Breaking News


၁၃ ႏွစ္အရြယ္ ၇ တန္းေက်ာင္းသူတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး


Loading...


ပဲခူူးတုိင္းေဒသႀကီးအေနာက္ပုိင္း ျပည္ခရုိင္ ေရႊေတာင္ၿမိဳ႕နယ္ ဆည္ႀကီးကုန္းအုပ္စု ေအာင္ေျမသာ ေက်းရြာတြင္ ၁၃ ႏွစ္အရြယ္ ၇ တန္းေက်ာင္းသူတစ္ဦးမွာ ေဖေဖာ္၀ါရီ ၁ ရက္က ႀကိဳးဆြဲခ်ေသဆုံးခဲ့ေၾကာင္း ျပည္ခရုိင္ရဲတပ္ဖြဲ႔မွဴးရုံးမွ သိရွိရသည္။

တာ၀န္ရွိသူမ်ားသြားေရာက္စစ္ေဆးရာတြင္ ေအာင္ေျမသာေက်းရြာ ၎၏ ေနအိမ္အိပ္ခန္းအတြင္း အျမင့္ ၇ ေပရွိ ၀ါးပုိး၀ါးထုတ္တန္းတြင္ ႏုိင္လြန္ႀကိဳးအား အသုံးျပဳ ႀကိဳးဆြဲခ်အေနအထားျဖင့္ ေသဆုံးေနသည္ကုိ ေတြ႔ရွိခဲ့ရေၾကာင္း သိရသည္။
“ဓမၼတာအတုိင္း ေသဆုံးခ်င္း ဟုတ္၊ မဟုတ္ စုံးစမ္းစစ္ေဆးတာေတြျပဳလုပ္ေနၿပီး ေသမႈေသခင္းအရ အမႈဖြင့္ထားပါတယ္။”ဟု ျပည္ခရုိင္ရဲတပ္ဖြဲ႔မွ ရဲအရာရွိကေျပာသည္။

 ေသဆုံးသူမိန္းကေလး၏ သူငယ္ခ်င္းျဖစ္သူ ေျပာျပခ်က္ခ်က္အရ ဇန္န၀ါရီ ၃၁ ရက္ညေနပုိင္းက စာသင္ ေက်ာင္းတြင္ သိပၸံစာအုပ္ေနာက္ေက်ာပုိင္းစာမ်က္ႏွာအလြတ္တြင္ ေကာင္းေလးတစ္ေယာက္၏ အခ်စ္ေရးႏွင့္ ပတ္သက္ေသာ စာသားမ်ားအား ၎တုိ႔ သူငယ္ခ်င္းအခ်င္းခ်င္းသိေစရန္ ေရးသားထားသည္ကုိ အတန္းပုိင္ ဆရာမက ေတြ႔ျမင္ၿပီး မိဘေခၚခုိင္းသျဖင့္ ဆူပူခံရမည္ကုိ ေၾကာက္ေသာေၾကာင့္ ယခုလုိျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း မေသဆုံးခင္ ေရးသားခဲ့ေသာစာႏွင့္ ဆက္စပ္၍ စုံစမ္းသိရွိရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆိုပါ မိန္းကေလး မေသဆုံးခင္မီတြင္ ထုိသုိ႔ျပဳလုပ္ခဲ႔မႈကို ၎အား မိဘမ်ားမွ ခြင့္လႊတ္ေပးၾကပါရန္ ေတာင္းပန္စာတစ္ေစာင္ကုိလည္း ေရးသားခဲ့ေသးေၾကာင္း ေဒသခံမ်ား၏ ေျပာေျပာျပခ်က္အရ သိရသည္။

 ေသဆုံးသူ မိန္းကေလး၏ လည္ပင္းတြင္ အညိဳအမဲႀကိဳးကြင္းဒဏ္ရာသာေတြ႔ရွိရၿပီး ျပင္ပဒဏ္ရာ မေတြ႔ရွိ ရေၾကာင္း ဓမၼတာအတုိင္းေသဆုံးျခင္း ဟုတ္၊ မဟုတ္ စစ္ေဆးရန္အတြက္ ေရႊေတာင္ၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္းအမွတ္ ၁/၂၀၁၇ ျဖင့္ အမႈဖြင့္ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper/

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု အောင်မြေသာ ကျေးရွာတွင် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူတစ်ဦးမှာ ဖေဖော်ဝါရီ ၁ ရက်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

တာဝန်ရှိသူများသွားရောက်စစ်ဆေးရာတွင် အောင်မြေသာကျေးရွာ ၎င်း၏ နေအိမ်အိပ်ခန်းအတွင်း အမြင့် ၇ ပေရှိ ဝါးပိုးဝါးထုတ်တန်းတွင် နိုင်လွန်ကြိုးအား အသုံးပြု ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ဓမ္မတာအတိုင်း သေဆုံးချင်း ဟုတ်၊ မဟုတ် စုံးစမ်းစစ်ဆေးတာတွေပြုလုပ်နေပြီး သေမှုသေခင်းအရ အမှုဖွင့်ထားပါတယ်။”ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိကပြောသည်။

 သေဆုံးသူမိန်းကလေး၏ သူငယ်ချင်းဖြစ်သူ ပြောပြချက်ချက်အရ ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းက စာသင် ကျောင်းတွင် သိပ္ပံစာအုပ်နောက်ကျောပိုင်းစာမျက်နှာအလွတ်တွင် ကောင်းလေးတစ်ယောက်၏ အချစ်ရေးနှင့် ပတ်သက်သော စာသားများအား ၎င်းတို့ သူငယ်ချင်းအချင်းချင်းသိစေရန် ရေးသားထားသည်ကို အတန်းပိုင် ဆရာမက တွေ့မြင်ပြီး မိဘခေါ်ခိုင်းသဖြင့် ဆူပူခံရမည်ကို ကြောက်သောကြောင့် ယခုလိုပြုလုပ်ရခြင်း ဖြစ်ကြောင်း မသေဆုံးခင် ရေးသားခဲ့သောစာနှင့် ဆက်စပ်၍ စုံစမ်းသိရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ မိန်းကလေး မသေဆုံးခင်မီတွင် ထိုသို့ပြုလုပ်ခဲ့မှုကို ၎င်းအား မိဘများမှ ခွင့်လွှတ်ပေးကြပါရန် တောင်းပန်စာတစ်စောင်ကိုလည်း ရေးသားခဲ့သေးကြောင်း ဒေသခံများ၏ ပြောပြောပြချက်အရ သိရသည်။

 သေဆုံးသူ မိန်းကလေး၏ လည်ပင်းတွင် အညိုအမဲကြိုးကွင်းဒဏ်ရာသာတွေ့ရှိရပြီး ပြင်ပဒဏ်ရာ မတွေ့ရှိ ရကြောင်း ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် ရွှေတောင်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁/၂၀၁၇ ဖြင့် အမှုဖွင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
Loading...