ကိုခြန္ရန္ေနာင္ဦးေျပာျပခဲ႔တဲ႔ ကားမီးေလာင္ေနစဥ္ ကိုေအာင္ခန္႔နဲ႔ ေတြ႕ခဲ႔ရပုံ

Loading...
_________________________________________________________
                      ကိုခြန္ရန္ေနာင္ဦးေျပာျပခဲ႔တဲ႔ ကားမီးေလာင္ေနစဥ္ ကိုေအာင္ခန္႔နဲ႔ ေတြ႕ခဲ႔ရပုံ

ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္ ၄/၂ တြင္ ဇန္န၀ါရီ ၂၁ ရက္ နံနက္ပိုင္းက ပုဂံမွ ဘုရားဖူး ျပန္လာေသာ HiAce ယာဥ္တိမ္းေမွာက္မီးေလာင္မႈေၾကာင့္ လူ ၈ ဦး မီးေလာင္ေသဆုံးခဲ့သည့္ အဆိုပါယာဥ္ မီးေလာင္မႈတြင္ ယာဥ္ေမာင္းတစ္ဦးသာ အသက္ရွင္သည္ဟု ရဲတပ္ဖြဲ႔က ထုတ္ျပန္ခဲ့ေသာ္လည္း ဒုတိယေျမာက္ အသက္ရွင္က်န္ရစ္သူ ရွိေၾကာင္း သုံးသပ္ေျပာဆို ေရးသာမႈမ်ား ထြက္ေပၚလ်က္ ရွိသည္။ ၁၀ ဦးေျမာက္ ကားေပၚမွ ဆင္းလာသူဟု ဓာတ္ပုံႏွင့္ ေဖာ္ျပခံခဲ့ရေသာ KBZ ဘဏ္ဝန္ထမ္း ကိုခြန္ရန္ေနာင္ဦးကို The Voice က သီးသန္႔ေတြ႔ဆုံ၍  သူေတြ႔ႀကံဳခဲ့ရသည့္ ကားမီးေလာင္မႈအေျခအေန၊ အကူအညီ ေပးခဲ့ရမႈမ်ားကို ေတြ႔ဆုံေမးျမန္းခဲ့သည္မ်ားမွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

Voice : အျမန္လမ္းမွာ အန္စာတုံးကား မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး အစ္ကိုႀကံဳေတြ႔ခဲ့တာ ျပန္ေျပာျပေပးပါ။

KYNO : ရန္ကုန္ကေန ကြၽန္ေတာ္တို႔ ဇာတိၿမဳိ႕ ဒိုက္ဦးကို အဲဒီမနက္က ဟာရီယာ စစ္စိမ္းေရာင္ကားနဲ႔ ျပန္လာတယ္၊ ကားေပၚမွာ အေဖရယ္၊ အေမရယ္ ကြၽန္ေတာ္ရယ္ သုံးေယာက္ထဲပါၿပီး ကားကို အေဖက ေမာင္းတယ္။ အျမန္လမ္း ေလးမိုင္ႏွစ္ဖာလုံမွာ ကားတစ္စီး မီးခိုးေတြ အူထြက္ေနတဲ့ကားကို လူႏွစ္ေယာက္က မွန္ေတြ ခဲနဲ႔ထုခြဲေနတာ ေတြ႔ခဲ့တယ္၊ က်န္တစ္ေယာက္က မီးသတ္ေဆးဘူးနဲ႔ မီးၿငႇိမ္းေနတာ ေတြ႔လို႔ ကားရပ္ၿပီး ဘာကူညီရမလဲဆိုၿပီး ကြၽန္ေတာ္က လမ္းေပၚဆင္းလာခဲ့တာပါ။

Voice : မီးေလာင္ေနတဲ့ကားကို အစ္ကိုပါ ဝိုင္းကူၿငႇိမ္းေပးခဲ့လား။

KYNO : ကြၽန္ေတာ္ လမ္းလယ္ကြၽန္းေပၚ ေရာက္ခ်ိန္ မီးေလာင္ေနတဲ့ ကားထဲက ေပါက္ကြဲသံေတြ ၾကားေနရၿပီ၊ မီးၿငႇိမ္းေနတဲ့ လူေတြလည္း ကားနဲ႔ေဝးရာေျပးရင္း ကြၽန္ေတာ့္အနား ေရာက္လာတာ၊ ကားထဲက လြတ္လာတဲ့လူကို ေဘးနားက လူတစ္ေယာက္က လွမ္းေျပာတယ္၊ မီးေလာင္တဲ့ ကားထဲမွာ လူေတြ ပါသြားတယ္ ညီေလး၊ မင္းအိမ္ကို လွမ္းအေၾကာင္းၾကားလိုက္ဦး ေျပာေတာ့ ကားထဲက အသက္ရွင္ လြတ္လာသူက ကြၽန္ေတာ့္ဖုန္း မီးထဲပါသြားၿပီ ေျပာတယ္၊ ဒါနဲ႔ ကြၽန္ေတာ္ရဲ႕ Samsung လက္ကိုင္ဖုန္းကို အဲ့ဒီလူဆီ ထုတ္ေပးလိုက္ၿပီး အစ္ကို ဆက္ခ်င္ဆက္လို႔ ေျပာလိုက္တယ္။

Voice : မီးေလာင္တဲ့ ကားထဲက အသက္ရွင္လြတ္လာသူ ကိုေအာင္ခန္႔က အစ္ကို႔ဖုန္းနဲ႔ ဘယ္ကိုဆက္သြယ္ခဲ့လဲ၊ ေျပာျပေပးပါ။

KYNO : သူ႔အေမဆီ ဖုန္းဆက္တာ၊ ကားထဲမွာ သူ႔ေကာင္မေလးလည္း ပါသြားၿပီ၊ သဃၤန္းကြၽန္းက ေကာင္မေလးေတြေနတဲ့အိမ္ဆီ သြားၿပီး အေၾကာင္းၾကားေပးပါလို႔ သူေျပာေနတာ ၾကားမိတယ္၊ မိသားစုနဲ႔ စကားေျပာေနတာမို႔ ကြၽန္ေတာ္သူ႔အနားမွာ မေနဘဲ ခပ္လွမ္းလွမ္းမွာ သြားရပ္ေနခဲ့တယ္၊ အဲ့ဒီအခ်ိန္မွာ အျမန္လမ္းေပၚသြားေနတဲ့ ကားေတြက မီးေလာင္တဲ့ကားကို ဓာတ္ပုံေတြ ဗီဒီယိုေတြ လွမ္း႐ိုက္ေနတာေတာ့ သတိထားမိလိုက္တယ္။

Voice : ကိုေအာင္ခန္႔က သူ႔အေမဆီ ဖုန္းဆက္ၿပီးေတာ့ မီးေလာင္တဲ့ေနရာမွာ အစ္ကို ဆက္ရွိေနလား။

KYNO : ဟုတ္ကဲ့၊ ရွိေနပါတယ္၊ ဘာလို႔ဆို ကိုေအာင္ခန္႔က သူ႔ဖုန္းမရွိေတာ့လို႔ သူ႔အေမ ဖုန္းထပ္ဆက္လာရင္ စကားေျပာလို႔ရေအာင္ နာရီဝက္ေလာက္ ဒီမွာ ေနေပးပါလို႔ အကူအညီေတာင္းခဲ့တယ္၊ ကြၽန္ေတာ္ အေမ့ကိုေျပာျပၿပီး အခင္းျဖစ္ေနရာမွာ တစ္နာရီေလာက္ ကြၽန္ေတာ္တို႔ေတြ ေနေပးခဲ့တယ္၊ အဲဒီအခ်ိန္မွာ ကိုေအာင္ခန္႔အေမဆီက ဖုန္းႏွစ္ခါ ဆက္လာတယ္၊ ကိုေအာင္ခန္႔နဲ႔ စကားေပးေျပာခဲ့တယ္၊ မီးသတ္နဲ႔ ရဲေတြ ေရာက္လာၿပီးေနာက္ပိုင္း ကားမီးၿငိမ္းသြားမွ ကြၽန္ေတာ္တို႔ မိသားစု ဒိုက္ဦးဘက္ ျပန္ခဲ့တာ၊ ၁၅ မိနစ္ေလာက္အၾကာ လမ္းခုလတ္အေရာက္မွာ ကိုေအာင္ခန္႔ အေမဆီက ဖုန္းထပ္ဝင္လာေသးတယ္၊ ကြၽန္ေတာ္က ခရီးသြားတစ္ေယာက္ပါ၊ ကိုေအာင္ခန္႔ဖုန္း မီးထဲပါသြားလို႔ ကြၽန္ေတာ့္ဖုန္းေပး ဆက္ခဲ့တာပါ၊ အန္တီသား ကိုေအာင္ခန္႔ ဘာမွမျဖစ္ဘူး၊ ကားထဲပါတဲ့ ရွစ္ေယာက္ေတာ့ မီးေလာင္ၿပီး ဆုံးသြားရွာတယ္လို႔ ကြၽန္ေတာ္ျပန္ေျပာေပးခဲ့တယ္။

Voice : လူ ၈ ေယာက္ ကားမီးေလာင္ ေသသြားတဲ့ သတင္းနဲ႔ ဓာတ္ပုံေတြ အြန္လိုင္းေပၚ ပ်ံ႕ခဲ့တာေရာ အစ္ကိုသိလား။

KYNO : သိတယ္၊ ကားမီးေလာင္ၿပီး သုံးရက္ေလာက္ အၾကာမွာ ေဖ့စ္ဘြတ္စ္ေပၚမွာ ဓာတ္ပုံနဲ႔ ဗီဒီယိုဖိုင္ေတြ တက္လာတယ္၊ ကြၽန္ေတာ့္ပုံ ပါလာေၾကာင္း အလုပ္အတူလုပ္ေနတဲ့ သူငယ္ခ်င္းေတြ ေျပာျပလို႔ သိခဲ့တာ၊ ကြၽန္ေတာ္နဲ႔ ကိုေအာင္ခန္႔ ႏွစ္ေယာက္ စကားေျပာေနတဲ့ပုံပါ ေတြ႔လိုက္ရတယ္၊ ဒါေပမဲ့ ေဖ့စ္ဘြတ္ခ္ေပၚက သတင္းေလ၊ ၿပီးသြားမွာပါဆိုၿပီး ကြၽန္ေတာ့္ဘက္က ဘာကြန္႔မန္႔မွ ျပန္မေရးခဲ့ဘူး၊ ဒါေပမဲ့ အေဖနဲ႔ အေမကိုေတာ့ လိုင္းေပၚမွာ ကြၽန္ေတာ့္ပုံေတြ တက္ေနေၾကာင္း အသိေပးခဲ့တယ္။ သိပ္မၾကာဘူး ဂ်ာနယ္တစ္ေစာင္မွာ ကြၽန္ေတာ့္ဓာတ္ပုံနဲ႔ မ်က္ႏွာဖုံး သတင္းပါလာတယ္လို႔ ညီမေလးက ေျပာတယ္၊ သူငယ္ခ်င္းေတြကပါ ဖုန္းေတြ ေတာက္ေလွ်ာက္ဆက္ ေမးလာၾကတယ္။

Voice : ဂ်ာနယ္မွာ အစ္ကို႔ပုံနဲ႔ သတင္းေဖာ္ျပခံရၿပီး ေနာက္ပိုင္း အစ္ကိုတို႔ဘက္က ဘာဆက္လုပ္ခဲ့လဲ။

KYNO : ညီမေလးက သူ႔အေကာင့္မွာ မီးေလာင္တဲ့ ကားေပၚက ဆင္းလာသူဟာ ကြၽန္ေတာ္ မဟုတ္ဘူး၊ ဝင္ကူညီခဲ့တာလို႔ ေရးၿပီးတင္လိုက္တယ္၊ အမ်ားအျမင္မွာ ဒီကားမီးေလာင္မႈမွာ ကြၽန္ေတာ္ပါ ပါဝင္ပတ္သက္ေနသူလို႔ ထင္မွတ္ေနမွာ စိုးရိမ္လို႔ပါ၊ အေဖက သတင္းေဖာ္ျပခဲ့တဲ့ ဂ်ာနယ္တိုက္ကို ေတာင္းပန္စာ ထည့္ခိုင္းမယ္ ေျပာတယ္၊ မထည့္ေပးရင္ တရားစြဲမယ္တဲ့၊ ကြၽန္ေတာ္က ဘဏ္အလုပ္ တစ္ဖက္နဲ႔မို႔ မအားလို႔ ဒီကိစၥေတြကို အေဖပဲ စီစဥ္သြားမွာပါ။

Voice : လူရွစ္ေယာက္ မီးေလာင္ခဲ့တဲ့ ကားနားမွာ အသက္ရွင္လြတ္လာတဲ့ ယာဥ္ေမာင္း ကိုေအာင္ခန္႔နဲ႔ အတူရွိေနတဲ့ အစ္ကို႔ကိုေရာ သက္ဆိုင္ရာက ေခၚေမးျမန္းတာမ်ဳိး မရွိဘူးလား။

KYNO : ရွိတယ္၊ စေနေန႔ (ေဖေဖာ္ဝါရီလ ၁၁ ရက္) က ကြၽန္ေတာ့္ကို စီအိုင္ဒီက ေခၚစစ္တယ္၊ ျဖစ္စဥ္အမွန္ကို ကြၽန္ေတာ္ ထြက္ဆိုေပးခဲ့တယ္၊ သူတို႔လည္း ကားမီးေလာင္စအခ်ိန္မွာ ကိုေအာင္ခန္႔နဲ႔ အတူရွိေနတဲ့ ကားသမား ကိုဝင္းစိုးေအာင္(ခ)ထန္းလ်က္ရယ္၊ မီးသတ္ေဆးဘူးနဲ႔ ဝင္ၿငႇိမ္းေပးခဲ့သူရယ္ကို ေခၚစစ္ေဆးၿပီးၿပီလို႔ ကြၽန္ေတာ့္ကို ေျပာျပတယ္၊ ဒီအမႈကို တည္ေဆာက္ၿပီး တရားစြဲဆိုခဲ့ရင္ တရား႐ုံးမွာ တစ္ရက္ေတာ့ မ်က္ျမင္သက္ေသအျဖစ္ လာေရာက္ထြက္ဆိုေပးဖို႔ ကြၽန္ေတာ့္ကို အကူအညီ ေတာင္းထားတယ္၊

Voice : အခုျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အစ္ကို႔ဘက္က ဘာမ်ား ျဖည့္စြက္ေျပာခ်င္ေသးလဲ ခင္ဗ်ာ။

KYNO : ကားမီးေလာင္ေနတာ ျမင္လို႔ ဝင္ကူညီရေအာင္ ကြၽန္ေတာ္က သြားခဲ့တာပါ၊ ဒါကို ေဖ့စ္ဘြတ္ခ္နဲ႔ ဂ်ာနယ္ေတြမွာ ဓာတ္ပုံနဲ႔တကြ တရားခံတစ္ေယာက္လို ေဖာ္ျပခံရတယ္၊ ကားေပၚက အသက္ရွင္ လြတ္လာသူ ေအာင္ခန္႔နဲ႔ ကြၽန္ေတာ္ ယခင္က မသိခဲ့သလို ျမင္လည္း မျမင္ဖူးဘူး၊ မီးေလာင္တဲ့ေန႔မွ ျမင္ေတြ႔ခဲ့တာ၊ သူ႔မိသားစုဆီ ဆက္သြယ္လို႔ရေအာင္ ကြၽန္ေတာ့္ဖုန္း ေပးဆက္ခဲ့တာပါ၊ ျဖစ္စဥ္အမွန္ကို ေသခ်ာမစုံစမ္းဘဲ ဒီလိုသတင္းေဖာ္ျပခံရမႈက ကြၽန္ေတာ့္အတြက္ေရာ ကြၽန္ေတာ့္မိသားစုပါ အရမ္းထိခိုက္ နစ္နာရပါတယ္။

Voice : အခုလို ေျဖၾကားေပးတာ ေက်းဇူးပါ။
thevoicemyanmar

Unicode
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄/၂ တွင် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ပုဂံမှ ဘုရားဖူး ပြန်လာသော HiAce ယာဉ်တိမ်းမှောက်မီးလောင်မှုကြောင့် လူ ၈ ဦး မီးလောင်သေဆုံးခဲ့သည့် အဆိုပါယာဉ် မီးလောင်မှုတွင် ယာဉ်မောင်းတစ်ဦးသာ အသက်ရှင်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ဒုတိယမြောက် အသက်ရှင်ကျန်ရစ်သူ ရှိကြောင်း သုံးသပ်ပြောဆို ရေးသာမှုများ ထွက်ပေါ်လျက် ရှိသည်။ ၁၀ ဦးမြောက် ကားပေါ်မှ ဆင်းလာသူဟု ဓာတ်ပုံနှင့် ဖော်ပြခံခဲ့ရသော KBZ ဘဏ်ဝန်ထမ်း ကိုခွန်ရန်နောင်ဦးကို The Voice က သီးသန့်တွေ့ဆုံ၍  သူတွေ့ကြုံခဲ့ရသည့် ကားမီးလောင်မှုအခြေအနေ၊ အကူအညီ ပေးခဲ့ရမှုများကို တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : အမြန်လမ်းမှာ အန်စာတုံးကား မီးလောင်မှုနဲ့ ပတ်သက်ပြီး အစ်ကိုကြုံတွေ့ခဲ့တာ ပြန်ပြောပြပေးပါ။

KYNO : ရန်ကုန်ကနေ ကျွန်တော်တို့ ဇာတိမြို့ ဒိုက်ဦးကို အဲဒီမနက်က ဟာရီယာ စစ်စိမ်းရောင်ကားနဲ့ ပြန်လာတယ်၊ ကားပေါ်မှာ အဖေရယ်၊ အမေရယ် ကျွန်တော်ရယ် သုံးယောက်ထဲပါပြီး ကားကို အဖေက မောင်းတယ်။ အမြန်လမ်း လေးမိုင်နှစ်ဖာလုံမှာ ကားတစ်စီး မီးခိုးတွေ အူထွက်နေတဲ့ကားကို လူနှစ်ယောက်က မှန်တွေ ခဲနဲ့ထုခွဲနေတာ တွေ့ခဲ့တယ်၊ ကျန်တစ်ယောက်က မီးသတ်ဆေးဘူးနဲ့ မီးငြှိမ်းနေတာ တွေ့လို့ ကားရပ်ပြီး ဘာကူညီရမလဲဆိုပြီး ကျွန်တော်က လမ်းပေါ်ဆင်းလာခဲ့တာပါ။

Voice : မီးလောင်နေတဲ့ကားကို အစ်ကိုပါ ဝိုင်းကူငြှိမ်းပေးခဲ့လား။

KYNO : ကျွန်တော် လမ်းလယ်ကျွန်းပေါ် ရောက်ချိန် မီးလောင်နေတဲ့ ကားထဲက ပေါက်ကွဲသံတွေ ကြားနေရပြီ၊ မီးငြှိမ်းနေတဲ့ လူတွေလည်း ကားနဲ့ဝေးရာပြေးရင်း ကျွန်တော့်အနား ရောက်လာတာ၊ ကားထဲက လွတ်လာတဲ့လူကို ဘေးနားက လူတစ်ယောက်က လှမ်းပြောတယ်၊ မီးလောင်တဲ့ ကားထဲမှာ လူတွေ ပါသွားတယ် ညီလေး၊ မင်းအိမ်ကို လှမ်းအကြောင်းကြားလိုက်ဦး ပြောတော့ ကားထဲက အသက်ရှင် လွတ်လာသူက ကျွန်တော့်ဖုန်း မီးထဲပါသွားပြီ ပြောတယ်၊ ဒါနဲ့ ကျွန်တော်ရဲ့ Samsung လက်ကိုင်ဖုန်းကို အဲ့ဒီလူဆီ ထုတ်ပေးလိုက်ပြီး အစ်ကို ဆက်ချင်ဆက်လို့ ပြောလိုက်တယ်။

Voice : မီးလောင်တဲ့ ကားထဲက အသက်ရှင်လွတ်လာသူ ကိုအောင်ခန့်က အစ်ကို့ဖုန်းနဲ့ ဘယ်ကိုဆက်သွယ်ခဲ့လဲ၊ ပြောပြပေးပါ။

KYNO : သူ့အမေဆီ ဖုန်းဆက်တာ၊ ကားထဲမှာ သူ့ကောင်မလေးလည်း ပါသွားပြီ၊ သင်္ဃန်းကျွန်းက ကောင်မလေးတွေနေတဲ့အိမ်ဆီ သွားပြီး အကြောင်းကြားပေးပါလို့ သူပြောနေတာ ကြားမိတယ်၊ မိသားစုနဲ့ စကားပြောနေတာမို့ ကျွန်တော်သူ့အနားမှာ မနေဘဲ ခပ်လှမ်းလှမ်းမှာ သွားရပ်နေခဲ့တယ်၊ အဲ့ဒီအချိန်မှာ အမြန်လမ်းပေါ်သွားနေတဲ့ ကားတွေက မီးလောင်တဲ့ကားကို ဓာတ်ပုံတွေ ဗီဒီယိုတွေ လှမ်းရိုက်နေတာတော့ သတိထားမိလိုက်တယ်။

Voice : ကိုအောင်ခန့်က သူ့အမေဆီ ဖုန်းဆက်ပြီးတော့ မီးလောင်တဲ့နေရာမှာ အစ်ကို ဆက်ရှိနေလား။

KYNO : ဟုတ်ကဲ့၊ ရှိနေပါတယ်၊ ဘာလို့ဆို ကိုအောင်ခန့်က သူ့ဖုန်းမရှိတော့လို့ သူ့အမေ ဖုန်းထပ်ဆက်လာရင် စကားပြောလို့ရအောင် နာရီဝက်လောက် ဒီမှာ နေပေးပါလို့ အကူအညီတောင်းခဲ့တယ်၊ ကျွန်တော် အမေ့ကိုပြောပြပြီး အခင်းဖြစ်နေရာမှာ တစ်နာရီလောက် ကျွန်တော်တို့တွေ နေပေးခဲ့တယ်၊ အဲဒီအချိန်မှာ ကိုအောင်ခန့်အမေဆီက ဖုန်းနှစ်ခါ ဆက်လာတယ်၊ ကိုအောင်ခန့်နဲ့ စကားပေးပြောခဲ့တယ်၊ မီးသတ်နဲ့ ရဲတွေ ရောက်လာပြီးနောက်ပိုင်း ကားမီးငြိမ်းသွားမှ ကျွန်တော်တို့ မိသားစု ဒိုက်ဦးဘက် ပြန်ခဲ့တာ၊ ၁၅ မိနစ်လောက်အကြာ လမ်းခုလတ်အရောက်မှာ ကိုအောင်ခန့် အမေဆီက ဖုန်းထပ်ဝင်လာသေးတယ်၊ ကျွန်တော်က ခရီးသွားတစ်ယောက်ပါ၊ ကိုအောင်ခန့်ဖုန်း မီးထဲပါသွားလို့ ကျွန်တော့်ဖုန်းပေး ဆက်ခဲ့တာပါ၊ အန်တီသား ကိုအောင်ခန့် ဘာမှမဖြစ်ဘူး၊ ကားထဲပါတဲ့ ရှစ်ယောက်တော့ မီးလောင်ပြီး ဆုံးသွားရှာတယ်လို့ ကျွန်တော်ပြန်ပြောပေးခဲ့တယ်။

Voice : လူ ၈ ယောက် ကားမီးလောင် သေသွားတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့ခဲ့တာရော အစ်ကိုသိလား။

KYNO : သိတယ်၊ ကားမီးလောင်ပြီး သုံးရက်လောက် အကြာမှာ ဖေ့စ်ဘွတ်စ်ပေါ်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ တက်လာတယ်၊ ကျွန်တော့်ပုံ ပါလာကြောင်း အလုပ်အတူလုပ်နေတဲ့ သူငယ်ချင်းတွေ ပြောပြလို့ သိခဲ့တာ၊ ကျွန်တော်နဲ့ ကိုအောင်ခန့် နှစ်ယောက် စကားပြောနေတဲ့ပုံပါ တွေ့လိုက်ရတယ်၊ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က သတင်းလေ၊ ပြီးသွားမှာပါဆိုပြီး ကျွန်တော့်ဘက်က ဘာကွန့်မန့်မှ ပြန်မရေးခဲ့ဘူး၊ ဒါပေမဲ့ အဖေနဲ့ အမေကိုတော့ လိုင်းပေါ်မှာ ကျွန်တော့်ပုံတွေ တက်နေကြောင်း အသိပေးခဲ့တယ်။ သိပ်မကြာဘူး ဂျာနယ်တစ်စောင်မှာ ကျွန်တော့်ဓာတ်ပုံနဲ့ မျက်နှာဖုံး သတင်းပါလာတယ်လို့ ညီမလေးက ပြောတယ်၊ သူငယ်ချင်းတွေကပါ ဖုန်းတွေ တောက်လျှောက်ဆက် မေးလာကြတယ်။

Voice : ဂျာနယ်မှာ အစ်ကို့ပုံနဲ့ သတင်းဖော်ပြခံရပြီး နောက်ပိုင်း အစ်ကိုတို့ဘက်က ဘာဆက်လုပ်ခဲ့လဲ။

KYNO : ညီမလေးက သူ့အကောင့်မှာ မီးလောင်တဲ့ ကားပေါ်က ဆင်းလာသူဟာ ကျွန်တော် မဟုတ်ဘူး၊ ဝင်ကူညီခဲ့တာလို့ ရေးပြီးတင်လိုက်တယ်၊ အများအမြင်မှာ ဒီကားမီးလောင်မှုမှာ ကျွန်တော်ပါ ပါဝင်ပတ်သက်နေသူလို့ ထင်မှတ်နေမှာ စိုးရိမ်လို့ပါ၊ အဖေက သတင်းဖော်ပြခဲ့တဲ့ ဂျာနယ်တိုက်ကို တောင်းပန်စာ ထည့်ခိုင်းမယ် ပြောတယ်၊ မထည့်ပေးရင် တရားစွဲမယ်တဲ့၊ ကျွန်တော်က ဘဏ်အလုပ် တစ်ဖက်နဲ့မို့ မအားလို့ ဒီကိစ္စတွေကို အဖေပဲ စီစဉ်သွားမှာပါ။

Voice : လူရှစ်ယောက် မီးလောင်ခဲ့တဲ့ ကားနားမှာ အသက်ရှင်လွတ်လာတဲ့ ယာဉ်မောင်း ကိုအောင်ခန့်နဲ့ အတူရှိနေတဲ့ အစ်ကို့ကိုရော သက်ဆိုင်ရာက ခေါ်မေးမြန်းတာမျိုး မရှိဘူးလား။

KYNO : ရှိတယ်၊ စနေနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) က ကျွန်တော့်ကို စီအိုင်ဒီက ခေါ်စစ်တယ်၊ ဖြစ်စဉ်အမှန်ကို ကျွန်တော် ထွက်ဆိုပေးခဲ့တယ်၊ သူတို့လည်း ကားမီးလောင်စအချိန်မှာ ကိုအောင်ခန့်နဲ့ အတူရှိနေတဲ့ ကားသမား ကိုဝင်းစိုးအောင်(ခ)ထန်းလျက်ရယ်၊ မီးသတ်ဆေးဘူးနဲ့ ဝင်ငြှိမ်းပေးခဲ့သူရယ်ကို ခေါ်စစ်ဆေးပြီးပြီလို့ ကျွန်တော့်ကို ပြောပြတယ်၊ ဒီအမှုကို တည်ဆောက်ပြီး တရားစွဲဆိုခဲ့ရင် တရားရုံးမှာ တစ်ရက်တော့ မျက်မြင်သက်သေအဖြစ် လာရောက်ထွက်ဆိုပေးဖို့ ကျွန်တော့်ကို အကူအညီ တောင်းထားတယ်၊

Voice : အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ်ကို့ဘက်က ဘာများ ဖြည့်စွက်ပြောချင်သေးလဲ ခင်ဗျာ။

KYNO : ကားမီးလောင်နေတာ မြင်လို့ ဝင်ကူညီရအောင် ကျွန်တော်က သွားခဲ့တာပါ၊ ဒါကို ဖေ့စ်ဘွတ်ခ်နဲ့ ဂျာနယ်တွေမှာ ဓာတ်ပုံနဲ့တကွ တရားခံတစ်ယောက်လို ဖော်ပြခံရတယ်၊ ကားပေါ်က အသက်ရှင် လွတ်လာသူ အောင်ခန့်နဲ့ ကျွန်တော် ယခင်က မသိခဲ့သလို မြင်လည်း မမြင်ဖူးဘူး၊ မီးလောင်တဲ့နေ့မှ မြင်တွေ့ခဲ့တာ၊ သူ့မိသားစုဆီ ဆက်သွယ်လို့ရအောင် ကျွန်တော့်ဖုန်း ပေးဆက်ခဲ့တာပါ၊ ဖြစ်စဉ်အမှန်ကို သေချာမစုံစမ်းဘဲ ဒီလိုသတင်းဖော်ပြခံရမှုက ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုပါ အရမ်းထိခိုက် နစ်နာရပါတယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးပါ။
thevoicemyanmar
Loading...

ေနာက္ဆုံးရသတင္းမ်ား ⇩⇩⇩