မြင့်မြတ်မင်္ဂလာဆောင်မှာ ပေါ်ပြူလာဖြစ်သွားတဲ့ ဖွေးဖွေး

_________________________________________________________

ဖွေးဖွေးတစ်ယောက် မြင့်မြတ်ရဲ့ မင်္ဂလာဆောင်မှာ ပေါ်ပြူလာ ဖြစ်သွားခဲ့ပါတယ်။ မင်္ဂလာဆောင်မှာ ပျော်ရွှင်နေတဲ့ သူမရဲ့ ပုံရိပ်ကြောင့် မင်္ဂလာဆောင်လာတဲ့သူတိုင်း သူမကိုကြည့်ပြီး ပျော်ရွှင်နေကြပါတယ်။ မြင့်မြတ်ရဲ့ မင်္ဂလာဆောင်မှာ ဖွေးဖွေးက ပန်းကြဲပေးခဲ့တာ ဖြစ်ပြီး သူမရဲ့ ပင်ကိုယ်စတိုင်အတိုင်း လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ပျော်နေတက်တဲ့ ပုံစံလေးက ပရိသတ်များကြား ရေပန်းစားခဲ့ပါတယ်။
မြင့်မြတ်ရဲ့ မင်္ဂလာဆောင်ကိုတော့ ဖေဖော်ဝါရီ(၁၅)ရက်နေ့ နံနက်ပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဖွေးဖွေးက မင်္ဂလာပန်းကြဲပေးခဲ့ပါတယ်။ဖွေးဖွေးဟာ လက်ရှိမှာ ဇာတ်ကားများကို စီစစ်ရွေးချယ်ရိုက်ကူးပေးလျက်ရှိနေတယ်လို့လည်း သိရပါတယ်။ ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
Duwun