Breaking News


ေျမာက္ဥကၠလာတြင္ နယ္ထိန္းကို ကားႏွင့္တိုက္သတ္


Loading...

ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သႏၲာ ၆ လမ္းထိပ္တြင္ ဆူညံေနသည့္ အရက္ဝိုင္းကို လာေရာက္ထိန္းသိမ္းခဲ့သည့္ လွည့္ကင္းအဖြဲ႔မွ နယ္ထိန္းကို စူပါကာစတန္ယာဥ္ျဖင့္ တိုက္သတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

199 ဖုန္းနံပါတ္ထံ ယေန႔ (ေဖေဖာ္ဝါရီလ ၁၃ ရက္) နံနက္ ၁ နာရီက ဆူညံေနသည့္ လမ္းေဘး အရက္ဝိုင္း လာထိန္းသိမ္းေပးရန္ တာဝန္သိျပည္သူတစ္ဦးက ဖုန္းဆက္တိုင္ၾကားခဲ့သည္။

တိုင္ၾကားမႈေၾကာင့္ လွည့္ကင္း ရဲတပ္ဖြဲ႔က ယင္းအရက္ဝ္ိုင္းထံ သြားေရာက္ထိန္းသိမ္းခဲ့ၿပီး အျခားရပ္ကြက္မ်ားသို႔ လွည့္ကင္းတာဝန္ ထမ္းေဆာင္ေနစဥ္ ေမဓာဝီလမ္းႏွင့္ ဝဇီရာလမ္းေထာင့္အေရာက္ စူပါကာစတန္ယာဥ္တစ္စီး အရွိန္ျဖင့္ အေနာက္မွလိုက္လာၿပီး နယ္ထိန္းေခါင္းေဆာင္ ရဲတပ္ၾကပ္ ညီညီေထြး၏ ဆိုင္ကယ္ကို ဝင္တိုက္ၿပီး ေမာင္းေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ရပ္ကြက္က ဆူညံေနလို႔ 199 ဆီ ဖုန္းဆက္တိုင္တယ္။ လွည့္ကင္းအဖြဲ႔က သြားထိန္းတယ္။ လူငါးေယာက္ထိုင္ၿပီး အရက္ေသာက္ေနတာ။ မေခ်မငံ ျပန္ေျပာတယ္။ ေဘးမွာ စူပါကာစတန္ကားတစ္စီး ရပ္ထားတာ သတိထားမိလိုက္တယ္။ အဲ့ဒီဝိုင္းထဲက တစ္ေယာက္က မေက်မနပ္ျဖစ္ေနတာ။ လွည့္ကင္းအဖြဲ႔ ျပန္ထြက္သြားမွ ေနာက္က အဲ့ဒီကားနဲ႔ လိုက္တိုက္တာ။ ျဖစ္စဥ္အမွန္ ထုတ္ေျပာရမွာ အထက္လူႀကီးေတြ အလုပ္ေလ။ အခု လိုင္းေပၚ ပ်ံ႕ေနၿပီ။ သတင္းအမွန္ ရဲတပ္ဖြဲ႔ဘက္က ထုတ္ျပန္ေပးေစခ်င္တယ္”ဟု အခင္းျဖစ္စဥ္အခ်ိန္ ရွိေနခဲ့ေသာ အမည္မေဖာ္လိုသူ ရဲတပ္ဖြဲ႔ဝင္တစ္ဦးက ေျပာသည္။

ယာဥ္ျဖင့္ တုိက္ခံရသည့္ ဆိုင္ကယ္မွ ရဲတပ္ၾကပ္ ညီညီေထြးမွာ ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့ၿပီး ေမာင္းေျပးသည့္ ယာဥ္နံပါတ္ကို လိုက္လံ စံုစမ္းခဲ့ရာ ယာဥ္ပိုင္ရွင္မွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေရႊေပါကၠံၿမိဳ႕သစ္၊ (၁၂ )ရပ္ကြက္၊ ေအာင္ေရႊစင္လမ္းတြင္ ေနထုိင္သူျဖစ္ေၾကာင္း သိရွိရၿပီး ေဖေဖာ္ဝါရီလ ၁၂ ရက္ ည ၉ နာရီက ယာဥ္ပုိင္ရွင္၏ အသက္ ၂၅ ႏွစ္အရြယ္ သားျဖစ္သူမွာ အဆိုပါယာဥ္ကို ယူေမာင္းခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈ က်ဴးလြန္ခဲ့သူမွာ ဒဂံုေျမာက္ရွိ ၎၏ အေဒၚေနအိမ္ထံ ထြက္ေျပးတိမ္းေရွာင္ခဲ့ၿပီး ယေန႔ (ေဖေဖာ္ဝါရီလ ၁၃ ရက္) နံနက္ ၁၀ နာရီက ရဲစခန္းထံ ကိုယ္တိုင္ လာေရာက္ ဖမ္းဆီး အေရးယူခံခဲ့သည္။

ယင္းျဖစ္စဥ္အမွန္ကို သိရွိရန္ သတင္းမီဒီယာမ်ားက ေျမာက္ဥကၠလာပၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံ ဆက္သြယ္ ေမးျမန္းခဲ့ေသာ္လည္း ယာဥ္မေတာ္တဆမႈေၾကာင့္ တပ္ဖြဲ႔ဝင္တစ္ဦး ေသဆံုးခဲ့ေၾကာင္းသာ အတည္ျပဳ ေျဖၾကားခဲ့သည္။
http://thevoicemyanmar.com/news/6132-mok

မြောက်ဥက္ကလာပမြို့နယ်၊ သန္တာ ၆ လမ်းထိပ်တွင် ဆူညံနေသည့် အရက်ဝိုင်းကို လာရောက်ထိန်းသိမ်းခဲ့သည့် လှည့်ကင်းအဖွဲ့မှ နယ်ထိန်းကို စူပါကာစတန်ယာဉ်ဖြင့် တိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

199 ဖုန်းနံပါတ်ထံ ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) နံနက် ၁ နာရီက ဆူညံနေသည့် လမ်းဘေး အရက်ဝိုင်း လာထိန်းသိမ်းပေးရန် တာဝန်သိပြည်သူတစ်ဦးက ဖုန်းဆက်တိုင်ကြားခဲ့သည်။

တိုင်ကြားမှုကြောင့် လှည့်ကင်း ရဲတပ်ဖွဲ့က ယင်းအရက်ဝိ်ုင်းထံ သွားရောက်ထိန်းသိမ်းခဲ့ပြီး အခြားရပ်ကွက်များသို့ လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် မေဓာဝီလမ်းနှင့် ဝဇီရာလမ်းထောင့်အရောက် စူပါကာစတန်ယာဉ်တစ်စီး အရှိန်ဖြင့် အနောက်မှလိုက်လာပြီး နယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ် ညီညီထွေး၏ ဆိုင်ကယ်ကို ဝင်တိုက်ပြီး မောင်းပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရပ်ကွက်က ဆူညံနေလို့ 199 ဆီ ဖုန်းဆက်တိုင်တယ်။ လှည့်ကင်းအဖွဲ့က သွားထိန်းတယ်။ လူငါးယောက်ထိုင်ပြီး အရက်သောက်နေတာ။ မချေမငံ ပြန်ပြောတယ်။ ဘေးမှာ စူပါကာစတန်ကားတစ်စီး ရပ်ထားတာ သတိထားမိလိုက်တယ်။ အဲ့ဒီဝိုင်းထဲက တစ်ယောက်က မကျေမနပ်ဖြစ်နေတာ။ လှည့်ကင်းအဖွဲ့ ပြန်ထွက်သွားမှ နောက်က အဲ့ဒီကားနဲ့ လိုက်တိုက်တာ။ ဖြစ်စဉ်အမှန် ထုတ်ပြောရမှာ အထက်လူကြီးတွေ အလုပ်လေ။ အခု လိုင်းပေါ် ပျံ့နေပြီ။ သတင်းအမှန် ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ပေးစေချင်တယ်”ဟု အခင်းဖြစ်စဉ်အချိန် ရှိနေခဲ့သော အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဉ်ဖြင့် တိုက်ခံရသည့် ဆိုင်ကယ်မှ ရဲတပ်ကြပ် ညီညီထွေးမှာ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မောင်းပြေးသည့် ယာဉ်နံပါတ်ကို လိုက်လံ စုံစမ်းခဲ့ရာ ယာဉ်ပိုင်ရှင်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်၊ (၁၂ )ရပ်ကွက်၊ အောင်ရွှေစင်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး ဖေဖော်ဝါရီလ ၁၂ ရက် ည ၉ နာရီက ယာဉ်ပိုင်ရှင်၏ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူမှာ အဆိုပါယာဉ်ကို ယူမောင်းခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ကျူးလွန်ခဲ့သူမှာ ဒဂုံမြောက်ရှိ ၎င်း၏ အဒေါ်နေအိမ်ထံ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) နံနက် ၁၀ နာရီက ရဲစခန်းထံ ကိုယ်တိုင် လာရောက် ဖမ်းဆီး အရေးယူခံခဲ့သည်။

ယင်းဖြစ်စဉ်အမှန်ကို သိရှိရန် သတင်းမီဒီယာများက မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ယာဉ်မတော်တဆမှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်းသာ အတည်ပြု ဖြေကြားခဲ့သည်။
http://thevoicemyanmar.com/news/6132-mok
Loading...