Breaking News


သရုပ္ေဆာင္စိုးျပည့္သဇင္ ၎၏တတိယေျမာက္တစ္ကိုယ္ေတာ္ေတးစီးရီး အတြက္ ျပင္ဆင္ေန


Loading...


သရုပ္ေဆာင္ အဆိုေတာ္စိုးျပည့္သဇင္အေနျဖင့္ တတိယေျမာက္တစ္ကိုယ္ေတာ္ေတးစီးရီးအတြက္ ျပင္ဆင္ေန ေၾကာင္း သိရသည္။
အဆိုပါေတးစီးရီးမွ သီခ်င္းတစ္ပုဒ္ခ်င္းစီကို အြန္လိုင္းမွျဖန့္ခ်ိကာ ပရိသတ္အသံကိုနားေထာင္သြားမည္ ျဖစ္ၿပီး MTV ပါ တစ္ခါတည္းထြက္ရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။
“တတိယအယ္ဘမ္အတြက္ သီခ်င္းေရြးတာ ေလးပုဒ္ေလာက္ရွိေနၿပီ။ အေခေြခါင္းစၪ္ကေတာ့ သီခ်င္းအားလုံး လက္ထဲေရာက္မွ ဘယ္သီခ်င္းကို Title ေပးရမလဲဆိုတာၾကည့္ၿပီး ဆုံးျဖတ္မွာပါ။ တတိယအေခြ MTV တစ္ခါ တည္းထြက္မယ္ေပါ့။ သီခ်င္းေတြကိုတစ္ပုဒ္ခ်င္းစီ အြန္လိုင္းကေနခ်ျပမယ္။ ပရိသတ္အသံကို နားေထာင္မယ္။ ၿပီးမွ MTV ကို အေကာင္းဆုံးရိုက္ၿပီး ထြက္မယ္လို႕ စၪ္းစားထားပါတယ္”ဟု စိုးျပည့္သဇင္က ေျပာသည္။

ထို႕အျပင္ စိုးျပည့္သဇင္အေနျဖင့္ စနၵီျမင့္လြင္နွင့္အတူ အတြဲေတးစီးရီးတစ္ေခြကိုလည္း ျပင္ဆင္ေနေၾကာင္း သိရသည္။
“မဒီးဒီနဲ့လည္း အတြဲေခြလုပ္ေနတယ္။ သူနဲ့က mini album ေလးေပါ့။သူက ဟစ္ေဟာ့ေတြဆိုတာ မ်ားတယ္။ ဒါေၾကာင့္ ဟစ္ေဟာ့နဲ့ လိုက္တဲ့ R&P ပုံစံေလးေတြကို စိုးျပည့္က ဆိုထားတယ္။ စိုးျပည့္ကေတာ့ အဲ့အေခြမွာ အရမ္းႀကိဳက္တဲ့ သီခ်င္းေဟာင္းေလးေတြ ျပန္ဆိုထားတယ္။ အဲ့အတြက္ ေရးတုန္းေပါ့။ စိုးျပည့္နွစ္ေယာက္လုပ္ ထားတဲ့ Don’t make me lonely ဆိုတဲ့ သီခ်င္းေလးကို အရင္ဆုံးအြန္လိုင္းမွာ တင္တယ္။ ေပါ့သီခ်င္း ခ်ိဳခ်ိဳေလး ဆိုေနက်ျဖစ္တဲ့ စိုးျပည့္အတြက္ေတာ့ R&P ဆိုတဲ့အခါမွာကြာျခားမႈရွိတယ္ ”ဟု သူမက ေျပာသည္။
အဆိုေတာ္စိုးျပည့္သဇင္သည္ တစ္ကိုယ္ေတာ္ေတးစီးရီးအေနျဖင့္ ခ်စ္သူေရြးမယ္၊ အခ်စ္ကိုရွာေဖေြတြ႔ရွိျခင္း စသည့္ တစ္ကိုယ္ေတာ္ေတးစီးရီးမ်ားထြက္ရွိထားၿပီး လတ္တေလာတြင္ ရန္ကုန္နွင့္ နယ္ရွိုးမ်ားကို ေဖ်ာ္ေျဖ ေပးရန္ရွိေၾကာင္း သိရသည္။

 thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။
 Unicode
သရုပ်ဆောင် အဆိုတော်စိုးပြည့်သဇင်အနေဖြင့် တတိယမြောက်တစ်ကိုယ်တော်တေးစီးရီးအတွက် ပြင်ဆင်နေ ကြောင်း သိရသည်။
အဆိုပါတေးစီးရီးမှ သီချင်းတစ်ပုဒ်ချင်းစီကို အွန်လိုင်းမှဖြန့်ချိကာ ပရိသတ်အသံကိုနားထောင်သွားမည် ဖြစ်ပြီး MTV ပါ တစ်ခါတည်းထွက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။
“တတိယအယ်ဘမ်အတွက် သီချင်းရွေးတာ လေးပုဒ်လောက်ရှိနေပြီ။ အခွေေခါင်းစဉ်ကတော့ သီချင်းအားလုံး လက်ထဲရောက်မှ ဘယ်သီချင်းကို Title ပေးရမလဲဆိုတာကြည့်ပြီး ဆုံးဖြတ်မှာပါ။ တတိယအခွေ MTV တစ်ခါ တည်းထွက်မယ်ပေါ့။ သီချင်းတွေကိုတစ်ပုဒ်ချင်းစီ အွန်လိုင်းကနေချပြမယ်။ ပရိသတ်အသံကို နားထောင်မယ်။ ပြီးမှ MTV ကို အကောင်းဆုံးရိုက်ပြီး ထွက်မယ်လို့ စဉ်းစားထားပါတယ်”ဟု စိုးပြည့်သဇင်က ပြောသည်။

ထို့အပြင် စိုးပြည့်သဇင်အနေဖြင့် စန္ဒီမြင့်လွင်နှင့်အတူ အတွဲတေးစီးရီးတစ်ခွေကိုလည်း ပြင်ဆင်နေကြောင်း သိရသည်။
“မဒီးဒီနဲ့လည်း အတွဲခွေလုပ်နေတယ်။ သူနဲ့က mini album လေးပေါ့။သူက ဟစ်ဟော့တွေဆိုတာ များတယ်။ ဒါကြောင့် ဟစ်ဟော့နဲ့ လိုက်တဲ့ R&P ပုံစံလေးတွေကို စိုးပြည့်က ဆိုထားတယ်။ စိုးပြည့်ကတော့ အဲ့အခွေမှာ အရမ်းကြိုက်တဲ့ သီချင်းဟောင်းလေးတွေ ပြန်ဆိုထားတယ်။ အဲ့အတွက် ရေးတုန်းပေါ့။ စိုးပြည့်နှစ်ယောက်လုပ် ထားတဲ့ Don’t make me lonely ဆိုတဲ့ သီချင်းလေးကို အရင်ဆုံးအွန်လိုင်းမှာ တင်တယ်။ ပေါ့သီချင်း ချိုချိုလေး ဆိုနေကျဖြစ်တဲ့ စိုးပြည့်အတွက်တော့ R&P ဆိုတဲ့အခါမှာကွာခြားမှုရှိတယ် ”ဟု သူမက ပြောသည်။
အဆိုတော်စိုးပြည့်သဇင်သည် တစ်ကိုယ်တော်တေးစီးရီးအနေဖြင့် ချစ်သူရွေးမယ်၊ အချစ်ကိုရှာဖွေေတွ့ရှိခြင်း စသည့် တစ်ကိုယ်တော်တေးစီးရီးများထွက်ရှိထားပြီး လတ်တလောတွင် ရန်ကုန်နှင့် နယ်ရှိုးများကို ဖျော်ဖြေ ပေးရန်ရှိကြောင်း သိရသည်။
Loading...