Breaking News

ဧရာ၀တီတိုင္း မအူပင္တြင္ အ၀တ္ဗလာအမ်ိဳးသမီးအေလာင္း ေတြ႔ရွိ



Loading...
----------------------------


ဧရာ၀တီတိုင္း  မအူပင္ၿမိဳ႕ မအူပင္တံတားေအာက္မွာ ဒီကေန႔မနက္က အ၀တ္မပါ အမ်ိဳးသမီး တဦး အေလာင္းတေလာင္း ေတြ႔ရွိခဲ့တယ္လို႔  ေဒသခံတဦးက ေျပာပါတယ္။
ဒီကေန႔မနက္ ၉ နာရီေလာက္က မအူပင္တံတားေအာက္ အလယ္တိုင္အုတ္ခံုေပၚမွာ အ၀တ္ အစားမပါ လူေသအေလာင္း တေလာင္းကို ေတြ႔ျမင္ခဲ့လို႔  ဓာတ္ပံု႐ိုက္ၿပီး သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့တယ္လို႔  မအူပင္ေဒသခံ ကိုေက်ာ္လႊားက ဒီဗြီဘီကို ေျပာပါ တယ္။
“အဲဒီတံတားေအာက္ အုတ္ခံုေပၚမွာ   အမ်ိဳးသမီးတေယာက္ ေသေနတယ္လို႔ က်ေနာ့္အသိေတြက ေျပာလို႔ က်ေနာ္လည္း စက္ေလွသမၼန္စီးၿပီး သြားၾကည့္တာ၊ ၾကည့္ၿပီး  ဓာတ္ပံု ႐ိုက္ၿပီး သက္ဆိုင္ရာ အဖြဲ႔အစည္းေတြကို အေၾကာင္းၾကားခဲ့တယ္။  ရဲေတြ၊ ၿမိဳ႕နယ္မႉးေတြက မနက္ ၁၀ နာရီေလာက္မွာ ေရာက္လာတယ္။ သက္ဆိုင္ရာက မလာခင္ က်ေနာ္လည္း အေ၀းကေနပဲ ၾကည့္ ပါတယ္။ ေနာက္မွ တာ၀န္ရွိသူေတြေရာက္လာေတာ့ အနီးနားသြားၾကည့္တာ၊ အသက္က က်ေနာ့္ အထင္ ေလးဆယ္ေက်ာ္နဲ႔ ငါးဆယ္ၾကားမွာ ရွိမယ္။ မ်က္ႏွာက ေကာင္းေကာင္းမျမင္ရဘူး၊ သူက တံတားအေပၚကေန ေအာက္ကိုျပဳတ္က်လာတဲ့ ပံုစံပဲ၊ ဒါေပမယ့္ အ၀တ္အစားက မပါဘူး  အခုေလာေလာဆယ္ေတာ့ စခန္းမႉးနဲ႔ ၿမိဳ႕နယ္မႉးေတြက ေသသူဟာ တံတားေပၚက ဘယ္လိုက်လာသလဲဆိုတာကို စစ္ေဆးေနၾကပါတယ္ခင္ဗ်။”
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဒီဗြီဘီက မအူပင္ၿမိဳ႕နယ္ ရဲမႉးကို ဆက္သြယ္ေမးျမန္းရာမွာ ေလာေလာဆယ္ အမႈအတြက္ ေၾကးနန္းတင္ဖို႔ ေဆာင္ရြက္ေနလို႔  ေျဖၾကားႏိုင္ျခင္းမရွိေၾကာင္း၊ ဘယ္အခ်ိန္ ျပန္ဆက္သြယ္ႏိုင္မလဲဆိုတာလည္း ေျပာလို႔မရဘူးလို႔  ဆိုပါတယ္။
အလားတူ ၿမိဳ႕နယ္မႉးနဲ႔ ဆက္သြယ္ေမးျမန္းလို႔လည္း မရေသးပါဘူး။
Unicode
ဧရာဝတီတိုင်း  မအူပင်မြို့ မအူပင်တံတားအောက်မှာ ဒီကနေ့မနက်က အဝတ်မပါ အမျိုးသမီး တဦး အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။

ဒီကနေ့မနက် ၉ နာရီလောက်က မအူပင်တံတားအောက် အလယ်တိုင်အုတ်ခုံပေါ်မှာ အဝတ် အစားမပါ လူသေအလောင်း တလောင်းကို တွေ့မြင်ခဲ့လို့  ဓာတ်ပုံရိုက်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်လို့  မအူပင်ဒေသခံ ကိုကျော်လွှားက ဒီဗွီဘီကို ပြောပါ တယ်။

“အဲဒီတံတားအောက် အုတ်ခုံပေါ်မှာ   အမျိုးသမီးတယောက် သေနေတယ်လို့ ကျနော့်အသိတွေက ပြောလို့ ကျနော်လည်း စက်လှေသမ္မန်စီးပြီး သွားကြည့်တာ၊ ကြည့်ပြီး  ဓာတ်ပုံ ရိုက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့တယ်။  ရဲတွေ၊ မြို့နယ်မှူးတွေက မနက် ၁၀ နာရီလောက်မှာ ရောက်လာတယ်။ သက်ဆိုင်ရာက မလာခင် ကျနော်လည်း အဝေးကနေပဲ ကြည့် ပါတယ်။ နောက်မှ တာဝန်ရှိသူတွေရောက်လာတော့ အနီးနားသွားကြည့်တာ၊ အသက်က ကျနော့် အထင် လေးဆယ်ကျော်နဲ့ ငါးဆယ်ကြားမှာ ရှိမယ်။ မျက်နှာက ကောင်းကောင်းမမြင်ရဘူး၊ သူက တံတားအပေါ်ကနေ အောက်ကိုပြုတ်ကျလာတဲ့ ပုံစံပဲ၊ ဒါပေမယ့် အဝတ်အစားက မပါဘူး  အခုလောလောဆယ်တော့ စခန်းမှူးနဲ့ မြို့နယ်မှူးတွေက သေသူဟာ တံတားပေါ်က ဘယ်လိုကျလာသလဲဆိုတာကို စစ်ဆေးနေကြပါတယ်ခင်ဗျ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မအူပင်မြို့နယ် ရဲမှူးကို ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် အမှုအတွက် ကြေးနန်းတင်ဖို့ ဆောင်ရွက်နေလို့  ဖြေကြားနိုင်ခြင်းမရှိကြောင်း၊ ဘယ်အချိန် ပြန်ဆက်သွယ်နိုင်မလဲဆိုတာလည်း ပြောလို့မရဘူးလို့  ဆိုပါတယ်။

အလားတူ မြို့နယ်မှူးနဲ့ ဆက်သွယ်မေးမြန်းလို့လည်း မရသေးပါဘူး။
Loading...