Breaking News


၄ ႏွစ္ကေလးအား အဓမၼျပဳက်င့္မႈ သံသယျဖင့္ အသက္ ၇၀ ေက်ာ္ အဘိုးအိုကုိ အမႈဖြင့္


Loading...


မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ဝဲပတန္ေက်းရြာမွာ အသက္ ၇၄ ႏွစ္အရြယ္
အဘိုးအိုတဦးက အသက္ ၄ ႏွစ္အရြယ္ရွိတဲ့ မိန္းကေလးငယ္ကို အဓမၼ
ၿပဳက်င့္ခံရေၾကာင္း ေဖေဖာ္ဝါရီ ၁ ရက္ ေန႔လယ္ပိုင္းက လာေရာက္တိုင္
ႀကားခဲ့တယ္လို႔ ေပါင္ၿမိဳ႕နယ္ အလွပ္ရဲစခန္းက သိရပါတယ္။
-
“ျဖစ္တာက ဝဲပတန္ေက်းရြာ၊ အမွတ္(၂)ရပ္ကြက္က ဦးေအာင္ေက်ာ္စိုး၊ ေဒၚျပည့္ျပည့္ဝင္းတို႔ရဲ႕ သမီးအငယ္ဆံုးပါ။ သားသမီးက ၄ ေယာက္ပါ။ ေလာေလာဆယ္ေတာာ့ က်ဴးလြန္သူကို ဖမ္းဆီးထား ပါတယ္။ သူတကယ္လုပ္လား မလုပ္ဘူးလားဆိုတာကေတာ့ မ်က္ျမင္မေတြ႔ခဲ့လို႔ က်ေနာ္တို႔အေနနဲ႔ ေျပာလို႔မရေသးပါဘူး။ ေဆးစာထြက္မွဘဲ သိရမယ္။ မေန႔က႐ံုးခ်ိန္ေက်ာ္သြားလို႔ ရမန္မယူျဖစ္ဘူး။ ဒီေန႔မွပဲ တရား႐ုံးမွာ သြား
ယူရမယ္။ ဦးတင္လွကိုေတာ့ ၃၇၆ နဲ႔ ဖြင့္ထားတယ္”လို႔ အလွပ္ရဲကင္းစခန္းမႉး ရဲအုပ္တင့္လြင္ကေျပာပါတယ္။
-
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁ ရက္ မနက္ပိုင္းက ေဒၚျပည့္ျပည့္ဝင္း က တရြာ
တည္းေန မခင္ေဆြဦးအိမ္မွာ အဝတ္ေလ်ွာ္၊ ထမင္းခ်က္ျပဳလုပ္ဖို႔အတြက္ သမီးျဖစ္သူ မပန္းအိျဖဴကိုေခၚသြားၿပီး ေန႔လယ္ပိုင္းမွာ ထမင္းေကြ်းၿပီး ေနအိမ္မွာေဆာ့ကစားဖို႔အတြက္ ျပန္လႊတ္ခဲ့ပါတယ္။
-
မြန္းလြဲ ၁၂ နာရီ ခြဲေလာက္မွာ တူမျဖစ္သူက ေဒၚျပည့္ျပည့္ဝင္း အဝတ္ေလ်ွာ္
တဲ့ေနအိမ္ကို လိုက္လာၿပီး သူတို႔အိမ္ကို အလည္အပတ္ေရာက္ရွိေနတဲ့ အဖိုးျဖစ္သူ ဦးတင္လွက မပန္းအိၿဖိဳးကို မဖြယ္မရာျပဳလုပ္ေနတာကုိ ေတြ႔
ရေၾကာင္း ေျပာျပလို႔ ေဒၚျပည္ျပည့္ဝင္းမွ သမီးျဖစ္သူရဲ႕ မိန္းမကိုယ္အား ၾကည့္ရႈၿပီးေနာက္ အလွပ္နယ္ေျမရဲစခန္းကို သြားေရာက္ တိုင္ၾကားခဲ့တာလို႔ သိရပါတယ္။
-
ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဦးတင္လွကို ေပါင္ၿမိဳ႕မရဲစခန္းက (ပ)၆၃/၂၀၁၇ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ ရဲမွတ္တမ္း
ေတြအရ သိရပါတယ္။
========
ဒီဗီြဘီ#Tin Naing Tun


Unicode

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာမှာ အသက် ၇၄ နှစ်အရွယ်
အဘိုးအိုတဦးက အသက် ၄ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်ကို အဓမ္မ
ပြုကျင့်ခံရကြောင်း ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းက လာရောက်တိုင်
ကြားခဲ့တယ်လို့ ပေါင်မြို့နယ် အလှပ်ရဲစခန်းက သိရပါတယ်။
-
“ဖြစ်တာက ဝဲပတန်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်က ဦးအောင်ကျော်စိုး၊ ဒေါ်ပြည့်ပြည့်ဝင်းတို့ရဲ့ သမီးအငယ်ဆုံးပါ။ သားသမီးက ၄ ယောက်ပါ။ လောလောဆယ်တော့ ကျူးလွန်သူကို ဖမ်းဆီးထား ပါတယ်။ သူတကယ်လုပ်လား မလုပ်ဘူးလားဆိုတာကတော့ မျက်မြင်မတွေ့ခဲ့လို့ ကျနော်တို့အနေနဲ့ ပြောလို့မရသေးပါဘူး။ ဆေးစာထွက်မှဘဲ သိရမယ်။ မနေ့ကရုံးချိန်ကျော်သွားလို့ ရမန်မယူဖြစ်ဘူး။ ဒီနေ့မှပဲ တရားရုံးမှာ သွား
ယူရမယ်။ ဦးတင်လှကိုတော့ ၃၇၆ နဲ့ ဖွင့်ထားတယ်”လို့ အလှပ်ရဲကင်းစခန်းမှူး ရဲအုပ်တင့်လွင်ကပြောပါတယ်။
-
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ဒေါ်ပြည့်ပြည့်ဝင်း က တရွာ
တည်းနေ မခင်ဆွေဦးအိမ်မှာ အဝတ်လျှော်၊ ထမင်းချက်ပြုလုပ်ဖို့အတွက် သမီးဖြစ်သူ မပန်းအိဖြူကိုခေါ်သွားပြီး နေ့လယ်ပိုင်းမှာ ထမင်းကျွေးပြီး နေအိမ်မှာဆော့ကစားဖို့အတွက် ပြန်လွှတ်ခဲ့ပါတယ်။
-
မွန်းလွဲ ၁၂ နာရီ ခွဲလောက်မှာ တူမဖြစ်သူက ဒေါ်ပြည့်ပြည့်ဝင်း အဝတ်လျှော်
တဲ့နေအိမ်ကို လိုက်လာပြီး သူတို့အိမ်ကို အလည်အပတ်ရောက်ရှိနေတဲ့ အဖိုးဖြစ်သူ ဦးတင်လှက မပန်းအိဖြိုးကို မဖွယ်မရာပြုလုပ်နေတာကို တွေ့
ရကြောင်း ပြောပြလို့ ဒေါ်ပြည်ပြည့်ဝင်းမှ သမီးဖြစ်သူရဲ့ မိန်းမကိုယ်အား ကြည့်ရှုပြီးနောက် အလှပ်နယ်မြေရဲစခန်းကို သွားရောက် တိုင်ကြားခဲ့တာလို့ သိရပါတယ်။
-
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးတင်လှကို ပေါင်မြို့မရဲစခန်းက (ပ)၆၃/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲမှတ်တမ်း
တွေအရ သိရပါတယ်။
========

ဒီဗွီဘီ#Tin Naing Tun
Loading...