ္ျဖတ္ၿပီး ပင္လယ္ထဲသို႔ ပစ္ခ်လိုက္ျခင္းျဖစ္ ဟန္တူ ေၾကာင္း  ေလာေတးေက်းရြာမွ ေသဆုံးသူ ဦးေမာင္ထြန္းၾကည္၏ မိသားစု၀င္မ်ားက ေက်ာက္ျဖဴခရိုင္ ျပည္သူ႔ေဆးရုံႀကီးတြင္ ေဖေဖာ္ဝါရီ (၅)ရက္က ေျပာသည္။
“အေလာင္းက (၄) (၅)ရက္ေနမွ သိတယ္ဆိုေတာ့ သံသယေတာ့ ျဖစ္မိပါတယ္။ တကယ္လို႔ ဦးေမာင္ထြန္း ၾကည္ ပင္လယ္ထဲကို သူ႔အလိုလို က်သြားတယ္ဆိုရင္ ေနာက္သေဘၤာသားေတြ မျမင္ဘူးလား။ မသိဘူးလား။ ေမးခြန္းေတြ အမ်ားႀကီးရွိတယ္။ ကြ်န္ေတာ္႔အထင္က အခ်င္းခ်င္း ရန္ၿငိဳးရန္စေၾကာင့္(သို႔မဟုတ္) စကားမ်ား ရန္ျဖစ္ၿပီး လက္လြန္သြားလို႔ ေသဆုံးသြားတာလို႔ ထင္ပါတယ္။ အမႈေပၚမွာစုိးလုိ႔ ပင္လယ္ထဲကို ပစ္ခ်လိုက္တာ  လို႔လည္း သုံးသပ္ပါတယ္။”ဟု င/လေပြ႔ေက်းရြာမွ ရာအိမ္မွဴး ဦးေမာင္တင္ခ်မ္းက ေျပာသည္။   
ေသဆုံးသူ ဦးေမာင္ထြန္းၾကည္မွာ ေငြပင္လယ္ငါးဖမ္းကုမၸဏီမွ ငါးဖမ္းေလွစီးေရအမွတ္(131)မွ ေရလုပ္သား တစ္ဦးျဖစ္ၿပီး ေသဆုံးသူ၏ အေလာင္းႏွင့္ မိသားစု၀င္မ်ား သေဘၤာကုမၸဏီမွ လာေရာက္သတင္း ေမးျခင္း၊ ၾကည့္ရႈျခင္း မရွိေၾကာင္းႏွင့္ ေသမႈေသခင္းႏွင့္ ပတ္သက္၍ အမႈမွန္ ေပၚေပါက္ေရးအတြက္ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မိသားစု၀င္တို႔က ဆိုသည္။ 
အဆုိပါ အမႈအား ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမွ ေသမႈေသခင္းျဖစ္စဥ္ အမွတ္ ၈/၂၀၁၇ ျဖင့္ အမႈဖြင့္လွစ္ၿပီး စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမွ သိရသည္။


thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ 

Unicode
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပင်လယ်ပြင်အတွင်းမှ မျောပါလာကာ ပုပ်ပွပျက်စီးနေသည့် ငါးဖမ်း ရေလုပ်သား အလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး သေဆုံးမှုဖြစ်စဉ်များအား စိစစ်စစ်ဆေးနေကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရှိရသည်။
အဆိုပါ အလောင်းအား ဖေဖော်ဝါရီ (၅)ရက်နံနက်ပိုင်းက သံစစ်မြစ်ဝအတွင်းမှ မျောပါလာပြီး င/လပွေ့ ချောင်း အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကာ ရဲစစ်ဆေးချက်မှတ်တမ်းများအရ အဆိုပါ သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် မင်းဂံ ကျေးရွာအုပ်စု လောတေးကျေးရွာမှ ဦးမောင်ထွန်းကြည်(၄၆)နှစ်ဖြစ်ကြောင်း သိရသည်။
“သူက ရေလုပ်သားပါ။ ပင်လယ်ထဲမှာ ရေနစ်သေဆုံးတယ်လို့ စစ်ဆေးတွေ့ ရှိရပါတယ်။”ဟု ကျောက်ဖြူ မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲထွန်းက ပြောသည်။
သို့သော်လည်း သေဆုံးသူ၏ အလောင်းမှာ သွားများ ကျိုးနေကြောင်းနှင့် မျက်နှာများတွင် ဒဏ်ရာဟု ယူဆ ရသည့် အရာများပါရှိနေခြင်းများကြောင့်  သေမှုသေခင်းဖြစ်စဉ်မှာ ရိုးသားမှု မရှိခြင်း၊ လှေပေါ်တွင် ရန်ငြိုး ရန်တေး(သို့မဟုတ်) စကားများရန်ဖြစ်ရာမှ လုပ်ကြံသတ်ဖြတ်ပြီး ပင်လယ်ထဲသို့ ပစ်ချလိုက်ခြင်းဖြစ် ဟန်တူ ကြောင်း  လောတေးကျေးရွာမှ သေဆုံးသူ ဦးမောင်ထွန်းကြည်၏ မိသားစုဝင်များက ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီ (၅)ရက်က ပြောသည်။
“အလောင်းက (၄) (၅)ရက်နေမှ သိတယ်ဆိုတော့ သံသယတော့ ဖြစ်မိပါတယ်။ တကယ်လို့ ဦးမောင်ထွန်း ကြည် ပင်လယ်ထဲကို သူ့အလိုလို ကျသွားတယ်ဆိုရင် နောက်သင်္ဘောသားတွေ မမြင်ဘူးလား။ မသိဘူးလား။ မေးခွန်းတွေ အများကြီးရှိတယ်။ ကျွန်တော့်အထင်က အချင်းချင်း ရန်ငြိုးရန်စကြောင့်(သို့မဟုတ်) စကားများ ရန်ဖြစ်ပြီး လက်လွန်သွားလို့ သေဆုံးသွားတာလို့ ထင်ပါတယ်။ အမှုပေါ်မှာစိုးလို့ ပင်လယ်ထဲကို ပစ်ချလိုက်တာ  လို့လည်း သုံးသပ်ပါတယ်။”ဟု င/လပွေ့ကျေးရွာမှ ရာအိမ်မှူး ဦးမောင်တင်ချမ်းက ပြောသည်။   
သေဆုံးသူ ဦးမောင်ထွန်းကြည်မှာ ငွေပင်လယ်ငါးဖမ်းကုမ္ပဏီမှ ငါးဖမ်းလှေစီးရေအမှတ်(131)မှ ရေလုပ်သား တစ်ဦးဖြစ်ပြီး သေဆုံးသူ၏ အလောင်းနှင့် မိသားစုဝင်များ သင်္ဘောကုမ္ပဏီမှ လာရောက်သတင်း မေးခြင်း၊ ကြည့်ရှုခြင်း မရှိကြောင်းနှင့် သေမှုသေခင်းနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိသားစုဝင်တို့က ဆိုသည်။ 
အဆိုပါ အမှုအား ကျောက်ဖြူမြို့မ ရဲစခန်းမှ သေမှုသေခင်းဖြစ်စဉ် အမှတ် ၈/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်

Loading...