Breaking News


တတိယတန်းကျောင်းသူကို ၁၇ နှစ်သားက တစ်ထောင်ပေးပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်မှုဖြစ်


Loading...


ပဲခူးမြို့ မဇင်အလက (ခ)ကျောင်းမှာ ပညာသင်ကြားနေတဲ့ အသက် ကိုးနှစ်အရွယ် တတိယတန်းကျောင်းသူကို အသက်(၁၇) နှစ်အရွယ် လူငယ်က ၁,၀၀၀ ကျပ်ပေးပြီး အဓမ္မပြုကျင့်ဖို့  ကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တတိယတန်းကျောင်းသူက ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီခွဲမှာ ကျောင်းဆင်းလာခဲ့ပြီး သူငယ်ချင်းတွေက နေအိမ်ကိုလိုက်ပို့ဖို့ ထွက်လာတာကနေ စတင်ဖြစ်ပွားခဲ့တာလို့ ပဲခူး အမှတ်(၂) နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် ကျော်ဝေဇင်ဆိုသူက တတိယတန်းကျောင်းသူကို ဆွဲခေါ်သွားပြီး ချုံပုတ်တစ်ခုထဲအရောက်မှာ လူငယ်က ကျပ် ၁,၀၀၀ ပေးပြီး လည်ပင်းကိုညှစ်ကာ သားမယားအဖြစ် ပြုကျင့်ဖို့ကြံစည်ခဲ့လို့ ကျောင်းသူက ရုန်းကန်ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
‘‘ကျောင်းဆင်းချိန် သူငယ်ချင်းတွေနဲ့အတူ ပြန်လာတဲ့အချိန်မှာဖြစ်တာ။ ကောင်မလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတွေက တွေ့ပြီးတော့ ဝိုင်းဖမ်းလိုက်တာ’’လို့ ပဲခူး အမှတ်(၂) နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့သူကို လိုက်လံစုံစမ်းခဲ့ရာမှာ  ရပ်ကွက်ကြီး(၁)၊ ဘုရင့်နောင်လမ်းထဲမှာနေထိုင်တဲ့ အသက် (၁၇)နှစ်အရွယ် ကျော်ဝေဇင်ဆိုသူဖြစ်ပြီး ပဲခူးအမှတ်(၂) နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရွယ်မရောက်သေးသူတွေအပေါ်ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှု (၆၇၁) မှု၊ အရွယ်ရောက်ပြီးသူ သက်ကြီးမုဒိမ်းမှု (၄၂၉)မှု စုစုပေါင်း (၁၁၀၀) မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ သက်ငယ်မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Source : 7DayDaily
Loading...