Breaking News

သရုပ္ေဆာင္ ေနမ်ိဳးေအာင္ ေတြ႔ဆံုျခင္း


Loading...

ျမန္မာ႔ဗီြဒီယိုေလာကတြင္ ေအာင္ျမင္ေသာ ေစ်းကြက္ဝင္မင္းသားတစ္ဦးအျဖစ္ ရပ္တည္ေနသည့္ သရုပ္ေဆာင္ ေနမ်ိဳးေအာင္ကို လက္တေလာသူ၏ အႏုပညာလႈပ္ရွားမႈမ်ားႏွင့္အတူ လက္ရွိ ဗီြဒီယိုဇာတ္ကားရိုက္ကူးမႈမ်ားႏွင့္ ပတ္သတ္၍ ေမးျမန္းျဖစ္ခဲ့သည္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။  

ေမး။    ။ လက္ရွိ ရိုက္ေနတဲ့ ဇာတ္ကားေလး အေၾကာင္းေျပာပါဦး။
ေျဖ။     ။ လက္ရွိရိုက္ေနတာက အျဖဴေရာင္ႏွလံုးသားမ်ား ဗီြဒီယိုဇာတ္ကားပါ။ မီးသတ္ဂုဏ္ျပဳ ဇာတ္ကားေလး ေပါ့။ ဒီလိုမ်ိဳး မီးသတ္ဂုဏ္ျပဳဇာတ္ကား ရိုက္တာ ဒါက တတိယေျမာက္ ကားေပါ့။ ဒီကားက မိသားစု ကားေလး ေပါ့။ အရမ္းရႈပ္ေထြးေနတဲ့ ဇာတ္လမ္းမွာ အခ်စ္ဒဏ္ရာနဲ႔ လုပ္ငန္းေတြ ဆံုးရံႈးေနတဲ့ လူတစ္ေယာက္က ေမႊထားတာ ေပါ့။ ဒါကို မီးသတ္က လိုက္ရွင္းရတာ။ ကိုယ္ကဒီကားမွာ အတၱႀကီးတဲ့ စီးပြားေရးလုပ္ငန္းရွင္ ေနရာကေန ပါဝင္ထားပါတယ္။ လူမႈေရးလုပ္ငန္းေတြ စိတ္မဝင္စားတဲ့သူေပါ့။  

ေမး။    ။ ဒီလိုဇာတ္ရုပ္မ်ိဳးေရွ႕မွာ ရိုက္ဖူးတယ္ထင္တယ္ေနာ္။
ေျဖ။     ။ ဟုတ္တယ္။ ကိုယ္ကေတာ ့ကာရိုက္တာ သိပ္မေရြးဘူး။ ကိုယ့္အေနနဲ႔ ဇာတ္ကားတစ္ကားမွာ ဘယ္လို ပံ့ပိုးေပးႏိုင္မလဲ။ ဘယ္ေလာက္ အေထာက္အပံ့ေပးႏိုင္မလဲဆိုတာပဲ ၾကည့္တယ္။

ေမး။    ။ ကာရိုက္တာမေရြးဘူးဆိုေပမယ့္ ကိုယ့္ဆီလာတဲ့ ကာရိုက္တာအေပၚၾကည့္ၿပီး စီစဥ္ရတာရွိလား။
ေျဖ။     ။ ရွိတယ္။ အလြန့္အကြ်ံ ကာရိုက္တာ ၾကမ္းၾကမ္းတမ္းတမ္းႀကီးေတြ၊ ကြ်န္ေတာ္တို႔ ႏိုင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔ မလိုက္တာမ်ိဳး၊ အသက္နဲ႔ မလိုက္တဲ့ ကာရိုက္တာမ်ိဳးဆို မရိုက္ျဖစ္ေတာ့ဘူး။

ေမး။    ။ ကာရိုက္တာ အၾကမ္းႀကီးဆိုတာမ်ိဳးက ဘယ္လိုမ်ိဳးလဲ။ ေနာက္အသက္နဲ႔ မလိုက္တဲ့ ကာရိုက္တာ အပိုင္းလဲ သိခ်င္ပါတယ္။
ေျဖ။     ။ အရမ္းဗီလိန္ဆန္တာမ်ိဳးေတြေပါ့။ အသက္နဲ႔ မလိုက္တဲ့ကာရိုက္တာကေတာ့ အရမ္းခ်ာတိတ္ဆန္ဆန္ အခ်စ္ ဇာတ္လမ္းေတြဆိုရင္ ကိုယ္နဲ႔မလိုက္ေတာ့ဘူး။ အခ်စ္ဇာတ္လမ္းဆို ဦးနဲ႔ သမီးဇာတ္လမ္းမ်ိဳးေတာ့ ရိုက္လို႔ ရတယ္။

ေမး။    ။ MRTV 4 ဇာတ္လမ္းတြဲေတြမွာ ပါဝင္ရိုက္ကူးထားတာ ေတြ႔ရတယ္။ ေနာက္ပိုင္းေရာ ရိုက္ဖို႔ရွိလား။
ေျဖ။     ။ MRTV 4 အတြက္ ဒါရိုက္တာဦးၿငိမ္းမင္းနဲ႔ ရိုက္ဖို႔ စီစဥ္ထားတယ္။ ဘယ္ေတာ့ရိုက္ျဖစ္မလဲ မသိေသး ဘူး။ သူျပင္ဆင္ေနတယ္လို႔ေတာ့ သိရတယ္။ပို၍လွေသာ မနက္ျဖန္မွာေတာ့ “နာမည္တခုရခဲ့တာေပါ့။ အခု ထပ္ရိုက္မယ့္ ကားက အရမ္းေကာင္းမယ္လို႔ ေျပာတယ္။

ေမး။    ။ အကို ပရိသတ္ေတြလည္း ရုပ္ရွင္ဘက္မွာ ေတြ႔ခ်င္ၾကမွာဆိုေတာ့ ရုပ္ရွင္ရိုက္ထားေတြရွိရင္လည္း ေျပာပါဦး။
ေျဖ။     ။ ကားႀကီးက အားလံုး(၆)ကားေလာက္ ရွိတယ္။ ဒီႏွစ္ထဲမွာ ငဘဇာတ္ကားထြက္မယ္။ ဒီကားမွာေတာ့ ဇာတ္ပို႔အေနနဲ႔ ရိုက္ထားတယ္ေပါ့။ ေနာက္ႀကိဳးနဲ႔ ခ်ည္ထားေသာ ဗာရာဏသီ၊ အထိအေတြ႔၊ ေၾကးႀကီးတယ္၊  စားတယ္၊ ေနာက္ထပ္ကားေတြလည္း ရိုက္ထားပါတယ္။

ေမး။    ။ လက္ရွိ ဗီြဒီယိုေစ်းကြက္မွာေရာ တစ္လဘယ္ႏွစ္ကားေလာက္ ရိုက္ျဖစ္လဲ။
ေျဖ။     ။ အရင္ကထက္ အရမ္းက်သြားတယ္။ ဗီြဒီယိုက ကြ်န္ေတာ္တို႔အနုပညာသမားေတြအတြက္ အသက္ ေသြးေၾကာလို႔ ေျပာရမယ္။ အခုက်ေတာ့ ဗီြဒီယိုေစ်းကြက္က ေတာ္ေတာ္ပ်က္စီးသြားၿပီ။ တစ္ခ်ိဳ႕ ဗီြဒီယိုမင္းသား ေတြဆိုရင္ နားလိုက္ၾကၿပီ။ ရုပ္ရွင္ဘက္ကို လွည့္ၾကၿပီေပါ့။ ကြ်န္ေတာ္ကေတာ့ အခုထိ ဗီြဒီယိုကားကို ရိုက္ေနရ တုန္းပဲ။ ဒါေပမယ့္ အရင္တုန္းကလို ဂ်ဴတီအျပည့္မရိုက္ရေတာ့ဘူး။ အရင္က ဗီြဒီယိုတစ္ကားကို (၁၀)ရက္ ရိုက္ တယ္။ ဇာတ္ႀကီးရင္ (၁၂)ရက္ေပါ့။ အဲ့ေေတာ့(၁၂)ဂ်ဴတီ မဟုတ္ေတာင္ (၈)ဂ်ဴတီေလာက္သြားတယ္ေပါ့။ အခု က်ေတာ့ (၅)ရက္ (၆)ဂ်ဴတီေလာက္ပဲ ရိုက္ၾကေတာ့တယ္။ အဲ့လိုက်ေတာ့ ပိုၿပီးပင္ပန္းတာေပါ့။ ဒါေၾကာင့္ တစ္ ခ်ိဳ႕မင္းသားေတြနားေပမယ္႔ ကြ်န္ေတာ္က ဆက္ရိုက္ေနရတုန္းပဲ။

ေမး။    ။ အရင္ဆိုတစ္လ (၃)ကားက ပံုမွန္ရိုက္ၾကတယ္။ အစ္ကိုေရာ အခုတစ္လ ဘယ္ႏွစ္ကားေလာက္ ရိုက္ ျဖစ္လဲ။
ေျဖ။     ။ အရင္က သံုးကားေလာက္ရိုက္ရေပမယ့္ အခုကေတာ့ (၂)ကားေလာက္ကို ပံုမွန္ရိုက္ျဖစ္ပါတယ္။ ကားႀကီး ဝင္လာရင္ေတာ့ တစ္လလံုးအတြက္ ကားႀကီးကိုပဲ အခ်ိန္ေပးလိုက္ေတာ့တယ္။

ေမး။    ။ ပရိသတ္ကိုေျပာခ်င္တာမ်ားရွိလား။
ေျဖ။     ။ ဒီအခ်ိန္ထိ အားေပးလို႔ ေက်းဇူးတင္ပါတယ္။

အခုလိုေျဖၾကားေပးတဲ႔အတြက္ ေက်းဇူးတင္ပါတယ္ရွင္႔။  
thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ 

Displaying NO 1.jpg

မြန်မာ့ဗွီဒီယိုလောကတွင် အောင်မြင်သော ဈေးကွက်ဝင်မင်းသားတစ်ဦးအဖြစ် ရပ်တည်နေသည့် သရုပ်ဆောင် နေမျိုးအောင်ကို လက်တလောသူ၏ အနုပညာလှုပ်ရှားမှုများနှင့်အတူ လက်ရှိ ဗွီဒီယိုဇာတ်ကားရိုက်ကူးမှုများနှင့် ပတ်သတ်၍ မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။  

မေး။    ။ လက်ရှိ ရိုက်နေတဲ့ ဇာတ်ကားလေး အကြောင်းပြောပါဦး။
ဖြေ။     ။ လက်ရှိရိုက်နေတာက အဖြူရောင်နှလုံးသားများ ဗွီဒီယိုဇာတ်ကားပါ။ မီးသတ်ဂုဏ်ပြု ဇာတ်ကားလေး ပေါ့။ ဒီလိုမျိုး မီးသတ်ဂုဏ်ပြုဇာတ်ကား ရိုက်တာ ဒါက တတိယမြောက် ကားပေါ့။ ဒီကားက မိသားစု ကားလေး ပေါ့။ အရမ်းရှုပ်ထွေးနေတဲ့ ဇာတ်လမ်းမှာ အချစ်ဒဏ်ရာနဲ့ လုပ်ငန်းတွေ ဆုံးရှုံးနေတဲ့ လူတစ်ယောက်က မွှေထားတာ ပေါ့။ ဒါကို မီးသတ်က လိုက်ရှင်းရတာ။ ကိုယ်ကဒီကားမှာ အတ္တကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင် နေရာကနေ ပါဝင်ထားပါတယ်။ လူမှုရေးလုပ်ငန်းတွေ စိတ်မဝင်စားတဲ့သူပေါ့။  

မေး။    ။ ဒီလိုဇာတ်ရုပ်မျိုးရှေ့မှာ ရိုက်ဖူးတယ်ထင်တယ်နော်။
ဖြေ။     ။ ဟုတ်တယ်။ ကိုယ်ကတော ့ကာရိုက်တာ သိပ်မရွေးဘူး။ ကိုယ့်အနေနဲ့ ဇာတ်ကားတစ်ကားမှာ ဘယ်လို ပံ့ပိုးပေးနိုင်မလဲ။ ဘယ်လောက် အထောက်အပံ့ပေးနိုင်မလဲဆိုတာပဲ ကြည့်တယ်။

မေး။    ။ ကာရိုက်တာမရွေးဘူးဆိုပေမယ့် ကိုယ့်ဆီလာတဲ့ ကာရိုက်တာအပေါ်ကြည့်ပြီး စီစဉ်ရတာရှိလား။
ဖြေ။     ။ ရှိတယ်။ အလွန့်အကျွံ ကာရိုက်တာ ကြမ်းကြမ်းတမ်းတမ်းကြီးတွေ၊ ကျွန်တော်တို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မလိုက်တာမျိုး၊ အသက်နဲ့ မလိုက်တဲ့ ကာရိုက်တာမျိုးဆို မရိုက်ဖြစ်တော့ဘူး။

မေး။    ။ ကာရိုက်တာ အကြမ်းကြီးဆိုတာမျိုးက ဘယ်လိုမျိုးလဲ။ နောက်အသက်နဲ့ မလိုက်တဲ့ ကာရိုက်တာ အပိုင်းလဲ သိချင်ပါတယ်။
ဖြေ။     ။ အရမ်းဗီလိန်ဆန်တာမျိုးတွေပေါ့။ အသက်နဲ့ မလိုက်တဲ့ကာရိုက်တာကတော့ အရမ်းချာတိတ်ဆန်ဆန် အချစ် ဇာတ်လမ်းတွေဆိုရင် ကိုယ်နဲ့မလိုက်တော့ဘူး။ အချစ်ဇာတ်လမ်းဆို ဦးနဲ့ သမီးဇာတ်လမ်းမျိုးတော့ ရိုက်လို့ ရတယ်။

မေး။    ။ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးထားတာ တွေ့ရတယ်။ နောက်ပိုင်းရော ရိုက်ဖို့ရှိလား။
ဖြေ။     ။ MRTV 4 အတွက် ဒါရိုက်တာဦးငြိမ်းမင်းနဲ့ ရိုက်ဖို့ စီစဉ်ထားတယ်။ ဘယ်တော့ရိုက်ဖြစ်မလဲ မသိသေး ဘူး။ သူပြင်ဆင်နေတယ်လို့တော့ သိရတယ်။”ပို၍လှသော မနက်ဖြန်မှာတော့ “နာမည်တခုရခဲ့တာပေါ့။ အခု ထပ်ရိုက်မယ့် ကားက အရမ်းကောင်းမယ်လို့ ပြောတယ်။

မေး။    ။ အကို ပရိသတ်တွေလည်း ရုပ်ရှင်ဘက်မှာ တွေ့ချင်ကြမှာဆိုတော့ ရုပ်ရှင်ရိုက်ထားတွေရှိရင်လည်း ပြောပါဦး။
ဖြေ။     ။ ကားကြီးက အားလုံး(၆)ကားလောက် ရှိတယ်။ ဒီနှစ်ထဲမှာ ငဘဇာတ်ကားထွက်မယ်။ ဒီကားမှာတော့ ဇာတ်ပို့အနေနဲ့ ရိုက်ထားတယ်ပေါ့။ နောက်ကြိုးနဲ့ ချည်ထားသော ဗာရာဏသီ၊ အထိအတွေ့၊ ကြေးကြီးတယ်၊  စားတယ်၊ နောက်ထပ်ကားတွေလည်း ရိုက်ထားပါတယ်။

မေး။    ။ လက်ရှိ ဗွီဒီယိုဈေးကွက်မှာရော တစ်လဘယ်နှစ်ကားလောက် ရိုက်ဖြစ်လဲ။
ဖြေ။     ။ အရင်ကထက် အရမ်းကျသွားတယ်။ ဗွီဒီယိုက ကျွန်တော်တို့အနုပညာသမားတွေအတွက် အသက် သွေးကြောလို့ ပြောရမယ်။ အခုကျတော့ ဗွီဒီယိုဈေးကွက်က တော်တော်ပျက်စီးသွားပြီ။ တစ်ချို့ ဗွီဒီယိုမင်းသား တွေဆိုရင် နားလိုက်ကြပြီ။ ရုပ်ရှင်ဘက်ကို လှည့်ကြပြီပေါ့။ ကျွန်တော်ကတော့ အခုထိ ဗွီဒီယိုကားကို ရိုက်နေရ တုန်းပဲ။ ဒါပေမယ့် အရင်တုန်းကလို ဂျူတီအပြည့်မရိုက်ရတော့ဘူး။ အရင်က ဗွီဒီယိုတစ်ကားကို (၁၀)ရက် ရိုက် တယ်။ ဇာတ်ကြီးရင် (၁၂)ရက်ပေါ့။ အဲ့တော့(၁၂)ဂျူတီ မဟုတ်တောင် (၈)ဂျူတီလောက်သွားတယ်ပေါ့။ အခု ကျတော့ (၅)ရက် (၆)ဂျူတီလောက်ပဲ ရိုက်ကြတော့တယ်။ အဲ့လိုကျတော့ ပိုပြီးပင်ပန်းတာပေါ့။ ဒါကြောင့် တစ် ချို့မင်းသားတွေနားပေမယ့် ကျွန်တော်က ဆက်ရိုက်နေရတုန်းပဲ။

မေး။    ။ အရင်ဆိုတစ်လ (၃)ကားက ပုံမှန်ရိုက်ကြတယ်။ အစ်ကိုရော အခုတစ်လ ဘယ်နှစ်ကားလောက် ရိုက် ဖြစ်လဲ။
ဖြေ။     ။ အရင်က သုံးကားလောက်ရိုက်ရပေမယ့် အခုကတော့ (၂)ကားလောက်ကို ပုံမှန်ရိုက်ဖြစ်ပါတယ်။ ကားကြီး ဝင်လာရင်တော့ တစ်လလုံးအတွက် ကားကြီးကိုပဲ အချိန်ပေးလိုက်တော့တယ်။

မေး။    ။ ပရိသတ်ကိုပြောချင်တာများရှိလား။
ဖြေ။     ။ ဒီအချိန်ထိ အားပေးလို့ ကျေးဇူးတင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။  

thadinatin.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ 
Loading...