Breaking News


အစိမ္းေသ.. ( ျဖစ္ရပ္မွန္ )


Loading...

လူေသ အေလာင္းေတြကို ဓာတ္ပံုရိုက္တာ ၾကာလာတာႏွင့္အမွ် ဘယ္ေန႔ ငါ့အလွည့္လဲ ဟု ေမးေမး တတ္လာသည္

အစိမ္းေသ..
အဲလို ေျပာလွ်င္ ရိုင္းသြားမည္လား မသိ။ ကၽြန္ေတာ္ ေျပာခ်င္တာက ရုတ္တရက္ ေသဆံုးသြားတဲ့ လူမ်ားရဲ႕ ရုပ္အေလာင္းမ်ားကို ရည္ညြန္းျခင္းသာ ျဖစ္သည္။ ထိုသို႔ ရည္ညြန္းမည္ ဆိုလွ်င္  တုိတုိႏွင့္ လိုရင္း သံုးလုိ႔ရသည္က ဤေဝါဟာရ  တစ္ခုကိုသာ ကၽြန္ေတာ္သိသည္။ ထုိ႔ေၾကာင့္ အစိမ္းေသဟု သံုးစြဲျခင္းျဖစ္သည္။ တကယ္ေတာ့ အစိမ္းပဲ ေသေသ အက်က္ပဲ ေသေသ။ လူတုိင္း လူတုိင္း တစ္ေန႔ မဟုတ္ တစ္ေန႔ေတာ့ ေသရဦးမည္ မဟုတ္ပါလား....

ကၽြန္ေတာ္ ငယ္ငယ္က ေႏြရာသီ ေက်ာင္းပိတ္ရက္ေတြမွာ အေမ့ ဇာတိၿမိဳ႕ေလးျဖစ္သည့္ အင္းေတာ္က  အဖိုး အိမ္တြင္ သြားေနေလ့ရွိသည္။ အဖိုးအိမ္သည္ ေဆးရံုႏွင့္ နီးသည္။  ေဆးရံုသည္ ကၽြန္ေတာ္တို႔ ေရသြားသြားခ်ိဳးေနၾက သဲေခ်ာင္းေလး နားတြင္ရွိသည္။ ေခ်ာင္းသို႔ ေရသြားသြားခ်ိဳးတုိင္း ေဆးရံုေရွ႕မွ ျဖတ္သြားရၿပီ.. ရင္ခြဲရံုသည္ ေခ်ာင္းႏွင့္ အနီးဆံုးေနရာတြင္ ရွိသည္။ အင္းေတာ္ျမိဳ႕သည္ ယင္းေဒသတြင္ ေတာ္ေတာ္က်ယ္ေသာ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး နဘား၊ မဲဇာ၊ ဆယ္ရြာ၊ ေမာ္လူး၊ နန္႔စီးေအာင္ အစရွိေသာ ျမိဳ႕မ်ားမွ ရန္ျဖစ္လုိ႔ပဲ ေသေသ ကားတုိက္လို႔ပဲ ရထားတုိက္လုိ႔ပဲ ေသေသ ေရနစ္လုိ႔ပဲ ေသေသ အစိမ္းေသ မွန္သမွ် အင္းေတာ္ ေဆးရံု ရင္ခြဲရံုသို႔ လာပို႔ရသည္။ ရင္ခြဲရံုသို႔ လူေသအေလာင္း ေရာက္တယ္လုိ႔ ၾကားသည္ႏွင့္  ကၽြန္ေတာ္တုိ႔ ကေလးတစ္သိုက္ သြားသြားၾကည့္ျဖစ္ၾကသည္။

တစ္ခ်ိဳ႕က ရထားၾကိတ္ထားလုိ႔ ေခါင္းျပတ္ေနသည္။ တစ္ခ်ိဳ႕က ဓားထိုးခံရလို႔ အူေတြ အေခြလိုက္ အျပင္မွာ ထြက္ေနသည္။ တစ္ခ်ိဳ႕ကေတာ့ ဘာဒါဏ္ရာမရွိပဲ ေသေနသည္။ တစ္ၾကိမ္ဆိုလွ်င္ ကၽြန္ေတာ္တုိ႔ ေရခ်ိဳးေနၾက သဲေခ်ာင္းေလးေဘးက မန္ၾကီးပင္မွာ လူတစ္ေယာက္ ၾကိဳးဆြဲခ်ေသသည္။ အေလာင္းက ကမ္းနဖူးမွာ ထိုင္လွ်က္အေနထား ငုတ္တုပ္ၾကီး.. ၾကိဳးက မန္ၾကီးပင္မွာ တန္းလန္း။ ငယ္ငယ္တုန္းကေတာ့ ကေလးမို႔လုိ႔ ေၾကာက္ရေကာင္းမွန္းမသိ။ ဘာပဲျဖစ္ျဖစ္ သြားၾကည့္လိုက္သည္။ လူၾကီးေတြ ေမာင္းထုတ္လွ်င္ ျပန္ေျပးလာလုိက္သည္။

ငါးတန္း ေျခာက္တန္းေလာက္ အရြယ္ေရာက္ေတာ့၊ ကၽြန္ေတာ္တုိ႔ၿမိဳ႕မွာ ကားတုိက္မႈ တစ္ခုျဖစ္သည္။ အတိုက္ခံရသည္ ေကာင္ေလးက ကၽြန္ေတာ္တုိ႔ေက်ာင္းက ကၽြန္ေတာ့္ထက္ တစ္တန္းပဲ ငယ္သည္။ သူ႔အေမ မႏၱေလးမွာ ေခါဆီ(တစ္ခ်ိဳ႕ေဒသတြင္ ေခါပုတ္ဟုေခၚသည္) သြားေရာင္းတာကို ဘူတာကို လိုက္ပို႔ၿပီး အျပန္မွာ သစ္လံုးကားက ေဘးက ျဖတ္သြားစဥ္ စက္ဘီးလွဲၿပီး သူ႔ေခါင္းက ကားဘီးေအာက္ ေရာက္သြားျခင္းျဖစ္သည္။  ကၽြန္ေတာ္သြားၾကည့္ေတာ့ သူက ေက်ာင္းစိမ္း ဝတ္စံုးေလးကို ဝတ္ထားသည္ သူ႔အေလာင္း ပတ္ပတ္လည္ကို ထံုးျဖင့္ စည္းတားထားသည္။ ေခါင္းက ေၾကမြေနၿပီ။ ငယ္ငယ္တုန္းက အေလာင္းေတြ သြားသြားၾကည့္တာ ဘာစိတ္ခံစားမႈမွ မရွိခဲ့ေပမယ့္ ဒီတစ္ၾကိမ္းေတာ့ စိတ္ထဲမွာ ေၾကာက္သလိုလိုရွိလာသည္။ သူႏွင့္ ကၽြန္ေတာ္ မသိေသာ္လည္း တစ္ေက်ာင္းတည္းက ေက်ာင္းသား ျဖစ္ေနတာေၾကာင့္ ကၽြန္ေတာ့္ေနာက္ကိုမ်ား သူ႕ဝိဥာည္ေတြ လိုက္လာေလမလားဆုိၿပီး သံသယ ျဖစ္မိသည္။ ညေရာက္ေတာ့ မ်က္လံုးကို ဘယ္လို ပိတ္ပိတ္ မ်က္စိထဲမွာ သူ႔အေလာင္းၾကီးကိုပဲ သြားသြားျမင္ေနမိသည္။ ၿပီးေတာ့ တစ္ျဖည္းတစ္ျဖည္း ေၾကာက္လာသည္။  ေနာက္ပိုင္းမွာလည္း သြားသြားၾကည့္ျဖစ္သည္။ ၾကည့္ေနတုန္းမွာ မေၾကာက္ ညဘက္ အိပ္ေတာ့မွာ အေလာင္းေတြကို မ်က္စိထဲ ျပန္ျပန္ျမင္မိၿပီး ေၾကာက္လာျခင္း ျဖစ္သည္။ သို႔ေပမယ့္ ညခါမွ ေၾကာက္ေရာ ေန႔ခင္းဘက္မွာေတာ့ သြားသြားၾကည့္ျဖစ္ေနတုန္း။

သည္လုိႏွင့္ သတင္းေထာက္ ျဖစ္လာေတာ့ on the spot ေသသြားတဲ့ လူအေလာင္းေတြက မျမင္ခ်င္မွ အဆံုးျဖစ္လာသည္။ ပထဆံုး မွတ္မွတ္ရရ ကၽြန္ေတာ္ သတိထားမိတာက ေမလ ၇ ရက္ေန႔  ဗံုးသံုးလံုး ဆက္တုိက္ကြဲတဲ့ ျဖစ္စဥ္။ အဲဒီေန႔က ကၽြန္ေတာ္က ပုစြန္ေတာင္ျမိဳ႕ ကုန္သြယ္မႈ ဗဟိုဌာနမွာ လုပ္ေနတဲ့ ထုိင္းကုန္စည္ ျပပြဲမွာ။  ကၽြန္ေတာ္က ေျမညီထပ္မွာ၊ ဗံုးကြဲတာက ဒုတိယ ထပ္မွာ။ ကၽြန္ေတာ္ တက္ၾကည့္ျဖစ္ေတာ့ တစ္ေယာက္က ခါးတစ္ပိုင္းျပတ္လွ်က္သား ၾကမ္းျပင္ေပၚမွာ တည္ေနသည္။ တစ္ခ်ိဳ႕ေတြက တုံးလံုး ပက္လက္။ အဲဒီေန႔က ရန္ကုန္ၿမိဳ႕ ဒဂံုစင္တာက စီတီးမတ္၊ ရွစ္မိုင္ဂ်န္းရွင္းအိတ္က စီးတီးမတ္ ဆိုင္ အပါဝင္ သံုးေနရာ ဗံုးကြဲခဲ့ၿပီး လူတစ္ဆယ့္တစ္ေယာက္ ေသသြားသည္ဟု သိရသည္။

၂၀၀၈ ေမလ ၂ ရက္မွာ နာဂစ္ျဖစ္သည္။ ကၽြန္ေတာ္တုိ႔ လပြတၱာ ေရာက္သြားတာက ေမလ ၇ ရက္။ ျမိဳ႕အျပင္ ထြက္လုိက္တာနဲ႔ အေလာင္းေတြ ဆုိတာေတာ့ ဓာတ္ပံုေတြထဲမွာ ျမင္ဖူးၾကတဲ့ အတုိင္း အေဖြးသား။ ညအိပ္ေတာ့ အေလာင္းေတြက ကိုယ့္ပတ္ဝန္းက်င္မွာ၊ အပုတ္နံ႔ေတြက ဘာနံသလဲ မေျပာႏွင့္။ အစပိုင္းရက္ေတြမွာ ညအိပ္ရတာ ေၾကာက္သလို ရွိေသာ္လည္း ၾကာလာတာႏွင့္ အမွ် ယဥ္ပါးလာၿပီး ဘယ္ အေလာင္းကို ေၾကာက္ရမွန္းမသိေတာ့ေပ။ ထုိစဥ္က စၿပီး လူေသ အေလာင္းေတြကို ေၾကာက္လည္း မေၾကာက္ေတာ့သလို ေသခ်ိန္တန္လုိ႔ ေသတာပဲဟုသာ စိတ္ထဲမွာ ခပ္ေအးေအး ေတြးထားလိုက္ေတာ့သည္။

ေနာက္ေတာ့ ရခုိင္မွာ ျပသနာျဖစ္သည္။ ပထမ အေက်ာ့ျဖစ္စဥ္က အေလာင္းေတြ သိပ္မ်ားမ်ားစား မ်က္ျမင္ ကိုယ္ေတြ႕ မေတြ႕ခဲ့ေပမယ့္ ဒုတိယအေက်ာ့ ျဖစ္စဥ္မွာေတာ့ ကိုယ့္မ်က္စိေအာက္မွာပဲ အသက္ထြက္ သြားသူေတြကို ျမင္ရသည္။ အဲဒီေန႔က ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာ ၂၅ ရက္ ေက်ာက္ေတာ္ၿမိဳ႕မွာ အခ်ိန္က ညရွစ္နာရီခန္႔။ ကၽြန္ေတာ္တုိ႔ ေက်ာက္ေတာ္ ေဆးရံုကို ေရာက္ၿပီ ဆုိတာႏွင့္ တစ္ျပိဳင္နက္ ေသနတ္ဒါဏ္ရာရ လူနာေတြကို ဟိုင္းလဒ္ကား တစ္စီးနဲ႔ အေခါက္ေခါက္ အခါခါ သယ္လာၾကသည္။ ဘယ္ေနရာက သယ္လာတာလဲ ေမးၾကည့္ေတာ့ ေလွဆိပ္က သယ္လာသည္ဟုသာ သိရသည္။ ကားတစ္စီးတစ္စီးမွာ လူနာေလးငါး ေျခာက္ေယာက္ထက္ မနည္း။ အကုန္လံုး ေသနတ္ဒါဏ္ရာ ရလာၾကသူမ်ားျဖစ္သည္။  ညေန သံုးနာရီခန္႔က ျဖစ္ပြားခဲ့ေသာ ပစ္ခတ္မႈ ျဖစ္စဥ္။ ညရွစ္နာရီမွ ေဆးရံုေရာက္လာသည္။ တစ္ခ်ိဳ႕ေတြက လမ္းမွာကတည္းက ေသႏွင့္ၿပီးျဖစ္သည္။ တစ္ခ်ိဳ႕ေတြက မေသေသာ္လည္း ေသြးလြန္ေနၾကၿပီ။ တစ္ေယာက္ကေတာ့ ေဆးသြင္းဖုိ႔ လုပ္ေနတုန္းမွာ အသက္ထြက္သြားသည္။ အဲဒီတုန္းက တစ္စံုတစ္ေယာက္ကို စိတ္ထဲက အျပစ္တင္ေနမိတာကလြဲရင္ လူေသေတြေပၚမွာ ခံစားခ်က္ သိပ္မရွိ။
တစ္ရက္မွာ သူငယ္ခ်င္းတစ္ေယာက္က ေသသြားၿပီဟု သိရသည္။ သူေသသြားတာလည္း မသိလုိက္သလို သၿဂၤိဳလ္လိုက္တာလဲ မသိလုိက္။ သူ႔ကို သၿဂိၤဳလ္ၿပီး ေနာက္ေန႔မွ သိရသည္။ သူက တစ္ျခားလူ မဟုတ္ ကၽြန္ေတာ္ အခုလက္ရွိေရးေနတဲ့ ဘေလာ့ဂ္ေလးကို ျမန္မာစာ ေဖာင့္ရေအာင္ သြင္းေပးတဲ့လူ။   သေဘာေကာင္းၿပီး ကူညီတတ္တာေတာ့ အထူးစာဖြဲ႔ၿပီး ေျပာေနဖုိ႔မလို။ သူက နက္ဝပ္ၾကိဳးတပ္ရင္း တုိက္ေပၚက ျပဳတ္က်ေသသြားတာ။ ျဖစ္မွ ျဖစ္ရေလကြာလို႔ ေတြးရင္းက.. ကၽြန္ေတာ္ ေတာင္စဥ္ေရမရ ေလွ်ာက္စဥ္းစားျဖစ္သည္။
ေနာက္ေတာ့ မိတၳီလာျဖစ္စဥ္....
ကၽြန္ေတာ္ ျမိဳ႕ထဲေရာက္ေတာ့... မီးခိုးလံုးၾကီးကို ခပ္ခပ္ေဝးေဝးကပင္ ျမင္ေနရၿပီ။ မီးခိုးလံုးၾကီး ထြက္ေနရာ ေနရာကို ကားကို ဦးတည္ေမာင္းခုိင္းရသည္။ မီးေလာင္သည့္ ေနရာကို ေရာက္ၿပီ ဆုိသည္ႏွင့္ ကၽြန္ေတာ္ ကားေပၚက ခုန္ဆင္းကာ မီးေလာင္ျပင္ရွိရာဆီသို႔ ဦးတည္ ေျပးခဲ့သည္။ မီးေလာင္ေနသည့္ ေနရာေရာက္ေတာ့ ကၽြန္ေတာ့္ကို လူေတြက ေမးၾကသည္။ ဘယ္ကလဲဘယ္သူလဲ အစရွိသျဖင့္။ ကၽြန္ေတာ္ သတင္းေထာက္ပါ ဓာတ္ပံုလာရိုက္တာ ဆုိေတာ့။ အဲဒါဆုိရင္ လူေသအေလာင္းေတြ ရိုက္မလား လုိက္ျပမယ္ဟု ေခၚသည္။ ကၽြန္ေတာ္က လုိက္ခဲ့မည္ဟု ဆုိကာ ထုိလူမ်ားႏွင့္ လုိက္သြားသည္။  အေလာင္းေတြကို ဟိုနားတစ္စု ဒီနားတစ္စု မီးပံုရႈိ႕ထားတာ ျမင္ရသည္။  ကၽြန္ေတာ့္ကို လုိက္ပို႔ေသာ ဦးေလးၾကီးက ေျပာသည္ ဒီမီးက ဒီမွာတင္ မျငိမ္းဘူးတဲ့.... သူဆိုလိုခ်င္တာကို ကၽြန္ေတာ္ သေဘာေပါက္သည္။ ဒီျဖစ္စဥ္ကို သံုးသပ္ၾကည့္ၿပီး ကၽြန္ေတာ္တုိ႔ ႏုိင္ငံရဲ႕ အနာဂတ္ကို ဥာဏ္မွီသေလာက္ ေမွ်ာ္မွန္းၾကည့္လုိက္ေတာ့ ကၽြန္ေတာ္ ရင္ေမာပါသည္။  ကၽြန္ေတာ္တုိ႔ ႏုိင္ငံကိုလည္း ရဝမ္ဒါလို လူရွစ္သိန္း ေက်ာ္ေသတဲ့ ႏုိင္ငံ ျဖစ္မလာပါေစနဲ႔ လုိ႔သာ ဆုေတာင္း လုိက္မိသည္။
7 Days in Myanmar ဆုိတဲ့ ဓာတ္ပံု စာအုပ္အတြက္ ကၽြန္ေတာ္ လြိဳင္ေကာ္မွာ ဓာတ္ပံုသြားရိုက္ရသည္။ လြိဳင္ေကာ္ ရန္ကုန္ ေလယာဥ္က တစ္ပတ္မွာ ႏွစ္ရက္ပဲ ရွိသည္။ ကၽြန္ေတာ္ ျပန္မည့္ေနတြင္ ေလယာဥ္မရွိ တာေၾကာင့္ လြိဳင္ေကာ္ကေန ဟဲဟိုးကို ျပန္လာၿပီး ဟဲဟိုးမွတစ္ဆင့္ ေလယာဥ္ျဖင့္ ရန္ကုန္ကုိ ျပန္လာရန္ျဖစ္သည္။ ဟဲဟိုးမွ ေနာက္ေန႔ ေလယာဥ္စီးရမည္ ျဖစ္ေသာေၾကာင့္ ကေလာျမိဳ႕မွာ အိပ္ဖုိ႔ ဆံုးျဖတ္လုိက္သည္။ ကေလာၿမိဳ႕သည္ နာမည္ေက်ာ္သေလာက္ တကယ္ေနလုိ႔ ထုိင္လုိ႔ ေကာင္းေသာ ျမိဳ႕ေလး တစ္ျမိဳ႕ျဖစ္သည္။   ေတာင္ေပၚက ဟိုတယ္တစ္ခုမွာ ကၽြန္ေတာ္ အခန္းယူလုိက္သည္။ ေနဝင္သြားေတာ့ သိရိလိကၤာ ႏုိင္ငံသား ဒါ့ခ်္လူမ်ိဳး ဓာတ္ပံုဆရာတစ္ေယာက္ႏွင့္ ျမိဳ႕ထဲတြင္ ညစာစားရန္ ေတာင္ေပၚက ကားျဖင့္ဆင္းလာခဲ့သည္။  ရာသီဥတု အေျခေနက ညေနခင္းတြင္ ဘာမွ မျဖစ္ေသာ္လည္း ညရွစ္နာရီခန္႔တြင္ ရုတ္ခ်ည္း မိုးေတြရြာကာ ေလျပင္းေတြ တုိက္လာသည္။ တစ္ၿမိဳ႕လံုးလည္း မီးပ်က္သြားသည္။  ကၽြန္ေတာ္တုိ႔ ႏွစ္ေယာက္ ညစာစားၿပီးခ်ိန္ ကိုးနာရီခြဲေလာက္ ေရာက္ေတာ့ ကားငွား၍ မရေတာ့ေပ။ လမ္းေတြမွာ လူေတြလည္း ရွင္းေနၿပီ။ ဆုိင္ေတြလည္း ပိတ္ကုန္ၾကၿပီ။ ထုိ႔ေၾကာင့္ စားေသာက္ဆုိင္က ဆုိင္ကယ္တစ္စီးကို ငွားကာ ႏုိင္ငံျခားသားကို အေနာက္မွ တင္ၿပီး ဟိုတယ္သို႔ ျပန္လာခဲ့သည္။
ကၽြန္ေတာ္တုိ႔ ဆုိင္ကေန စထြက္ခါမွ မိုးက ပိုသည္းလာသည္။ ေလကလည္း ပိုျပင္းလာသည္။ ေတာင္တက္လမ္းအတိုင္း ဆုိင္ကယ္ကို နံပါတ္တူး ဂီယာျဖင့္ တက္လာသည္။ ႏုိင္ငံျခားသားက ဝေတာ့ မိုးနဲ႔ေလၾကားမွာ ဆုိင္ကယ္က နံပါတ္တူးျဖင့္ ေကာင္းေကာင္း မတက္ႏုိင္ေတာ့ပ။ ထုိအခါ ကၽြန္ေတာ္က နံပါတ္ဝမ္းကို နင္းလုိက္သည္။ လီဘာ အရွိန္တင္ထားစဥ္ တူးကေန ဝမ္းေျပာင္းလုိက္ေတာ့ ဆုိင္ကယ္ အေရွ႕ဘီးေထာင္သြားသည္။  လီဘာကို ခ်က္ျခင္း ေလွ်ာ့ခ်ရသည္။ ကံေကာင္းစြာျဖင့္ ဆုိင္ကယ္လည္း မေမွာက္သလို ႏုိင္ငံျခားလည္း ျပဳတ္က်မသြားေပ။  ေနာက္ေတာ့ ကၽြန္ေတာ္တုိ႔ ဟိုတယ္ကို ေခ်ာေခ်ာေမာပင္ ေရာက္သြားသည္။

ေနာက္ေန႔မနက္ အိပ္ရာႏိုးေတာ့ ၾကားလုိက္ရသည့္ သတင္းက မေကာင္း... ေလၾကီးမိုးၾကီးက်ၿပီး ေရႊတြင္းျပိဳလို႔ လူငါးဆယ္ေလာက္ ေသသြားသည္ ဆိုသည္။  သို႔ႏွင့္ ကၽြန္ေတာ္ ေဆးရံုသို႔ သြားၾကည့္ျဖစ္သည္။ ေဆးရံုေရာက္ေတာ့ ကေလာျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ အမတ္ ေရာက္ေနၿပီ။ သူရဲ႕ ေျပာၾကားခ်က္ရ ေသဆံုးသူမ်ားမွာ အေယာက္ငါးဆယ္ မဟုတ္ပဲ ၁၆ ေယာက္သာ ျဖစ္ေၾကာင္း သိရသည္။ ထိုအခ်ိန္တြင္ လူတစ္ေယာက္က လႊတ္ေတာ္ အမတ္ကို လာေျပာသည္။ ကေလာ သုသာန္တြင္ လူေသအေလာင္းေတြ ေရာက္ေနၿပီ မၾကာမွီ ေျမခ်ေတာ့မည္ ဟုဆိုသည္။ ထုိ႔ေၾကာင့္ လႊတ္ေတာ္ အမတ္ႏွင့္ ကၽြန္ေတာ္ ကေလာ သုသာန္သို႔ သြားၾကည့္ၾကသည္။ သုသာန္ေရာက္ေတာ့ လူတစ္ခ်ိဳ႕က က်င္းေတြ တူးေနသည္။ လူေသ အေလာင္းေတြေရာဟု ေမးေတာ့ ရင္ခြဲရံုမွာရွိသည္ဟု ဆုိသည္။ ကၽြန္ေတာ္ႏွင့္ လႊတ္ေတာ္ အမတ္လည္း ရင္ခြဲရံုရွိရာဆီသို႔ ထပ္သြားၾကျပန္သည္။
ရင္ခြဲရံုထဲဝင္လုိက္ေတာ့ ေတြ႕ပါၿပီ။ စုစုေပါင္း အားလံုး အေလာင္းကိုးေလာင္း။ အားလံုးရဲ႕ ေျခမေလးကိုယ္စီကို တြဲၿပီး ၾကိဳးျဖဴေလးေတြနဲ႔ ခ်ည္ထားသည္။ ထိုထဲတြင္ သံုးႏွစ္အရြယ္ခန္႔ရွိ ကေလးေလး တစ္ေယာက္ အေလာင္းလည္း ပါဝင္သည္။ ပတ္ဝန္းက်င္က ေျပာျပခ်က္အရ သိရတာ သားအမိ ႏွစ္ေယာက္စလံုး သစ္ပင္ပိ ေသသည္ဟုဆိုသည္။ တစ္ခ်ိဳ႔ အေလာင္းေတြမွာက ေျမၾကီးနီနီေတြ ေပက်ံေနသည္။ ထုိလူမ်ားကေတာ့ ေရႊတြင္းထဲမွာ ပိတ္မိၿပီး ေသသြားၾကသူမ်ား ျဖစ္ဟန္တူသည္။ ကၽြန္ေတာ္ ထုိသုိ႔ အေလာင္းမ်ားကို ဓာတ္ပံု ရိုက္ေနရင္း ခါတုိင္းႏွင့္ မတူေသာ ခံစားခ်က္မ်ား ဝင္လာသည္။  လူေသ အေလာင္းေတြကို ဓာတ္ပံုရိုက္တာ ၾကာလာတာႏွင့္အမွ် ဘယ္ေန႔ ငါ့ေန႔လည္းဟု ေမးေမး တတ္လာသည္။ ကၽြန္ေတာ္ မေမ့ပါ ကၽြန္ေတာ္လည္း တစ္ေန႔ ေသရမည္။ ကၽြန္ေတာ္လည္း ေလၾကီးမိုးၾကီးက်ခ်ိန္က အျပင္မွာ ရွိေနခဲ့သည္။ ေတာင္အတက္မွာ ဆုိင္ကယ္ ေရွ႕ဘီးေထာင္သြားစဥ္က လမ္းေခ်ာ္ေမွာက္ၿပီး ေသသြားႏုိင္သလို.. သစ္ပင္ၿပီး တစ္ပင္ကိုယ့္ အေပၚကို က်ိဳးက်ၿပီး ေသသြားႏုိင္သည္။
ေျခေထာက္မွာ ရႊံ႕ေလးေတြ ေပေနေသာ လူေသအေလာင္းကို ဓာတ္ပံုရိုက္ရင္း ကၽြန္ေတာ္ ေသမလို ျဖစ္ခဲ့ေသာ ျဖစ္ရပ္မ်ားကို ျပန္သတိရမိသည္။ အရွိန္ျဖင့္ ေမာင္းေနေသာ ရထားေပၚက ကၽြန္ေတာ္ ျပဳတ္က်ဖူးသည္။ ထိုစဥ္က ကိုးတန္း ေက်ာင္းသား ကံေကာင္းလုိ႔ ရထားဘီးေအာက္ မေရာက္ခဲ့။ ငယ္ငယ္က ခဏခဏ ေရနစ္ဖူးသည္။ ေဘးလူေတြ ကယ္လုိ႔ အသက္မေသခဲ့။ အုန္းပင္ေပၚက တစ္ခါ ေျခေခ်ာ္ က်ဖူးသည္။ ဆြဲမိဆြဲရာ ဆြဲလိုက္ေတာ့ အုန္းပင္မွာ တန္းလန္းျဖစ္ေသာ အုန္းလက္ကို ကိုင္မိထားလို႔ လူက အုန္းလက္ႏွင့္အတူ တန္းလန္းျဖစ္ေနၿပီး ေအာက္သို႔ ျပဳတ္မက်ခဲ့ေပ။ ျပဳတ္က်လွ်င္ ေအာက္မွာ ျခံစည္းရိုး ဝါးခၽြန္ေတြ အသက္ရွင္လမ္း မျမင္။ သို႔ရာတြင္  ေသေန႔ မေစ့ေသးလုိ႔ သူလို မေသခဲ့ေသး..
မေန႔က  ကၽြန္ေတာ့္လိုပဲ သူ အသက္ရွိေနေသးသည္..  ကၽြန္ေတာ္လိုပဲ ထမင္းစားေနေသးသည္
အခု သူမရွိေတာ့ဘူး... သူဒီေန႔ ေသမယ္ဆုိတာ မေန႔က ၾကိဳသိခဲ့ပါ့မလား.........
တကယ္လုိ႔ သူေနရာ ကၽြန္ေတာ္ ဆုိလွ်င္...
မနက္ျဖန္မွာ ေသမယ္ဆုိတာ ၾကိဳမသိရဘဲနဲ႔ ေသသြားခဲ့လွ်င္..
  ထိုသုိ႔ ထုိသို႔ စဥ္းစားမိေသာ အခ်ိန္ေလးမ်ားမွာ မနက္ျဖန္အတြက္ မိသားစုအတြက္ ကမၻာေျမၾကီးအတြက္... တန္ဖိုးရွိတဲ့ လူတစ္ေယာက္ ျဖစ္ခ်င္မိလာမိသည္။

စိုးေဇယ်ထြန္း
http://www.thadinatin.com/


လူသေ အလောင်းတွေကို ဓာတ်ပုံရိုက်တာ ကြာလာတာနှင့်အမျှ ဘယ်နေ့ ငါ့အလှည့်လဲ ဟု မေးမေး တတ်လာသည်

အစိမ်းသေ..
အဲလို ပြောလျှင် ရိုင်းသွားမည်လား မသိ။ ကျွန်တော် ပြောချင်တာက ရုတ်တရက် သေဆုံးသွားတဲ့ လူများရဲ့ ရုပ်အလောင်းများကို ရည်ညွန်းခြင်းသာ ဖြစ်သည်။ ထိုသို့ ရည်ညွန်းမည် ဆိုလျှင်  တိုတိုနှင့် လိုရင်း သုံးလို့ရသည်က ဤဝေါဟာရ  တစ်ခုကိုသာ ကျွန်တော်သိသည်။ ထို့ကြောင့် အစိမ်းသေဟု သုံးစွဲခြင်းဖြစ်သည်။ တကယ်တော့ အစိမ်းပဲ သေသေ အကျက်ပဲ သေသေ။ လူတိုင်း လူတိုင်း တစ်နေ့ မဟုတ် တစ်နေ့တော့ သေရဦးမည် မဟုတ်ပါလား....

ကျွန်တော် ငယ်ငယ်က နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အမေ့ ဇာတိမြို့လေးဖြစ်သည့် အင်းတော်က  အဖိုး အိမ်တွင် သွားနေလေ့ရှိသည်။ အဖိုးအိမ်သည် ဆေးရုံနှင့် နီးသည်။  ဆေးရုံသည် ကျွန်တော်တို့ ရေသွားသွားချိုးနေကြ သဲချောင်းလေး နားတွင်ရှိသည်။ ချောင်းသို့ ရေသွားသွားချိုးတိုင်း ဆေးရုံရှေ့မှ ဖြတ်သွားရပြီ.. ရင်ခွဲရုံသည် ချောင်းနှင့် အနီးဆုံးနေရာတွင် ရှိသည်။ အင်းတော်မြို့သည် ယင်းဒေသတွင် တော်တော်ကျယ်သော မြို့နယ်တစ်ခုဖြစ်ပြီး နဘား၊ မဲဇာ၊ ဆယ်ရွာ၊ မော်လူး၊ နန့်စီးအောင် အစရှိသော မြို့များမှ ရန်ဖြစ်လို့ပဲ သေသေ ကားတိုက်လို့ပဲ ရထားတိုက်လို့ပဲ သေသေ ရေနစ်လို့ပဲ သေသေ အစိမ်းသေ မှန်သမျှ အင်းတော် ဆေးရုံ ရင်ခွဲရုံသို့ လာပို့ရသည်။ ရင်ခွဲရုံသို့ လူသေအလောင်း ရောက်တယ်လို့ ကြားသည်နှင့်  ကျွန်တော်တို့ ကလေးတစ်သိုက် သွားသွားကြည့်ဖြစ်ကြသည်။

တစ်ချို့က ရထားကြိတ်ထားလို့ ခေါင်းပြတ်နေသည်။ တစ်ချို့က ဓားထိုးခံရလို့ အူတွေ အခွေလိုက် အပြင်မှာ ထွက်နေသည်။ တစ်ချို့ကတော့ ဘာဒါဏ်ရာမရှိပဲ သေနေသည်။ တစ်ကြိမ်ဆိုလျှင် ကျွန်တော်တို့ ရေချိုးနေကြ သဲချောင်းလေးဘေးက မန်ကြီးပင်မှာ လူတစ်ယောက် ကြိုးဆွဲချသေသည်။ အလောင်းက ကမ်းနဖူးမှာ ထိုင်လျှက်အနေထား ငုတ်တုပ်ကြီး.. ကြိုးက မန်ကြီးပင်မှာ တန်းလန်း။ ငယ်ငယ်တုန်းကတော့ ကလေးမို့လို့ ကြောက်ရကောင်းမှန်းမသိ။ ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်သည်။ လူကြီးတွေ မောင်းထုတ်လျှင် ပြန်ပြေးလာလိုက်သည်။

ငါးတန်း ခြောက်တန်းလောက် အရွယ်ရောက်တော့၊ ကျွန်တော်တို့မြို့မှာ ကားတိုက်မှု တစ်ခုဖြစ်သည်။ အတိုက်ခံရသည် ကောင်လေးက ကျွန်တော်တို့ကျောင်းက ကျွန်တော့်ထက် တစ်တန်းပဲ ငယ်သည်။ သူ့အမေ မန္တလေးမှာ ခေါဆီ(တစ်ချို့ဒေသတွင် ခေါပုတ်ဟုခေါ်သည်) သွားရောင်းတာကို ဘူတာကို လိုက်ပို့ပြီး အပြန်မှာ သစ်လုံးကားက ဘေးက ဖြတ်သွားစဉ် စက်ဘီးလှဲပြီး သူ့ခေါင်းက ကားဘီးအောက် ရောက်သွားခြင်းဖြစ်သည်။  ကျွန်တော်သွားကြည့်တော့ သူက ကျောင်းစိမ်း ဝတ်စုံးလေးကို ဝတ်ထားသည် သူ့အလောင်း ပတ်ပတ်လည်ကို ထုံးဖြင့် စည်းတားထားသည်။ ခေါင်းက ကြေမွနေပြီ။ ငယ်ငယ်တုန်းက အလောင်းတွေ သွားသွားကြည့်တာ ဘာစိတ်ခံစားမှုမှ မရှိခဲ့ပေမယ့် ဒီတစ်ကြိမ်းတော့ စိတ်ထဲမှာ ကြောက်သလိုလိုရှိလာသည်။ သူနှင့် ကျွန်တော် မသိသော်လည်း တစ်ကျောင်းတည်းက ကျောင်းသား ဖြစ်နေတာကြောင့် ကျွန်တော့်နောက်ကိုများ သူ့ဝိဉာည်တွေ လိုက်လာလေမလားဆိုပြီး သံသယ ဖြစ်မိသည်။ ညရောက်တော့ မျက်လုံးကို ဘယ်လို ပိတ်ပိတ် မျက်စိထဲမှာ သူ့အလောင်းကြီးကိုပဲ သွားသွားမြင်နေမိသည်။ ပြီးတော့ တစ်ဖြည်းတစ်ဖြည်း ကြောက်လာသည်။  နောက်ပိုင်းမှာလည်း သွားသွားကြည့်ဖြစ်သည်။ ကြည့်နေတုန်းမှာ မကြောက် ညဘက် အိပ်တော့မှာ အလောင်းတွေကို မျက်စိထဲ ပြန်ပြန်မြင်မိပြီး ကြောက်လာခြင်း ဖြစ်သည်။ သို့ပေမယ့် ညခါမှ ကြောက်ရော နေ့ခင်းဘက်မှာတော့ သွားသွားကြည့်ဖြစ်နေတုန်း။

သည်လိုနှင့် သတင်းထောက် ဖြစ်လာတော့ on the spot သေသွားတဲ့ လူအလောင်းတွေက မမြင်ချင်မှ အဆုံးဖြစ်လာသည်။ ပထဆုံး မှတ်မှတ်ရရ ကျွန်တော် သတိထားမိတာက မေလ ၇ ရက်နေ့  ဗုံးသုံးလုံး ဆက်တိုက်ကွဲတဲ့ ဖြစ်စဉ်။ အဲဒီနေ့က ကျွန်တော်က ပုစွန်တောင်မြို့ ကုန်သွယ်မှု ဗဟိုဌာနမှာ လုပ်နေတဲ့ ထိုင်းကုန်စည် ပြပွဲမှာ။  ကျွန်တော်က မြေညီထပ်မှာ၊ ဗုံးကွဲတာက ဒုတိယ ထပ်မှာ။ ကျွန်တော် တက်ကြည့်ဖြစ်တော့ တစ်ယောက်က ခါးတစ်ပိုင်းပြတ်လျှက်သား ကြမ်းပြင်ပေါ်မှာ တည်နေသည်။ တစ်ချို့တွေက တုံးလုံး ပက်လက်။ အဲဒီနေ့က ရန်ကုန်မြို့ ဒဂုံစင်တာက စီတီးမတ်၊ ရှစ်မိုင်ဂျန်းရှင်းအိတ်က စီးတီးမတ် ဆိုင် အပါဝင် သုံးနေရာ ဗုံးကွဲခဲ့ပြီး လူတစ်ဆယ့်တစ်ယောက် သေသွားသည်ဟု သိရသည်။

၂၀ဝ၈ မေလ ၂ ရက်မှာ နာဂစ်ဖြစ်သည်။ ကျွန်တော်တို့ လပွတ္တာ ရောက်သွားတာက မေလ ၇ ရက်။ မြို့အပြင် ထွက်လိုက်တာနဲ့ အလောင်းတွေ ဆိုတာတော့ ဓာတ်ပုံတွေထဲမှာ မြင်ဖူးကြတဲ့ အတိုင်း အဖွေးသား။ ညအိပ်တော့ အလောင်းတွေက ကိုယ့်ပတ်ဝန်းကျင်မှာ၊ အပုတ်နံ့တွေက ဘာနံသလဲ မပြောနှင့်။ အစပိုင်းရက်တွေမှာ ညအိပ်ရတာ ကြောက်သလို ရှိသော်လည်း ကြာလာတာနှင့် အမျှ ယဉ်ပါးလာပြီး ဘယ် အလောင်းကို ကြောက်ရမှန်းမသိတော့ပေ။ ထိုစဉ်က စပြီး လူသေ အလောင်းတွေကို ကြောက်လည်း မကြောက်တော့သလို သေချိန်တန်လို့ သေတာပဲဟုသာ စိတ်ထဲမှာ ခပ်အေးအေး တွေးထားလိုက်တော့သည်။

နောက်တော့ ရခိုင်မှာ ပြသနာဖြစ်သည်။ ပထမ အကျော့ဖြစ်စဉ်က အလောင်းတွေ သိပ်များများစား မျက်မြင် ကိုယ်တွေ့ မတွေ့ခဲ့ပေမယ့် ဒုတိယအကျော့ ဖြစ်စဉ်မှာတော့ ကိုယ့်မျက်စိအောက်မှာပဲ အသက်ထွက် သွားသူတွေကို မြင်ရသည်။ အဲဒီနေ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၅ ရက် ကျောက်တော်မြို့မှာ အချိန်က ညရှစ်နာရီခန့်။ ကျွန်တော်တို့ ကျောက်တော် ဆေးရုံကို ရောက်ပြီ ဆိုတာနှင့် တစ်ပြိုင်နက် သေနတ်ဒါဏ်ရာရ လူနာတွေကို ဟိုင်းလဒ်ကား တစ်စီးနဲ့ အခေါက်ခေါက် အခါခါ သယ်လာကြသည်။ ဘယ်နေရာက သယ်လာတာလဲ မေးကြည့်တော့ လှေဆိပ်က သယ်လာသည်ဟုသာ သိရသည်။ ကားတစ်စီးတစ်စီးမှာ လူနာလေးငါး ခြောက်ယောက်ထက် မနည်း။ အကုန်လုံး သေနတ်ဒါဏ်ရာ ရလာကြသူများဖြစ်သည်။  ညနေ သုံးနာရီခန့်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု ဖြစ်စဉ်။ ညရှစ်နာရီမှ ဆေးရုံရောက်လာသည်။ တစ်ချို့တွေက လမ်းမှာကတည်းက သေနှင့်ပြီးဖြစ်သည်။ တစ်ချို့တွေက မသေသော်လည်း သွေးလွန်နေကြပြီ။ တစ်ယောက်ကတော့ ဆေးသွင်းဖို့ လုပ်နေတုန်းမှာ အသက်ထွက်သွားသည်။ အဲဒီတုန်းက တစ်စုံတစ်ယောက်ကို စိတ်ထဲက အပြစ်တင်နေမိတာကလွဲရင် လူသေတွေပေါ်မှာ ခံစားချက် သိပ်မရှိ။
တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်က သေသွားပြီဟု သိရသည်။ သူသေသွားတာလည်း မသိလိုက်သလို သင်္ဂြိုလ်လိုက်တာလဲ မသိလိုက်။ သူ့ကို သင်္ဂြိုလ်ပြီး နောက်နေ့မှ သိရသည်။ သူက တစ်ခြားလူ မဟုတ် ကျွန်တော် အခုလက်ရှိရေးနေတဲ့ ဘလော့ဂ်လေးကို မြန်မာစာ ဖောင့်ရအောင် သွင်းပေးတဲ့လူ။   သဘောကောင်းပြီး ကူညီတတ်တာတော့ အထူးစာဖွဲ့ပြီး ပြောနေဖို့မလို။ သူက နက်ဝပ်ကြိုးတပ်ရင်း တိုက်ပေါ်က ပြုတ်ကျသေသွားတာ။ ဖြစ်မှ ဖြစ်ရလေကွာလို့ တွေးရင်းက.. ကျွန်တော် တောင်စဉ်ရေမရ လျှောက်စဉ်းစားဖြစ်သည်။
နောက်တော့ မိတ္ထီလာဖြစ်စဉ်....
ကျွန်တော် မြို့ထဲရောက်တော့... မီးခိုးလုံးကြီးကို ခပ်ခပ်ဝေးဝေးကပင် မြင်နေရပြီ။ မီးခိုးလုံးကြီး ထွက်နေရာ နေရာကို ကားကို ဦးတည်မောင်းခိုင်းရသည်။ မီးလောင်သည့် နေရာကို ရောက်ပြီ ဆိုသည်နှင့် ကျွန်တော် ကားပေါ်က ခုန်ဆင်းကာ မီးလောင်ပြင်ရှိရာဆီသို့ ဦးတည် ပြေးခဲ့သည်။ မီးလောင်နေသည့် နေရာရောက်တော့ ကျွန်တော့်ကို လူတွေက မေးကြသည်။ ဘယ်ကလဲဘယ်သူလဲ အစရှိသဖြင့်။ ကျွန်တော် သတင်းထောက်ပါ ဓာတ်ပုံလာရိုက်တာ ဆိုတော့။ အဲဒါဆိုရင် လူသေအလောင်းတွေ ရိုက်မလား လိုက်ပြမယ်ဟု ခေါ်သည်။ ကျွန်တော်က လိုက်ခဲ့မည်ဟု ဆိုကာ ထိုလူများနှင့် လိုက်သွားသည်။  အလောင်းတွေကို ဟိုနားတစ်စု ဒီနားတစ်စု မီးပုံရှို့ထားတာ မြင်ရသည်။  ကျွန်တော့်ကို လိုက်ပို့သော ဦးလေးကြီးက ပြောသည် ဒီမီးက ဒီမှာတင် မငြိမ်းဘူးတဲ့.... သူဆိုလိုချင်တာကို ကျွန်တော် သဘောပေါက်သည်။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို ဉာဏ်မှီသလောက် မျှော်မှန်းကြည့်လိုက်တော့ ကျွန်တော် ရင်မောပါသည်။  ကျွန်တော်တို့ နိုင်ငံကိုလည်း ရဝမ်ဒါလို လူရှစ်သိန်း ကျော်သေတဲ့ နိုင်ငံ ဖြစ်မလာပါစေနဲ့ လို့သာ ဆုတောင်း လိုက်မိသည်။
7 Days in Myanmar ဆိုတဲ့ ဓာတ်ပုံ စာအုပ်အတွက် ကျွန်တော် လွိုင်ကော်မှာ ဓာတ်ပုံသွားရိုက်ရသည်။ လွိုင်ကော် ရန်ကုန် လေယာဉ်က တစ်ပတ်မှာ နှစ်ရက်ပဲ ရှိသည်။ ကျွန်တော် ပြန်မည့်နေတွင် လေယာဉ်မရှိ တာကြောင့် လွိုင်ကော်ကနေ ဟဲဟိုးကို ပြန်လာပြီး ဟဲဟိုးမှတစ်ဆင့် လေယာဉ်ဖြင့် ရန်ကုန်ကို ပြန်လာရန်ဖြစ်သည်။ ဟဲဟိုးမှ နောက်နေ့ လေယာဉ်စီးရမည် ဖြစ်သောကြောင့် ကလောမြို့မှာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကလောမြို့သည် နာမည်ကျော်သလောက် တကယ်နေလို့ ထိုင်လို့ ကောင်းသော မြို့လေး တစ်မြို့ဖြစ်သည်။   တောင်ပေါ်က ဟိုတယ်တစ်ခုမှာ ကျွန်တော် အခန်းယူလိုက်သည်။ နေဝင်သွားတော့ သိရိလိင်္ကာ နိုင်ငံသား ဒါ့ချ်လူမျိုး ဓာတ်ပုံဆရာတစ်ယောက်နှင့် မြို့ထဲတွင် ညစာစားရန် တောင်ပေါ်က ကားဖြင့်ဆင်းလာခဲ့သည်။  ရာသီဥတု အခြေနေက ညနေခင်းတွင် ဘာမှ မဖြစ်သော်လည်း ညရှစ်နာရီခန့်တွင် ရုတ်ချည်း မိုးတွေရွာကာ လေပြင်းတွေ တိုက်လာသည်။ တစ်မြို့လုံးလည်း မီးပျက်သွားသည်။  ကျွန်တော်တို့ နှစ်ယောက် ညစာစားပြီးချိန် ကိုးနာရီခွဲလောက် ရောက်တော့ ကားငှား၍ မရတော့ပေ။ လမ်းတွေမှာ လူတွေလည်း ရှင်းနေပြီ။ ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ။ ထို့ကြောင့် စားသောက်ဆိုင်က ဆိုင်ကယ်တစ်စီးကို ငှားကာ နိုင်ငံခြားသားကို အနောက်မှ တင်ပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။
ကျွန်တော်တို့ ဆိုင်ကနေ စထွက်ခါမှ မိုးက ပိုသည်းလာသည်။ လေကလည်း ပိုပြင်းလာသည်။ တောင်တက်လမ်းအတိုင်း ဆိုင်ကယ်ကို နံပါတ်တူး ဂီယာဖြင့် တက်လာသည်။ နိုင်ငံခြားသားက ဝတော့ မိုးနဲ့လေကြားမှာ ဆိုင်ကယ်က နံပါတ်တူးဖြင့် ကောင်းကောင်း မတက်နိုင်တော့ပ။ ထိုအခါ ကျွန်တော်က နံပါတ်ဝမ်းကို နင်းလိုက်သည်။ လီဘာ အရှိန်တင်ထားစဉ် တူးကနေ ဝမ်းပြောင်းလိုက်တော့ ဆိုင်ကယ် အရှေ့ဘီးထောင်သွားသည်။  လီဘာကို ချက်ခြင်း လျှော့ချရသည်။ ကံကောင်းစွာဖြင့် ဆိုင်ကယ်လည်း မမှောက်သလို နိုင်ငံခြားလည်း ပြုတ်ကျမသွားပေ။  နောက်တော့ ကျွန်တော်တို့ ဟိုတယ်ကို ချောချောမောပင် ရောက်သွားသည်။

နောက်နေ့မနက် အိပ်ရာနိုးတော့ ကြားလိုက်ရသည့် သတင်းက မကောင်း... လေကြီးမိုးကြီးကျပြီး ရွှေတွင်းပြိုလို့ လူငါးဆယ်လောက် သေသွားသည် ဆိုသည်။  သို့နှင့် ကျွန်တော် ဆေးရုံသို့ သွားကြည့်ဖြစ်သည်။ ဆေးရုံရောက်တော့ ကလောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ရောက်နေပြီ။ သူရဲ့ ပြောကြားချက်ရ သေဆုံးသူများမှာ အယောက်ငါးဆယ် မဟုတ်ပဲ ၁၆ ယောက်သာ ဖြစ်ကြောင်း သိရသည်။ ထိုအချိန်တွင် လူတစ်ယောက်က လွှတ်တော် အမတ်ကို လာပြောသည်။ ကလော သုသာန်တွင် လူသေအလောင်းတွေ ရောက်နေပြီ မကြာမှီ မြေချတော့မည် ဟုဆိုသည်။ ထို့ကြောင့် လွှတ်တော် အမတ်နှင့် ကျွန်တော် ကလော သုသာန်သို့ သွားကြည့်ကြသည်။ သုသာန်ရောက်တော့ လူတစ်ချို့က ကျင်းတွေ တူးနေသည်။ လူသေ အလောင်းတွေရောဟု မေးတော့ ရင်ခွဲရုံမှာရှိသည်ဟု ဆိုသည်။ ကျွန်တော်နှင့် လွှတ်တော် အမတ်လည်း ရင်ခွဲရုံရှိရာဆီသို့ ထပ်သွားကြပြန်သည်။
ရင်ခွဲရုံထဲဝင်လိုက်တော့ တွေ့ပါပြီ။ စုစုပေါင်း အားလုံး အလောင်းကိုးလောင်း။ အားလုံးရဲ့ ခြေမလေးကိုယ်စီကို တွဲပြီး ကြိုးဖြူလေးတွေနဲ့ ချည်ထားသည်။ ထိုထဲတွင် သုံးနှစ်အရွယ်ခန့်ရှိ ကလေးလေး တစ်ယောက် အလောင်းလည်း ပါဝင်သည်။ ပတ်ဝန်းကျင်က ပြောပြချက်အရ သိရတာ သားအမိ နှစ်ယောက်စလုံး သစ်ပင်ပိ သေသည်ဟုဆိုသည်။ တစ်ချို့ အလောင်းတွေမှာက မြေကြီးနီနီတွေ ပေကျံနေသည်။ ထိုလူများကတော့ ရွှေတွင်းထဲမှာ ပိတ်မိပြီး သေသွားကြသူများ ဖြစ်ဟန်တူသည်။ ကျွန်တော် ထိုသို့ အလောင်းများကို ဓာတ်ပုံ ရိုက်နေရင်း ခါတိုင်းနှင့် မတူသော ခံစားချက်များ ဝင်လာသည်။  လူသေ အလောင်းတွေကို ဓာတ်ပုံရိုက်တာ ကြာလာတာနှင့်အမျှ ဘယ်နေ့ ငါ့နေ့လည်းဟု မေးမေး တတ်လာသည်။ ကျွန်တော် မမေ့ပါ ကျွန်တော်လည်း တစ်နေ့ သေရမည်။ ကျွန်တော်လည်း လေကြီးမိုးကြီးကျချိန်က အပြင်မှာ ရှိနေခဲ့သည်။ တောင်အတက်မှာ ဆိုင်ကယ် ရှေ့ဘီးထောင်သွားစဉ်က လမ်းချော်မှောက်ပြီး သေသွားနိုင်သလို.. သစ်ပင်ပြီး တစ်ပင်ကိုယ့် အပေါ်ကို ကျိုးကျပြီး သေသွားနိုင်သည်။
ခြေထောက်မှာ ရွှံ့လေးတွေ ပေနေသော လူသေအလောင်းကို ဓာတ်ပုံရိုက်ရင်း ကျွန်တော် သေမလို ဖြစ်ခဲ့သော ဖြစ်ရပ်များကို ပြန်သတိရမိသည်။ အရှိန်ဖြင့် မောင်းနေသော ရထားပေါ်က ကျွန်တော် ပြုတ်ကျဖူးသည်။ ထိုစဉ်က ကိုးတန်း ကျောင်းသား ကံကောင်းလို့ ရထားဘီးအောက် မရောက်ခဲ့။ ငယ်ငယ်က ခဏခဏ ရေနစ်ဖူးသည်။ ဘေးလူတွေ ကယ်လို့ အသက်မသေခဲ့။ အုန်းပင်ပေါ်က တစ်ခါ ခြေချော် ကျဖူးသည်။ ဆွဲမိဆွဲရာ ဆွဲလိုက်တော့ အုန်းပင်မှာ တန်းလန်းဖြစ်သော အုန်းလက်ကို ကိုင်မိထားလို့ လူက အုန်းလက်နှင့်အတူ တန်းလန်းဖြစ်နေပြီး အောက်သို့ ပြုတ်မကျခဲ့ပေ။ ပြုတ်ကျလျှင် အောက်မှာ ခြံစည်းရိုး ဝါးချွန်တွေ အသက်ရှင်လမ်း မမြင်။ သို့ရာတွင်  သေနေ့ မစေ့သေးလို့ သူလို မသေခဲ့သေး..
မနေ့က  ကျွန်တော့်လိုပဲ သူ အသက်ရှိနေသေးသည်..  ကျွန်တော်လိုပဲ ထမင်းစားနေသေးသည်
အခု သူမရှိတော့ဘူး... သူဒီနေ့ သေမယ်ဆိုတာ မနေ့က ကြိုသိခဲ့ပါ့မလား.........
တကယ်လို့ သူနေရာ ကျွန်တော် ဆိုလျှင်...
မနက်ဖြန်မှာ သေမယ်ဆိုတာ ကြိုမသိရဘဲနဲ့ သေသွားခဲ့လျှင်..
  ထိုသို့ ထိုသို့ စဉ်းစားမိသော အချိန်လေးများမှာ မနက်ဖြန်အတွက် မိသားစုအတွက် ကမ္ဘာမြေကြီးအတွက်... တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်မိလာမိသည်။

စိုးဇေယျထွန်း
http://www.thadinatin.com/

Loading...