အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ


_________________________________________________________



.

Unicode

Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။ အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။

၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက်ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။ ဒီတော့ Prostitution ဘက် ကိုပဲ ပြန်ရောက် ပါတယ်။ ၁၅ နှစ် ကျော် ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန် ထူးချွန် ပါတယ်။ အမျိုးသားပေါင်း ၁၀ဝ၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရ ပါတယ်။ တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms Montenegro ဟာ ယောင်္ကျား အကြောင်း နောကြေ သွားသူ ဖြစ်ပါတယ်။ ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမ ကိုယ်တိုင် ရေးသား ထုတ်ဝေ လိုက်ပါတယ်။

သက်တမ်း တစ်လျှောက် သူမ နဲ့ အိပ်စက် ခဲ့တဲ့ အမျိုးသား အရေ အတွက် ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည် နဲ့ ပညာ အရည်အချင်း အရလည်း ခေ သူ မဟုတ်ပေမယ့် အဲ့ဒီ အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိက တို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.

Source: အောင်ခမ်း (ရိုးရာလေး)