ေအာင္၀င္းေဇာ္နဲ႔ ျမင့္ေဆြဟာ တစ္ေယာက္တည္း ဟုတ္၊ မဟုတ္


_________________________________________________________

ဦးကိုနီလုပ္ႀကံခံရမႈနဲ႔ပတ္သက္ျပီး  ဖမ္းဆီးရမိထားတဲ့ တရားခံေအာင္၀င္းေဇာ္ဟာ ေသနတ္သမား ၾကည္လင္းက ထြက္ဆုိတဲ့ ျမင့္ေဆြ ဟုတ္၊ မဟုတ္ အတည္မျပဳႏိုင္ေသးဘူးလို႔ သိရပါတယ္။
ဖမ္းဆီးရမိထားတဲ့ေအာင္၀င္းေဇာ္ဟာ ျမင့္ေဆြဟုတ္၊မဟုတ္ ေျပာလုိ႔မရေသးဘဲ အမႈကစစ္ေဆးေနတုန္း ျဖစ္တဲ့အတြက္ ဘာမွေျပာလုိ႔မရေသးဘူးလို႔  ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးၾကီးၾကည္လင္းက ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။ သံသယရွိသူတခ်ဳိ႕ကို ေခၚယူၿပီး စစ္ေဆးေနတာေတြလည္းရွိကာ က်န္တာေတြေတာ့ အခုေျပာလုိ႔ မရေသးပါဘူးလို႔ ရဲမွဴးႀကီးၾကည္လင္းက ေျပာထားပါတယ္။
ေသနတ္သမားၾကည္လင္းကို စစ္ေဆးေဖာ္ထုတ္ခ်က္ေတြနဲ႔ သိမ္းဆည္းရမိတဲ့ သက္ေသခံပစၥည္းေတြအရ ျပစ္မႈက်ဴးလြန္ရာမွာ  ပူးေပါင္းပါ၀င္သူတရားခံ ေအာင္၀င္းေဇာ္ကို ဇန္န၀ါရီ ၃၀ ရက္ နံနက္ ၄နာရီ မိနစ္ ၂၀ က သံလြင္တံတား(ဘားအံ)မွာ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။
ၾကည္လင္းရဲ႕ ထြက္ဆုိခ်က္ေၾကာင့္ ဦးကိုနီကို ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္မွာ ေသနတ္နဲ႔ ပစ္သတ္ဖို႔ ၫႊန္ၾကားခဲ့သူလို႔ သံသယရွိတဲ့ ျမင့္ေဆြကို ဖမ္းဆီးႏုိင္ဖို႔ ျမ၀တီနဲ႔ ဘားအံၿမိဳ႕ေတြက ျမင့္ေဆြအမည္တူ သံသယရွိသူေတြကို ရဲတပ္ဖြဲ႕က စစ္ေဆးလ်က္ရွိပါတယ္။
အစုိးရရဲ႕ တရား၀င္ထုတ္ ျပန္ခ်က္ေတြအရ ဖမ္းဆီးရမိတဲ့ တရားခံေတြဟာ ၾကည္လင္းနဲ႔ ေအာင္၀င္းေဇာ္ ျဖစ္ျပီး သမၼတ႐ုံးရဲ႕ ေနာက္ဆက္တြဲထုတ္ျပန္ခ်က္မွာလည္း ပူးေပါင္းပါ၀င္သူ တရားခံ  ျမင့္ေဆြလို႔ မသုံးဘဲ ေအာင္၀င္းေဇာ္လို႔သာ သံုးႏႈန္းခဲ့ပါတယ္။ျပစ္မႈက်ဴးလြန္ရာမွာ ပါ၀င္သူ ဆက္စပ္တရားခံေတြကို ဖမ္းဆီးရမိေရး ဆက္လက္စုံစမ္းေဖာ္ထုတ္ရရွိမႈအေျခအေနေတြေပၚ မူတည္ကာ ျပည္သူသို႔အသိေပးတင္ျပမွာျဖစ္တယ္လို႔  သမၼတ႐ုံးက ထုတ္ျပန္ထားပါတယ္။
ရန္ကုန္တုိင္းရဲမွဴးခ်ဳပ္၀င္းႏုိင္နဲ႔ ေဖေဖာ္၀ါရီ ၂ရက္ မြန္းလြဲက ေတြ႕ဆုံစဥ္ ေအာင္၀င္းေဇာ္ပုံျပသတဲ့အခါ  ျမင့္ေဆြနဲ႔ တစ္ေယာက္တည္းျဖစ္ေၾကာင္း ေျပာခဲ့တယ္လို႔ ဦးေအာင္စိုးက ေျပာပါတယ္။ တစ္ေယာက္စီလုိ႔ေျပာေပမဲ့  သူကေတာ့ တစ္ေယာက္တည္းပဲလုိ႔ေျပာလုိက္ျပီး က်န္တာေတာ့သူတုိ႔သေဘာထားပဲလို႔ ဦးေအာင္စုိးက ဆိုပါတယ္။
အြန္လုိင္းသတင္းေတြကို အတည္မယူဖို႔နဲ႔ တရား၀င္သတင္းေတြ ထုတ္ျပန္မွာျဖစ္ေၾကာင္း ရဲခ်ဳပ္ေဇာ္၀င္းက အခင္းျဖစ္ၿပီး ေလးရက္အၾကာမွာ လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။
သုိ႔ေသာ္လည္း အဆိုပါအမႈနဲ႔ပတ္သက္ျပီး  ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္မႈ တစ္စုံတစ္ရာမရွိဘဲ ႏုိင္ငံေတာ္သမၼတ႐ုံးကသာ ထုတ္ျပန္ခ်က္ႏွစ္ေစာင္ထုတ္ခဲ့ပါတယ္။
Photos & Source: 7Day Daily
Unicode
ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး  ဖမ်းဆီးရမိထားတဲ့ တရားခံအောင်ဝင်းဇော်ဟာ သေနတ်သမား ကြည်လင်းက ထွက်ဆိုတဲ့ မြင့်ဆွေ ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့အောင်ဝင်းဇော်ဟာ မြင့်ဆွေဟုတ်၊မဟုတ် ပြောလို့မရသေးဘဲ အမှုကစစ်ဆေးနေတုန်း ဖြစ်တဲ့အတွက် ဘာမှပြောလို့မရသေးဘူးလို့  ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ သံသယရှိသူတချို့ကို ခေါ်ယူပြီး စစ်ဆေးနေတာတွေလည်းရှိကာ ကျန်တာတွေတော့ အခုပြောလို့ မရသေးပါဘူးလို့ ရဲမှူးကြီးကြည်လင်းက ပြောထားပါတယ်။
သေနတ်သမားကြည်လင်းကို စစ်ဆေးဖော်ထုတ်ချက်တွေနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေအရ ပြစ်မှုကျူးလွန်ရာမှာ  ပူးပေါင်းပါဝင်သူတရားခံ အောင်ဝင်းဇော်ကို ဇန်နဝါရီ ၃၀ ရက် နံနက် ၄နာရီ မိနစ် ၂၀ က သံလွင်တံတား(ဘားအံ)မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ကြည်လင်းရဲ့ ထွက်ဆိုချက်ကြောင့် ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်သတ်ဖို့ ညွှန်ကြားခဲ့သူလို့ သံသယရှိတဲ့ မြင့်ဆွေကို ဖမ်းဆီးနိုင်ဖို့ မြဝတီနဲ့ ဘားအံမြို့တွေက မြင့်ဆွေအမည်တူ သံသယရှိသူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပါတယ်။
အစိုးရရဲ့ တရားဝင်ထုတ် ပြန်ချက်တွေအရ ဖမ်းဆီးရမိတဲ့ တရားခံတွေဟာ ကြည်လင်းနဲ့ အောင်ဝင်းဇော် ဖြစ်ပြီး သမ္မတရုံးရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်မှာလည်း ပူးပေါင်းပါဝင်သူ တရားခံ  မြင့်ဆွေလို့ မသုံးဘဲ အောင်ဝင်းဇော်လို့သာ သုံးနှုန်းခဲ့ပါတယ်။ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဖော်ထုတ်ရရှိမှုအခြေအနေတွေပေါ် မူတည်ကာ ပြည်သူသို့အသိပေးတင်ပြမှာဖြစ်တယ်လို့  သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းရဲမှူးချုပ်ဝင်းနိုင်နဲ့ ဖေဖော်ဝါရီ ၂ရက် မွန်းလွဲက တွေ့ဆုံစဉ် အောင်ဝင်းဇော်ပုံပြသတဲ့အခါ  မြင့်ဆွေနဲ့ တစ်ယောက်တည်းဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။ တစ်ယောက်စီလို့ပြောပေမဲ့  သူကတော့ တစ်ယောက်တည်းပဲလို့ပြောလိုက်ပြီး ကျန်တာတော့သူတို့သဘောထားပဲလို့ ဦးအောင်စိုးက ဆိုပါတယ်။
အွန်လိုင်းသတင်းတွေကို အတည်မယူဖို့နဲ့ တရားဝင်သတင်းတွေ ထုတ်ပြန်မှာဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက အခင်းဖြစ်ပြီး လေးရက်အကြာမှာ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
သို့သော်လည်း အဆိုပါအမှုနဲ့ပတ်သက်ပြီး  ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာမရှိဘဲ နိုင်ငံတော်သမ္မတရုံးကသာ ထုတ်ပြန်ချက်နှစ်စောင်ထုတ်ခဲ့ပါတယ်။
Photos & Source: 7Day Daily