Breaking News


ေအာက္ပါ ေရာဂါရွိသူ မိမိခ်စ္သူကို ကိုယ္၀န္ တားေဆး လုံး၀ မတိုက္ပါႏွင့္


Loading...


ေရာဂါရွိသူမ်ား ပဋိသေႏၶ တားေဆး မစားသင့္ေၾကာင္း က်န္းမာေရး သုေတသီမ်ား၏ ေလ့လာေတြ႕ရွိခ်က္ မ်ားအရ သိရွိရသည္။ ေအာက္တြင္ ေဖာ္ျပေရးသားမည့္ ေရာဂါရွိသူမ်ား ပဋိသေႏၶတားေဆး သံုးစြဲရန္ မသင့္ေပ။

(၁) ေသြးျပန္ေၾကာ ပိတ္ေရာဂါ၊ ဦးေႏွာက္ ေသြးေၾကာက်ဥ္း ေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါ၊
(၂) သားျမတ္ကင္ဆာ ေရာဂါရွိသူ
(၃) ဟိုမုန္း(Esirogen)မတည့္ေသာ အက်ိတ္ကင္ဆာေရာဂါ၊
(၄) အေၾကာင္းမဲ့ မၾကာခဏ ေသြးဆင္းေရာဂါ၊
(၅) ကိုယ္ဝန္ရွိသည္ဟု သံသယ ျဖစ္ေနသူ၊
(၆) အသည္းေရာဂါ အမ်ိဳးမ်ိဳးရွိေနသူ ျဖစ္ေနသူမ်ားသည္ ပဋိသေႏၶ တားေဆးကို သံုးစြဲရန္ မသင့္ေၾကာင္း သတိျပဳေစခ်င္ ပါသည္။
ေဆးအႏၱရာယ္ အေၾကာင္း
(၁) ပဋိသေႏၶ တားေဆးေၾကာင့္ ေသြးျပန္ေၾကာ ပိတ္ျခင္း၊ ေသြးျပန္ ေၾကာအတြင္း ေသြးခဲျခင္းတို႔ ျဖစ္တတ္ သည္။ ေဆးသံုးစြဲ သူမ်ားတြင္ ဤကဲ့သို႔ ျဖစ္ရန္ ၂ ဆမွ ၁၁ ဆအထိ အႏၱရာယ္ ပိုမိုေၾကာင္း သိရသည္။ ဦးေႏွာက္တြင္း ေသြးေၾကာက်ဥ္းျခင္း၊ ပိတ္ျခင္းမွာ သံုးစြဲသူမ်ားတြင္ ၂ ဆပိုမိုျဖစ္တတ္သည္ ႏွလံုးေသြး ေၾကာက်ဥ္း ေရာဂါႏွင့္ ႏွလံုးေသြးေၾကာ ပိတ္ေရာဂါမ်ားလည္း ေဆးသံုးစြဲသူမ်ားတြင္ ပိုမိုျဖစ္တတ္သည္။ အထူးသျဖင့္ အသက္(၃၅)ႏွစ္ ေက်ာ္ၿပီး ေဆးလိပ္ ေသာက္သူ၊ ေသြးတိုးရွိသူ၊ ဝလြန္းသူႏွင့္ ဆီးခ်ိဳေရာဂါ ရွိသူမ်ားတြင္ ပိုမိုအႏၱရာယ္မ်ား ပါသည္။ တားေဆးကို အသက္ ၃၅ ႏွစ္ေက်ာ္ အထက္ အမ်ိဳးသမီးမ်ား တြင္ ေဆးကို ၅ ႏွစ္ဆက္ တိုက္စား လာပါက ေသြးေၾကာက်ဥ္းေရာဂါ မ်ားေၾကာင့္ ေသဆံုးမႈမွာ ၁၀ ဆေက်ာ္ မ်ားျပားလာေၾကာင္း ေတြ႕ရသည္။
(၂) မ်က္စိအတြင္း ခံအာ႐ံုေၾကာကို ေရာင္ေစသည္။ ေဆးေသာက္ ေနစဥ္ မ်က္စိမႈန္လာျခင္း၊ မ်က္ခြံ က်ျခင္းတို႔ ျဖစ္ေပၚလာပါက ေဆးကို ရပ္ၿပီး မ်က္စိစမ္းသပ္ရန္ လိုအပ္သည္။
(၃) ပဋိသေႏၶတားေဆးကို ၾကာရွည္စြာ ေသာက္သံုးက ရင္သား၊သား အိမ္၊သားဥ အိမ္ႏွင့္ သားအိမ္ေခါင္း ကင္ဆာျဖစ္ရန္ အလားအလာ ရွိသည္။
(၄) ပဋိသေႏၶ တားေဆးေၾကာင့္ အသည္း၊ အက်ိတ္လံုး ေပါက္ျခင္း၊ အသည္းေရာင္ျခင္း၊ အသည္း မာျခင္းႏွင့္ အသည္းကင္ဆာ ျဖစ္တတ္ျခင္း။
(၅) သည္းေျခအိတ္ေရာင္ျခင္းႏွင့္ သည္းေျခအိတ္ ေရာဂါအမ်ိဳးမ်ိဳး တို႔ျဖစ္တတ္ေၾကာင္း ေတြ႕ရသည္။
(၆) ေဆးသံုးစြဲသူမ်ားတြင္ ေသြးတိုးေရာဂါ ျဖစ္ႏႈန္း မ်ားျပားလာေၾကာင္း သိရသည္။ ပဋိသေႏၶ တားေဆးကို ၅ ႏွစ္ဆက္တိုက္ သံုးစြဲပါက ေသြးတိုး ျဖစ္ႏႈန္းမွာ ၃ ဆပိုမိုမ်ားျပား ႏိုင္ေၾကာင္း သိရသည္။
(၇) ေသြးဆင္းမ်ားျခင္း၊ အနည္းငယ္ ဆက္တိုင္ဆင္းျခင္း၊ ရာသီေသြး မလာျခင္းစေသာ ရာသီေသြး မမွန္သည့္ ေရာဂါလကၡဏာမ်ား ေပၚတတ္။
(၈) ကိုယ္လက္ေရာင္ျခင္း၊ ေဖာျခင္း၊ ေဆးျဖတ္လိုက္ေသာ္လည္း ၿမံဳသြားျခင္း၊ ရာသီလာစဥ္နာက်င္ ကိုက္ခဲျခင္း၊ သားျမတ္ေရာင္ျခင္း၊ ကိုယ္အေလးခ်ိန္ တက္ျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္း၊ ေခါင္းကိုက္ျခင္း၊ အေရျပားယားနာေပါက္ျခင္း၊ စိတ္ညစ္ျခင္း၊ စိတ္လႈပ္ရွား လြယ္ျခင္း၊ မ်က္စိ တိမ္ကြယ္ျခင္း၊ ဖိုမစိတ္ဆႏၵ အေျပာင္းအလဲ ရွိျခင္း၊ အစားအေသာက္ ပ်က္ျခင္း၊ ေျခလက္ ထံုက်ဥ္ျခင္း၊ ေခါင္းမူးျခင္း၊ ႏွာမႊန္ျခင္း၊ ေမာပန္းလြယ္ ျခင္း၊ခါးကိုက္ျခင္း၊ ႏႈတ္ခမ္းေမြးမ်ား ေပါက္ျခင္း၊ ဆံပင္ကြ်တ္ျခင္း၊ ယားယံ ျခင္း၊ အေရျပား ေအာက္ေသြးယိုျခင္း၊ ေသြးအားနည္းျခင္း၊ ဝမ္းကိုက္ျခင္း၊ သြားဖံုးေရာင္ျခင္းႏွင့္ အဆစ္အျမစ္ ေရာင္ျခင္းတို႔ ျဖစ္ေပၚႏိုင္ပါသည္။
By ရိုးရာေလး
Unicode
ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။

(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊
(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ
(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊
(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊
(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊
(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။
ဆေးအန္တရာယ် အကြောင်း
(၁) ပဋိသန္ဓေ တားဆေးကြောင့် သွေးပြန်ကြော ပိတ်ခြင်း၊ သွေးပြန် ကြောအတွင်း သွေးခဲခြင်းတို့ ဖြစ်တတ် သည်။ ဆေးသုံးစွဲ သူများတွင် ဤကဲ့သို့ ဖြစ်ရန် ၂ ဆမှ ၁၁ ဆအထိ အန္တရာယ် ပိုမိုကြောင်း သိရသည်။ ဦးနှောက်တွင်း သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းမှာ သုံးစွဲသူများတွင် ၂ ဆပိုမိုဖြစ်တတ်သည် နှလုံးသွေး ကြောကျဉ်း ရောဂါနှင့် နှလုံးသွေးကြော ပိတ်ရောဂါများလည်း ဆေးသုံးစွဲသူများတွင် ပိုမိုဖြစ်တတ်သည်။ အထူးသဖြင့် အသက်(၃၅)နှစ် ကျော်ပြီး ဆေးလိပ် သောက်သူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူနှင့် ဆီးချိုရောဂါ ရှိသူများတွင် ပိုမိုအန္တရာယ်များ ပါသည်။ တားဆေးကို အသက် ၃၅ နှစ်ကျော် အထက် အမျိုးသမီးများ တွင် ဆေးကို ၅ နှစ်ဆက် တိုက်စား လာပါက သွေးကြောကျဉ်းရောဂါ များကြောင့် သေဆုံးမှုမှာ ၁၀ ဆကျော် များပြားလာကြောင်း တွေ့ရသည်။
(၂) မျက်စိအတွင်း ခံအာရုံကြောကို ရောင်စေသည်။ ဆေးသောက် နေစဉ် မျက်စိမှုန်လာခြင်း၊ မျက်ခွံ ကျခြင်းတို့ ဖြစ်ပေါ်လာပါက ဆေးကို ရပ်ပြီး မျက်စိစမ်းသပ်ရန် လိုအပ်သည်။
(၃) ပဋိသန္ဓေတားဆေးကို ကြာရှည်စွာ သောက်သုံးက ရင်သား၊သား အိမ်၊သားဥ အိမ်နှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ရန် အလားအလာ ရှိသည်။
(၄) ပဋိသန္ဓေ တားဆေးကြောင့် အသည်း၊ အကျိတ်လုံး ပေါက်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း မာခြင်းနှင့် အသည်းကင်ဆာ ဖြစ်တတ်ခြင်း။
(၅) သည်းခြေအိတ်ရောင်ခြင်းနှင့် သည်းခြေအိတ် ရောဂါအမျိုးမျိုး တို့ဖြစ်တတ်ကြောင်း တွေ့ရသည်။
(၆) ဆေးသုံးစွဲသူများတွင် သွေးတိုးရောဂါ ဖြစ်နှုန်း များပြားလာကြောင်း သိရသည်။ ပဋိသန္ဓေ တားဆေးကို ၅ နှစ်ဆက်တိုက် သုံးစွဲပါက သွေးတိုး ဖြစ်နှုန်းမှာ ၃ ဆပိုမိုများပြား နိုင်ကြောင်း သိရသည်။
(၇) သွေးဆင်းများခြင်း၊ အနည်းငယ် ဆက်တိုင်ဆင်းခြင်း၊ ရာသီသွေး မလာခြင်းစသော ရာသီသွေး မမှန်သည့် ရောဂါလက္ခဏာများ ပေါ်တတ်။
(၈) ကိုယ်လက်ရောင်ခြင်း၊ ဖောခြင်း၊ ဆေးဖြတ်လိုက်သော်လည်း မြုံသွားခြင်း၊ ရာသီလာစဉ်နာကျင် ကိုက်ခဲခြင်း၊ သားမြတ်ရောင်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားနာပေါက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်လှုပ်ရှား လွယ်ခြင်း၊ မျက်စိ တိမ်ကွယ်ခြင်း၊ ဖိုမစိတ်ဆန္ဒ အပြောင်းအလဲ ရှိခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခြေလက် ထုံကျဉ်ခြင်း၊ ခေါင်းမူးခြင်း၊ နှာမွှန်ခြင်း၊ မောပန်းလွယ် ခြင်း၊ခါးကိုက်ခြင်း၊ နှုတ်ခမ်းမွေးများ ပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယားယံ ခြင်း၊ အရေပြား အောက်သွေးယိုခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် အဆစ်အမြစ် ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

By ရိုးရာလေး
Loading...