Breaking News

နမ့္စန္ၿမိဳ႕တြင္ ထုိးသြင္းဒဏ္ရာျဖင့္ ေသဆုံးေနသည့္ လူေသအေလာင္း ေတြ႔ရွိ



Loading...
----------------------------


ရွမ္းျပည္နယ္ေတာင္ပုိင္း၊ လြိဳင္လင္ခ႐ုိင္၊ နမ့္စန္ၿမိဳ႕နယ္ အမွတ္ ၄ ေက်းရြာ၊ ပဲစင္းငုံခင္းအနီး ၿခံဳထဲမွာ လူတဦး ဒဏ္ရာေတြနဲ႔ ပုတ္ပြ ေသဆုံးေနတာကုိ ေတြ႔ရွိခဲ့တယ္လို႔ နမ့္စန္စခန္းမႉး ဒုရဲမႉး တင္ေမာင္ေဆြက ေျပာပါတယ္။
ေဖေဖာ္ဝါရီ ၃ ရက္ မေန႔က စခန္းကုိ ဖုန္းဆက္လာၿပီး ပဲေစ့ငုံၿခံအနီ လူတဦး ေသဆုံးေနေၾကာင္း သတင္းရလုိ႔ သြားေရာက္ကာ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
အေလာင္းကုိ နမ့္စန္ျပည္သူ႔ေဆး႐ုံ ေပးပုိ႔စစ္ေဆးရာ ေသဆုံးသူရဲ႕ ေက်ာဘက္နံ႐ုိးၾကားထဲမွာ ခြၽန္ထက္ေသာအရာနဲ႔ ထုိးသြင္းဒဏ္ရာ ၁ လက္မေလာက္ေတြ႔႐ွိၿပီး အဆုတ္ဝဲဘက္ အျခမ္းကြဲလွ်က္ ေသဆုံးခဲ့ေၾကာင္း ေတြ႔ရတယ္လို႔ ဆုိပါတယ္။
ေသဆုံးသူဟာ နမ့္စန္ၿမိဳ႕အမွတ္ ၄ ရပ္ကြက္မွာ ေနထုိင္တဲ့ အသက္ ၃၀ အရြယ္ ကုိသန္းေဇာ္ျဖစ္ၿပီး ဇန္နဝါရီ ၂၉ ရက္ေန႔ကတည္းက ေပ်ာက္ဆုံးခဲ့တာလုိ႔ မိခင္ျဖစ္သူ ေဒၚလွေလးစိန္က ေျပာပါတယ္။
ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ညေနပုိင္းေလာက္က ရဲေတြက ေနအိမ္အထိလာေျပာျပမွ သားငယ္ျဖစ္သူ ေသဆုံးတာကုိ သိရွိခဲ့ရတာလုိ႔ ဆုိပါတယ္။
ကုိသန္းေဇာ္ကုိ သတ္သြားတဲ့ တရာခံအား အျမန္ဆုံး စုံစမ္းေဖာ္ထုတ္ အေရးယူေဆာင္ရြက္ႏုိင္ဖုိ႔ ဒုရဲအုပ္ မ်ိဳးမင္းမင္းဦးက တရာလုိျပဳလုပ္ၿပိး နမ့္စန္ၿမိဳမ ရဲစခန္းမွာ (ပ)၁၁/၂၀၁၇၊ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၀၂ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရပါတယ္။
Unicode
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ် ၄ ကျေးရွာ၊ ပဲစင်းငုံခင်းအနီး ခြုံထဲမှာ လူတဦး ဒဏ်ရာတွေနဲ့ ပုတ်ပွ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ နမ့်စန်စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် မနေ့က စခန်းကို ဖုန်းဆက်လာပြီး ပဲစေ့ငုံခြံအနီ လူတဦး သေဆုံးနေကြောင်း သတင်းရလို့ သွားရောက်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အလောင်းကို နမ့်စန်ပြည်သူ့ဆေးရုံ ပေးပို့စစ်ဆေးရာ သေဆုံးသူရဲ့ ကျောဘက်နံရိုးကြားထဲမှာ ချွန်ထက်သောအရာနဲ့ ထိုးသွင်းဒဏ်ရာ ၁ လက်မလောက်တွေ့ရှိပြီး အဆုတ်ဝဲဘက် အခြမ်းကွဲလျှက် သေဆုံးခဲ့ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ နမ့်စန်မြို့အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုသန်းဇော်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တာလို့ မိခင်ဖြစ်သူ ဒေါ်လှလေးစိန်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းလောက်က ရဲတွေက နေအိမ်အထိလာပြောပြမှ သားငယ်ဖြစ်သူ သေဆုံးတာကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။
ကိုသန်းဇော်ကို သတ်သွားတဲ့ တရာခံအား အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ဖို့ ဒုရဲအုပ် မျိုးမင်းမင်းဦးက တရာလိုပြုလုပ်ပြိး နမ့်စန်မြိုမ ရဲစခန်းမှာ (ပ)၁၁/၂၀၁၇၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။


Loading...