Breaking News


အဓမ္မပြုကျင့်ခံရလို့ နှစ်နှစ်အရွယ် မိန်းကလေးသေဆုံး

Loading...


အဓမ္မပြုကျင့်ခံရလို့ နှစ်နှစ်အရွယ် မိန်းကလေးသေဆုံး

အသက် နှစ်နှစ်အရွယ် မိန်းကလေးငယ်တဦးကို လေးတော်စပ်သူက လိမ်လည်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့လို့ သေဆုံးခဲ့တဲ့ဖြစ်ရပ် ဧရာဝတီတိုင်း၊ အိမ်မဲမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အိမ်မဲမြို့နယ် ကုလားတန်းကျေးရွာနေ အသက် နှစ်နှစ်အရွယ် ကလေးငယ်ကို ဖေဖော်ဝါရီလ ပထမပတ်အတွင်းက တစ်ဖက်ရွာမှာ ဈေးသွားရောင်းနေတဲ့ အဘိုးဖြစ်သူထံ ပို့ပေးမယ်ဆိုပြီး အဒေါ်တော်စပ်သူရဲ့ ခင်ပွန်းက ခေါ်ဆောင်သွားခဲ့ပြီး အဓမ္မပြုကျင့်ခံခဲ့ရတာလို့ လူကောင်းကျွန်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
‘‘ကလေးရဲ့အဖေနဲ့အမေက ထိုင်းမှာ အလုပ်သွားလုပ်နေကြ တာ။ ဒီမှာက ကလေးကို အဘိုးနဲ့ အဒေါ်နဲ့ထားခဲ့တာ။ အခုဖြစ်သွားတာက ကလေးအဒေါ်ရဲ့ ယောက်ျားက ပြစ်မှုကျူးလွန်ခဲ့ တာလို့တော့ လတ်တလော ယူဆထားတယ်။ တရားခံကိုလည်း လိုက်နေတုန်းပါပဲ’’လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက အဒေါ်တော်စပ်သူရဲ့ ခင်ပွန်းဦးမိုးကျော်က ကလေးငယ်ကို အဘိုးဖြစ်သူထံ ပို့ပေးမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ကာ ည ၁၀ နာရီလောက်မှာ နေအိမ်ကို  ပြန်ခေါ်လာပြီး ဒေါ်ခင်ချိုသက်ကို  ကလေးအိပ်နေတယ်လို့ ပြောပြီး ခြင်ထောင်ထဲကို ထည့်ပေးခဲ့တာလို့ သိရပါတယ်။
အဆိုပါ မိန်းကလေးငယ် သေဆုံးတယ်လို့ သိရချိန်မှာ ဦးမိုးကျော်က ထွက်ပြေးတိမ်းရှောင်နေပြီး ကလေးငယ်ရဲ့ဘယ်ဘက်နဖူးနဲ့ ပါးတို့မှာ ပွန်းခြစ်ဒဏ်ရာများအပြင် အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာနဲ့ သေဆုံးနေသည်ကိုတွေ့ခဲ့ရတယ်လို့ လူကောင်းကျွန်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး  မိန်းကလေးငယ်ကို သေဆုံးတဲ့အထိ အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယရှိတဲ့ အသက် (၃၇)နှစ် အရွယ် မိုးကျော်ကို လူကောင်းကျွန်း နယ်မြေရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၇၆ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။
Source : 7DayDaily
Loading...