Breaking News


ကားတုိက္ခံရသူကုိ ေဆး႐ုံအျမန္မပုိ႕ဘဲ ဓာတ္ပုံသာ႐ိုက္ေနခဲ့ၾကလုိ႕ ေသြးထြက္လြန္ၿပီး ေသဆုံး ( ရုပ္သံ )


Loading...

ကားတုိက္ခံရသူကုိ ေဆး႐ုံအျမန္မပုိ႕ဘဲ ဓာတ္ပုံသာ႐ိုက္ေနခဲ့ၾကလုိ႕ ေသြးထြက္လြန္ၿပီး ေသဆုံး

ဆယ္ေက်ာ္သက္တစ္ဦးကုိ ကားျဖင့္တုိက္ၿပီး ေမာင္းေျပးသြားတဲ့ျဖစ္ရပ္မွာ ဝုိင္းအုံၾကည့္သူေတြက ကားတုိက္ခံရတဲ့ ဆယ္ေက်ာ္သက္ကို ေဆး႐ုံသုိ႕ အခ်ိန္မီေရာက္ႏုိင္ေရး လုပ္ေဆာင္ခဲ့ျခင္းမ႐ွိမႈအေပၚ အိႏၵိယျပည္သူေတြၾကား စိတ္ထိခိုက္ တုန္လႈပ္ေနၾကေၾကာင္း သိရပါတယ္။ ေဒသတြင္း သတင္းေတြရဲ႕ ေဖာ္ျပမႈအရ ကားတုိက္ခံရၿပီး ဒဏ္ရာျဖင့္လဲေနတဲ့ ဆယ္ေက်ာ္သက္ကုိ လူအမ်ားက ဝုိင္အုံၾကည့္ၿပီး ဓာတ္ပုံ၊ ဗီဒီယုိ႐ုိက္ခဲ့ၾကေပမဲ့ ေဆး႐ုံပုိ႕ေဆာင္ရန္ ကူညီခဲ့ျခင္းမ႐ွိဘူးလုိ႕ ဆုိပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္ အန္ဝါအလီ႐ွိ ဆယ္ေက်ာ္သက္ဟာ စက္ဘီးစီးနင္းလာစဥ္ ဘတ္စ္ကားျဖင့္တုိက္မိခဲ့ၿပီးေနာက္ မိနစ္ ၃၀ ခန္႕ၾကာမွသာ ေဆး႐ုံသုိ႕ ပုိ႕ေဆာင္ခဲ့ပါတယ္။ ကာနတ္တာကာျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ အဆုိပါယာဥ္တုိက္မႈအတြင္း အန္ဝါအလီဟာ ေသြးထြက္လြန္မႈေၾကာင့္ ေသဆုံးခဲ့ပါတယ္။ ယာဥ္တုိက္မႈျဖစ္ၿပီးေနာက္ အန္ဝါအလီကုိ ေဆး႐ုံသုိ႕ ယခုထက္ပုိမုိျမန္ဆန္စြာ ပုိ႕ေဆာင္ေပးခဲ့ၿပီး အခ်ိန္မီကုသႏုိင္ၿပီး အသက္႐ွင္ႏုိင္မွာျဖစ္ေၾကာင္း ဆရာဝန္ေတြက ေျပာပါတယ္။
ကာနတ္တာကာျပည္နယ္ ေကာ့ပ္ပဲလ္ေဒသမွာ ျဖစ္ပြားခဲ့တဲ့ အဆုိပါျဖစ္ရပ္ေၾကာင့္ အိႏၵိယမွာ ယာဥ္မေတာ္တဆမႈမ်ားအတြင္း ထိခိုက္ဒဏ္ရာသူေတြကုိ ကူညီေပးရန္ ဝန္ေလးၾကေၾကာင္း ေဝဖန္ေျပာဆုိမႈေတြ ထြက္ေပၚလာခဲ့ပါတယ္။ တက္ၾကြလႈပ္႐ွားသူအခ်ဳိ႕က ယခုျဖစ္ရပ္ဟာ ကူညီတတ္မႈမ႐ွိျခင္းအျပင္ ယာဥ္မေတာ္တဆမႈမွာ ထိခိုက္ဒဏ္ရာရသူ ေသဆုံးသူေတြနဲ႕ ပတ္သက္ၿပီး ကိုင္တြယ္ေဆာင္႐ြက္တဲ့ စနစ္မွားယြင္းမႈလည္းျဖစ္ေၾကာင္း ေဝဖန္ၾကပါတယ္။
"အဓိကအေၾကာင္းက ရဲေတြကုိ ေၾကာက္လို႔ပဲဗ်၊ ယာဥ္တုိက္မႈျဖစ္လုိ႕ ထိခိုက္ဒဏ္ရာရသူကုိ သြားကူညီရင္ အဲဒီလူကုိ ယာဥ္တုိက္မႈအျပစ္ကေနလြတ္ေအာင္ ကူညီေပးတာလို႕ ရဲေတြက ယူဆၾကတယ္" လို႕ ေဘးကင္းလုံၿခဳံေရး စည္း႐ုံးလႈံ႕ေဆာ္ေနသူ ပီယြတ္႐ွ္ တီဝါရီက ယမန္ႏွစ္အတြင္း ဘီဘီစီသတင္းဌာနကုိ ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ ယာဥ္တုိက္မႈမွာ ပါဝင္ကူညီသူေတြဟာ တရား႐ုံးမွာ မ်က္ျမင္သက္ေသအျဖစ္ ထြက္ဆုိေပးရႏုိင္တာေၾကာင့္ အလုပ္႐ႈပ္မွာစိုးရိမ္ၾကေၾကာင္းလည္း သိရပါတယ္။
အိႏၵိယမွာ တရား႐ုံး စစ္ေဆးၾကားနာမႈေတြဟာလည္း ကာလ႐ွည္ၾကာလြန္းတာေၾကာင့္ နာမည္ဆုိးထြက္ေနပါတယ္။ ထုိ႕အတူ ယာဥ္မေတာ္တဆမႈမွာ ထိခိုက္ဒဏ္ရာရသူကုိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ေပးပါက ေဆးကုသစရိတ္ အေတာင္းခံရမွာကုိလည္း စုိးရိမ္ၾကတယ္လုိ႕ ဆုိပါတယ္။
ယမန္ႏွစ္ ေမလအတြင္းက ယာဥ္မေတာ္တဆမႈျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူေတြကုိ ကူညီေပးသူမ်ားအား စိတ္အေႏွာင့္အယွက္ ျဖစ္ေစမယ့္ ကိစၥမ်ားမွကာကြယ္ေပးရန္ အိႏၵိယတရား႐ုံးခ်ဳပ္က ဥပေဒထုတ္ထားၿပီး ယခု ယာဥ္တုိက္မႈျဖစ္ခဲ့တဲ့ ကာနတ္တာကာျပည္နယ္မွာလည္း ထုိသို႕ ဥပေဒျပဌာန္းထားေၾကာင္း သိရပါတယ္။ သို႕ေသာ္ အိႏိၵျပည္သူ အမ်ားအျပားက အဆုိပါ ဥပေဒျပဌာန္းထားမႈကုိ မသိ႐ွိၾကဘဲ ရဲတပ္ဖြဲ႕က ဥပေဒအတုိင္း လုိက္နာေဆာင္႐ြက္မယ္လုိ႕လည္း မယုံၾကည္ၾကဘူးလို႕ ဆုိပါတယ္။



ဆယ်ကျော်သက်တစ်ဦးကို ကားဖြင့်တိုက်ပြီး မောင်းပြေးသွားတဲ့ဖြစ်ရပ်မှာ ဝိုင်းအုံကြည့်သူတွေက ကားတိုက်ခံရတဲ့ ဆယ်ကျော်သက်ကို ဆေးရုံသို့ အချိန်မီရောက်နိုင်ရေး လုပ်ဆောင်ခဲ့ခြင်းမရှိမှုအပေါ် အိန္ဒိယပြည်သူတွေကြား စိတ်ထိခိုက် တုန်လှုပ်နေကြကြောင်း သိရပါတယ်။ ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြမှုအရ ကားတိုက်ခံရပြီး ဒဏ်ရာဖြင့်လဲနေတဲ့ ဆယ်ကျော်သက်ကို လူအများက ဝိုင်အုံကြည့်ပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခဲ့ကြပေမဲ့ ဆေးရုံပို့ဆောင်ရန် ကူညီခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အသက် ၁၇ နှစ်အရွယ် အန်ဝါအလီရှိ ဆယ်ကျော်သက်ဟာ စက်ဘီးစီးနင်းလာစဉ် ဘတ်စ်ကားဖြင့်တိုက်မိခဲ့ပြီးနောက် မိနစ် ၃၀ ခန့်ကြာမှသာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ကာနတ်တာကာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါယာဉ်တိုက်မှုအတွင်း အန်ဝါအလီဟာ သွေးထွက်လွန်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးနောက် အန်ဝါအလီကို ဆေးရုံသို့ ယခုထက်ပိုမိုမြန်ဆန်စွာ ပို့ဆောင်ပေးခဲ့ပြီး အချိန်မီကုသနိုင်ပြီး အသက်ရှင်နိုင်မှာဖြစ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။
ကာနတ်တာကာပြည်နယ် ကော့ပ်ပဲလ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ကြောင့် အိန္ဒိယမှာ ယာဉ်မတော်တဆမှုများအတွင်း ထိခိုက်ဒဏ်ရာသူတွေကို ကူညီပေးရန် ဝန်လေးကြကြောင်း ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူအချို့က ယခုဖြစ်ရပ်ဟာ ကူညီတတ်မှုမရှိခြင်းအပြင် ယာဉ်မတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရသူ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်တဲ့ စနစ်မှားယွင်းမှုလည်းဖြစ်ကြောင်း ဝေဖန်ကြပါတယ်။
"အဓိကအကြောင်းက ရဲတွေကို ကြောက်လို့ပဲဗျ၊ ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူကို သွားကူညီရင် အဲဒီလူကို ယာဉ်တိုက်မှုအပြစ်ကနေလွတ်အောင် ကူညီပေးတာလို့ ရဲတွေက ယူဆကြတယ်" လို့ ဘေးကင်းလုံခြုံရေး စည်းရုံးလှုံ့ဆော်နေသူ ပီယွတ်ရှ် တီဝါရီက ယမန်နှစ်အတွင်း ဘီဘီစီသတင်းဌာနကို ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ယာဉ်တိုက်မှုမှာ ပါဝင်ကူညီသူတွေဟာ တရားရုံးမှာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးရနိုင်တာကြောင့် အလုပ်ရှုပ်မှာစိုးရိမ်ကြကြောင်းလည်း သိရပါတယ်။
အိန္ဒိယမှာ တရားရုံး စစ်ဆေးကြားနာမှုတွေဟာလည်း ကာလရှည်ကြာလွန်းတာကြောင့် နာမည်ဆိုးထွက်နေပါတယ်။ ထို့အတူ ယာဉ်မတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရသူကို ဆေးရုံသို့ပို့ဆောင်ပေးပါက ဆေးကုသစရိတ် အတောင်းခံရမှာကိုလည်း စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။
ယမန်နှစ် မေလအတွင်းက ယာဉ်မတော်တဆမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးသူများအား စိတ်အနှောင့်အယှက် ဖြစ်စေမယ့် ကိစ္စများမှကာကွယ်ပေးရန် အိန္ဒိယတရားရုံးချုပ်က ဥပဒေထုတ်ထားပြီး ယခု ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ကာနတ်တာကာပြည်နယ်မှာလည်း ထိုသို့ ဥပဒေပြဌာန်းထားကြောင်း သိရပါတယ်။ သို့သော် အိန္ဒိပြည်သူ အများအပြားက အဆိုပါ ဥပဒေပြဌာန်းထားမှုကို မသိရှိကြဘဲ ရဲတပ်ဖွဲ့က ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်လို့လည်း မယုံကြည်ကြဘူးလို့ ဆိုပါတယ်။
Loading...