ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇန်န၀ါရီလအတွင်း ယာဉ်မတော်တဆ ၃၆ ကြိမ် ဖြစ်ပွား (၁၂) ဦးသေဆုံး

_________________________________________________________


ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း ယာဉ်မတော်တဆမှု (၃၆) မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
''ဇန်န၀ါရီသေဆုံးသူစာရင်းမှာ ကားတစီးမီးလောင်ပြီး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့် သေဆုံး သူဦးရေ များပြားခဲ့ရခြင်းဖြစ်ပါတယ်'' ဟု အမြန်လမ်းရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းများမှာ ယာဉ်မောင်းအိပ်ငိုက်ခြင်းနှင့် သတ်မှတ်မိုင်နှုန်းထက် အရှိန်မြင့်မောင်းနှင်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း မော်တော်ယာဉ်မတော်တဆအများဆုံ ဖြစ်ပွား တတ်သည့် နေရာ ၂၂ နေရာရှိကြောင်း အမြန်လမ်းထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ဇန်န၀ါရီလအတွင်း အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိသူ အမျိုးသား ၃၂ ဦး အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၆၅ ဦးရှိကြောင်း သိရသည်။
အမြန်လမ်းတလျှောက်တွင် ယာဉ်မတော်တဆမှုဖြစ်ပွား
မှုလျော့နည်းရေးအတွက် အရှိန်နှုန်းကိရိယာများနှင့် တိုင်းတာ၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှု နေ့ည ပြုလုပ်နေပါကြောင်း ထိုင်ခုံခါးပတ်မပတ်ခြင်း၊ စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်တွဲယာဉ်များ တက်ရောက်မောင်းနှင် မှုမရှိစေရေးနှင့် ကျွဲနွားများ မတက်ရောက်စေရေးတို့ကို အမြန်လမ်းပတ်ဝန်းကျင်ရှိကျေးရွာများသို့ ကွင်းဆင်း၍ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထွန်း (နေပြည်တော်)