Breaking News

တိုင္ၾကားမႈကို အေရးယူေဆာင္ရြက္မႈ ေႏွာင့္ေႏွးရင္ ရဲတပ္ဖြဲ႕ဝင္ေတြကို အေရးယူမယ္


Loading...


ျပည္သူေတြ တင္ျပတုိင္ၾကားလာမႈအေပၚ ရဲတပ္ဖဲြ႕၀င္ေတြက အေရးယူေဆာင္ရြက္မႈ ေႏွာင့္ေႏွးၾကန္႔ၾကာေနတာေတြကုိ စုံစမ္းစစ္ေဆးအေရးယူသြားမွာျဖစ္တယ္လို႔ စစ္ကုိင္းတုိင္းေဒသႀကီး အစိုးရအဖဲြ႕လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗုိလ္မွဴးႀကီးေက်ာ္သန္႔ႏုိင္က ေျပာထားပါတယ္။
ေဖေဖာ္၀ါရီ ၃ ရက္က က်င္းပတဲ့  ဒုတိယအႀကိမ္ စစ္ကိုင္းတုိင္းေဒသႀကီး လႊတ္ေတာ္ပဥၥမ ပုံမွန္အစည္းအေ၀း စတုတၳေန႔မွာ  ယင္းမာပင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) တုိင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚခင္ႏွင္းရီရဲ႕ ေမးခြန္းေမးျမန္းျခင္းနဲ႔ပတ္သက္လို႔ တုိင္းေဒသႀကီးအစိုးရအဖဲြ႕ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးေက်ာ္သန္႔ႏုိင္က ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
ျပည္သူေတြက တင္ျပတုိင္ၾကားလာမႈအေပၚ ရဲတပ္ဖဲြ႕၀င္ေတြက အေရးယူေဆာင္ရြက္ေပးရာမွာ ေႏွာင့္ေႏွးၾကန္႔ၾကာျခင္း၊ အႀကိမ္ႀကိမ္ ေပါ့ေလ်ာ့ေနျခင္းတို႔ကုိ မွန္ကန္မႈရွိ၊ မရွိ စုံစမ္းစစ္ေဆးမႈေတြ ေဆာင္ရြက္မွာျဖစ္ၿပီး မွန္ကန္မႈရွိပါက ေပါ့ေလ်ာ့စြာတာ၀န္ထမ္းေဆာင္တဲ့ ရဲတပ္ဖဲြ႕၀င္ကို ရဲစည္းကမ္းဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္လို႔ ဗုိလ္မွဴးႀကီး ေက်ာ္သန္႔ႏုိင္က ေျပာၾကားထားပါတယ္။


လဟယ္ၿမိဳ႕နယ္၊ နန္းယြန္း ၿမိဳ႕နယ္၊ ေလရွီးၿမိဳ႕နယ္က က်ယ္၀န္းကာ သြားေရး၊ လာေရးကအစ အင္မတန္မွ ခက္ခဲျပီး တစ္ခါတေလ ရဲစခန္းကို ဖုန္းဆက္လုိက္တဲ့အခါ  တာ၀န္ယူၿပီး ေျဖၾကားမယ့္သူ မရွိဘူးလို႔ စစ္ကိုင္းတုိင္းေဒသႀကီး နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ လဟယ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးကယ္က ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။ ဖုန္းကိုင္ျပန္ေတာ့လည္း အေရးတယူေဆာင္ရြက္ေပးတာ နည္းေသးတယ္လို႔လည္း ဦးကယ္က ေျပာထားပါတယ္။
Source: 7Day Daily

ပြည်သူတွေ တင်ပြတိုင်ကြားလာမှုအပေါ် ရဲတပ်ဖွဲ့ဝင်တွေက အရေးယူဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာနေတာတွေကို စုံစမ်းစစ်ဆေးအရေးယူသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြောထားပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က ကျင်းပတဲ့  ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ  ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်နှင်းရီရဲ့ မေးခွန်းမေးမြန်းခြင်းနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေက တင်ပြတိုင်ကြားလာမှုအပေါ် ရဲတပ်ဖွဲ့ဝင်တွေက အရေးယူဆောင်ရွက်ပေးရာမှာ နှောင့်နှေးကြန့်ကြာခြင်း၊ အကြိမ်ကြိမ် ပေါ့လျော့နေခြင်းတို့ကို မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်မှာဖြစ်ပြီး မှန်ကန်မှုရှိပါက ပေါ့လျော့စွာတာဝန်ထမ်းဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်ကို ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောကြားထားပါတယ်။


လဟယ်မြို့နယ်၊ နန်းယွန်း မြို့နယ်၊ လေရှီးမြို့နယ်က ကျယ်ဝန်းကာ သွားရေး၊ လာရေးကအစ အင်မတန်မှ ခက်ခဲပြီး တစ်ခါတလေ ရဲစခန်းကို ဖုန်းဆက်လိုက်တဲ့အခါ  တာဝန်ယူပြီး ဖြေကြားမယ့်သူ မရှိဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကယ်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ ဖုန်းကိုင်ပြန်တော့လည်း အရေးတယူဆောင်ရွက်ပေးတာ နည်းသေးတယ်လို့လည်း ဦးကယ်က ပြောထားပါတယ်။


Loading...