Breaking News


ဘဂၤါလီအခ်ိဳ႕ကို ႐ိုက္ႏွက္တဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ျပီး ရဲတပ္ဖြဲ႕ဝင္ရွစ္ဦးကို စံုစမ္းစစ္ေဆးမႈ ၿပီးဆံုး


Loading...


ဘဂၤါလီအခ်ိဳ႕ကို ႐ိုက္ႏွက္ခဲ့တဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ျပီး ရဲတပ္ဖြဲ႕ဝင္ရွစ္ဦးကို စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနမႈဟာ ၿပီးျပတ္သြားျပီျဖစ္တာေၾကာင့္ ျပစ္ဒဏ္ခ်ဖို႔ အဆင့္သာ က်န္ေတာ့တယ္လို႔ သိရပါတယ္။
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္ေက်းရြာမွာ  ၂၀၁၆ ႏိုဝင္ဘာက ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ဟာ ဘဂၤါလီအခ်ိဳ႕ကို ႐ိုက္ႏွက္ခဲ့တဲ့ဗီဒီယို လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အဆိုပါျဖစ္စဥ္ကို ျပည္ထဲေရးဝန္ႀကီးဌာနက ဦးေဆာင္စစ္ေဆးေနတာ ျဖစ္ပါတယ္။
စံုခံုလည္း ၿပီးကာ ရဲတရား႐ံုးလည္း ထုိင္ၿပီးသြားၿပီျဖစ္တာေၾကာင့္ ျပစ္ဒဏ္အတည္ျပဳခ်က္ေစာင့္ေနတယ္လို႔ ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
ဘဂၤါလီအခ်ိဳ႕ကို ႐ိုက္ႏွက္ခဲ့တဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ျပီး တာဝန္ရွိ ရဲတပ္ဖြဲ႕ဝင္ရွစ္ဦးကို ထိန္းသိမ္းစစ္ေဆးေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၃ ရက္ ရက္စြဲနဲ႔ သတင္းထုတ္္ျပန္ထားပါတယ္။
ပထမအဆင့္ စံုစမ္းစစ္ေဆးေရးခံု႐ံုးဖြဲ႕ကာ ဒုတိယအဆင့္မွာေတာ့ သက္ေသခံအက်ဥ္းခ်ဳပ္နဲ႔ စစ္ေဆးခဲ့တာျဖစ္ျပီး  ရဲတရား႐ံုးမွာလည္း စစ္ေဆးခဲ့ၿပီးျဖစ္တာေၾကာင့္ ေနာက္ဆံုးအခ်က္ျဖစ္တဲ့ ျပစ္ဒဏ္ခ်ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။ ျပစ္ဒဏ္အတည္ျပဳခ်က္ကိုေတာ့ ရဲခ်ဳပ္က ခ်မွတ္ရမွာျဖစ္တယ္လို႔ သိရပါတယ္။
ကိုးတန္ေကာက္ေက်းရြာမွာ ျဖစ္ပြားခဲ့တဲ့ အေျခအေနဟာ တစ္ဖက္ႏွင့္တစ္ဖက္ အာဃာတတရားေၾကာင့္ မဟုတ္ဘဲ လတ္တေလာ ျဖစ္ေပၚတဲ့ အေျခအေနေၾကာင့္သာ ၫႊန္ၾကားခ်က္ေတြအေပၚ လုိက္နာအေကာင္ အထည္ေဖာ္ေဆာင္ရြက္ဖို႔ အားနည္းခ်က္ေတြေၾကာင့္ျဖစ္ၿပီး ရဲတပ္ဖြဲ႕နဲ႔ ျပည္သူအၾကား၊ ရဲတပ္ဖြဲ႕နဲ႔ ျပစ္မႈက်ဴးလြန္သူေတြအၾကား မၾကာခဏ ျဖစ္ေပၚေနတဲ့ စိန္ေခၚမႈတစ္ရပ္ ျဖစ္တာကို ေတြ႕ရတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။
စစ္ေဆးခံေနရတဲ့ ရဲတပ္ဖြဲ႕ဝင္ရွစ္ဦးအနက္ သံုးဦးကို စစ္ေတြၿမိဳ႕ရွိ အမွတ္(၃၆) လံုၿခံဳေရးရဲ တပ္ဖြဲ႕ခြဲမွာ ထိန္းသိမ္းထားၿပီး ငါးဦးကို အမွတ္(၁)နယ္ျခားေစာင့္ ကြပ္ကဲမႈအဖြဲ႕(က်ီးကန္ျပင္) မွာ ထိန္းသိမ္းထားပါတယ္။
 Source: 7Day Daily
Unicode
ဘင်္ဂါလီအချို့ကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေမှုဟာ ပြီးပြတ်သွားပြီဖြစ်တာကြောင့် ပြစ်ဒဏ်ချဖို့ အဆင့်သာ ကျန်တော့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာမှာ  ၂၀၁၆ နိုဝင်ဘာက ရဲတပ်ဖွဲ့ဝင်အချို့ဟာ ဘင်္ဂါလီအချို့ကို ရိုက်နှက်ခဲ့တဲ့ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
စုံခုံလည်း ပြီးကာ ရဲတရားရုံးလည်း ထိုင်ပြီးသွားပြီဖြစ်တာကြောင့် ပြစ်ဒဏ်အတည်ပြုချက်စောင့်နေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
ဘင်္ဂါလီအချို့ကို ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပထမအဆင့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ ဒုတိယအဆင့်မှာတော့ သက်သေခံအကျဉ်းချုပ်နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး  ရဲတရားရုံးမှာလည်း စစ်ဆေးခဲ့ပြီးဖြစ်တာကြောင့် နောက်ဆုံးအချက်ဖြစ်တဲ့ ပြစ်ဒဏ်ချဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ ပြစ်ဒဏ်အတည်ပြုချက်ကိုတော့ ရဲချုပ်က ချမှတ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုးတန်ကောက်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေဟာ တစ်ဖက်နှင့်တစ်ဖက် အာဃာတတရားကြောင့် မဟုတ်ဘဲ လတ်တလော ဖြစ်ပေါ်တဲ့ အခြေအနေကြောင့်သာ ညွှန်ကြားချက်တွေအပေါ် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ဖို့ အားနည်းချက်တွေကြောင့်ဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ပြည်သူအကြား၊ ရဲတပ်ဖွဲ့နဲ့ ပြစ်မှုကျူးလွန်သူတွေအကြား မကြာခဏ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်တာကို တွေ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ဆေးခံနေရတဲ့ ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအနက် သုံးဦးကို စစ်တွေမြို့ရှိ အမှတ်(၃၆) လုံခြုံရေးရဲ တပ်ဖွဲ့ခွဲမှာ ထိန်းသိမ်းထားပြီး ငါးဦးကို အမှတ်(၁)နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့(ကျီးကန်ပြင်) မှာ ထိန်းသိမ်းထားပါတယ်။
 Source: 7Day Daily
Loading...