Breaking News

ဘုရားပွဲကြည့်ရန် ခေါ်ဆောင်ခဲ့သော လင်မယားနှစ်ဦးမှ ၁၆ နှစ်မိန်းကလေးကို အလိုမတူပဲ သားမယားပြု့ကျင့်ခဲ့


Loading...
မိန်းမဖြစ်သူက၁၆ နှစ်မိန်းကလေးကို
 ထမီ နှင့် အောက်ခံဘောင်းဘီတို့အား အတင်းဆွဲချွတ်ပြီး လင်ယောက်ျားဖြစ်သူအား မုဒိမ်းကျင့်စေခဲ့တဲ့အမှု

kyawzayya Myanmaalinn
Unicode
ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာနေ အမျိုးသမီးတစ်ဦးက ၎င်းအား ဘုရားပွဲကြည့်ရန်ခေါ်ဆောင်သူ လင်မယားနှစ်ဦးမှ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ပေါက်မြို့မရဲစခန်းမှ သိရသည်။  ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာနေ မ-----၊၁၆နှစ်သည် ဖေဖော်ဝါရီ(၈)ရက်နေ့ ည(၇)နာရီအချိန်က နေအိမ်တွင်ရှိနေစဉ် ပေါက်မြို့၊ အောင်တံခွန်(လေသာ)ရပ်ကွက်နေ မကြင်တိုး၊၃၀နှစ် နှင့် မကြင်တိုး၏ ခင်ပွန်းဖြစ်သူ ချစ်စန်းကို၊၃၄နှစ်တို့ ရောက်ရှိလာပြီး အောင်တံခွန်ရပ်ကွက်ရှိ လေသာတောင်ဘုရားပွဲကြည့်ရှုရန် မ-----၏ဖခင်ဖြစ်သူ ဦးသန်းဝင်းထံ ပြောဆိုခွင့်တောင်း၍ လာရောက်ခေါ်ဆောင်ခဲ့သဖြင့် ဘုရားပွဲသို့လိုက်ပါသွားခဲ့ပြီး မကြင်တိုးတို့ လင်မယားနှစ်ဦးနှင့်အတူ ဇတ်ပွဲကြည့်ရှုခဲ့ကြောင်း၊ ထို့နောက်ယင်းနေ့ ည(၁၁)နာရီ(၅၀)မိနစ်အချိန် မကြင်တိုးတို့နေအိမ် လိုက်သွားခဲ့ပြီး မ----နှင့် မကြင်တိုးမှာ နေအိမ်အောက်ထပ်တွင် တန်းလျားနှစ်လုံးအားဆက်၍ အတူအိပ်ခဲ့ပြီး ချစ်စန်းကိုမှာ တန်းလျားအနီး မြေပြင်တွင် ဖျာခင်းအိပ်ခဲ့ကြောင်း။ ထို့နောက် ဖေဖော်ဝါရီ(၉)ရက်နေ့ နံနက်(၂)နာရီအချိန်ခန့်တွင် မ----သည်အိပ်ပျော်နေစဉ် မကြင်တိုးမှ မ------၏ ထမီ နှင့် အောက်ခံဘောင်းဘီတို့အား အတင်းဆွဲချွတ်နေသဖြင့် လန့်နိုးလာခဲ့ပြီး “အစ်မ ဘာလုပ်တာလဲ”ဟုပြောရာ မကြင်တိုးမှ “မအော်နဲ့ အပေါ်ထပ်မှာ ကောင်လေးတွေရှိတယ်၊ နင်ပဲအရှက်ရမှာ” ဟုပြောပြီး ချစ်စန်းကိုအား နှိုးခေါ်ရာ ချစ်စန်းကိုသည် မ-------၏ခန္ဓာကိုယ်ပေါ်သို့တက်ခွ၍ အလိုမတူဘဲ သားမယားအဖြစ်(၁၅)မိနစ်ခန့် အတင်းအဓမ္မပြုကျင့်ပြီးနောက် မကြင်တိုးမှ “မအော်နဲ့၊ မတိုင်နဲ့၊ ညည်းပဲအရှက်ရမှာ ဘာမှမဖြစ်စေရဘူး “ ဟုပြောပြီး အိပ်ယာ ထဲတွင် ပြန်အိပ်နေခဲ့ကြောင်း။ ထို့နောက် နံနက်(၇)နာရီအချိန်တွင် ၎င်းတို့မှ နေအိမ်သို့လိုက်ပို့ပေးခဲ့ရာ နေအိမ်အတွင်း၌ ထမင်းမစားဘဲနေရာမှ မိခင်ဖြစ်သူဒေါ်သန်းသန်းဝင်းမှ မေးမြန်းခဲ့၍ ဖြစ်စဉ်အား ပြောပြခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။  ဖြစ်စဉ်နှင့်ပက်သက်၍ ချစ်စန်းကို နှင့် မကြင်တိုးတို့(၂)ဦးအား အရေးယူပေးရန် ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် မ-------မှတရားလိုပြုတိုင်ကြားခဲ့၍ ပေါက်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၂၆/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့်အမှုဖွင့်ထားသည်။ 



Loading...