Breaking News


လူမႈကြန္ရက္တြင္ ေပါက္ၾကားေနသည့္ ၾကည္လင္း၏ ထြက္ဆိုမႈမ်ား လိမ္လည္ထြက္ဆိုမႈသာျဖစ္ႏိုင္ဟုဆို


Loading...


လူမႈကြန္ရက္ေဖ့စ္ဘြတ္စာမ်က္ႏွာေတြမွာ ေပါက္ၾကားေနတဲ့ ဦးကိုနီကို လုပ္ၾကံသူ ၾကည္လင္းရဲ႕ကနဦးထြက္ဆိုခ်က္ဆိုတာေတြဟာ လိမ္လည္ထြက္ဆိုေနတာေတြသာ ျဖစ္ႏိုင္တယ္လို႔ ေဖေဖာ္ဝါရီ(၂)ရက္က ရန္ကုန္တိုင္းေဒသၾကီးရဲတပ္ဖြဲ႔မွဴး ရဲမွဴးခ်ဳပ္ဝင္းႏိုင္ ေခၚယူေတြ႔ဆံုခဲ့တဲ့ အက်ဥ္းသားေဟာင္း ဦးေအာင္စိုးက သံုးသပ္ေျပာၾကားပါတယ္။

ၾကည္လင္းထြက္ဆိုခ်က္ေတြဟာ အင္တာနက္မွာ ပ်ံ႕ႏွံ႔ ေနတဲ့အတုိင္းသာ တကယ္မွန္ကန္ေနမယ္ဆိုရင္ ဒါဟာလိမ္ညာထြက္ဆိုမႈသာျဖစ္ႏိုင္တယ္လို႔ ဦးေအာင္စိုးကသံုးသပ္ေျပာၾကားပါတယ္။ ဦးေအာင္စိုးကို ဇန္နဝါရီ (၂)ရက္က ရန္ကုန္တိုင္းေဒသၾကီး ရဲတပ္ဖြဲ႔မွဴးရဲမွဴးခ်ဳပ္ဝင္းႏိုင္ကေခၚယူေတြ႔ဆံုခဲ့ျပီးၾကည္လင္းထြက္ဆိုခ်က္ထဲမွာ ပါဝင္တဲ့ ေစခိုင္းသူ ျမင့္ေဆြလို႔ ယူဆရသူရဲ႕ဓာတ္ပံုကို ရဲမွဴးခ်ဳပ္ဝင္းႏိုင္က ျပသရာမွာ ျမင့္ေဆြဆိုသူနဲ႔ဗက(ေခၚ)ေအာင္ဝင္းေဇာ္တို႔ဟာ တစ္ဦးတည္းျဖစ္ေၾကာင္းကို အတည္ျပဳေပးခဲ့တယ္လို႔ ဦးေအာင္စိုးရဲ႕ေျပာၾကားခ်က္အရသိရပါတယ္။

 ဗက(ေခၚ) ေအာင္ဝင္းေဇာ္ဟာ ေထာင္(၂)ခါ က်ဖူးသူျဖစ္ျပီး ပထမအၾကိမ္မွာ တပ္မေတာ္အရာရွိဘဝက အမ်ဳိးသမီးကိစၥနဲ႔ေထာင္က်ခဲ့ျပီး ဘုရားခိုးမႈနဲ႔ ဒုတိယအၾကိမ္ေထာင္က်စဥ္ ဦးေအာင္စိုးနဲ႔ေတြ႔ဆံုခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဗက(ေခၚ)ေအာင္ဝင္းေဇာ္ဟာ ျပီးခဲ့တဲ့(၂၀၁၆)ခုႏွစ္၊ (၆)လပိုင္းက ဦးေအာင္စိုးကိုလာေရာက္ေတြ႔ဆံုခဲ့ျပီး လူမ်ိဳးျခား၊ ဘာသာျခားႏိုင္ငံျခားသံတမန္တစ္ဦးကို လုပ္ၾကံမေပးဖို႔အလုပ္အပ္ႏွံခဲ့ဖူးေပမယ့္ ဦးေအာင္စိုးက လက္မခံခဲ့ဘူးလို႔ ေျပာပါတယ္။



အဲဒီေနာက္(၇)လအၾကာမွာဦးကိုနီကိုလုပ္ၾကံမႈျဖစ္ပြားတဲ့ အခ်ိန္လုပ္ၾကံသူဦးၾကည္လင္းရဲ႕မ်က္ႏွာကိုျမင္လိုက္ရတဲ့အခ်ိန္မွာေတာ ့ခိုင္းေစသူဟာ ဗက(ေခၚ)ေအာင္ဝင္းေဇာ္ ျဖစ္ႏိုင္တယ္လို႔ သံုးသပ္တာျဖစ္တယ္လို႔ ဦးေအာင္စိုးကေျပာပါတယ္။ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံေနတဲ့ ၾကည္လင္းရဲ႕ထြက္ဆိုခ်က္မွာ ပါဝင္တဲ့ျမင့္ေဆြဆိုသူရဲ႕ ဓာတ္ပံုဟာဗက(ေခၚ)ေအာင္ဝင္းေဇာ္ မဟုတ္ဘူးဆိုရင္ ကာယကံရွင္ ဗက(ေခၚ) ေအာင္ဝင္းေဇာ္အေနနဲ႔ ျမင့္ေဆြမဟုတ္ေၾကာင္း တရားဝင္ရွင္းလင္းဖို႔လိုမယ္လို႔ ဦးေအာင္စိုးက ေျပာပါတယ္။ အဲဒီ ေအာင္ဝင္းေဇာ္ကို ျပစ္မႈျဖစ္ပြားၿပီး(၁၂)နာရီအတြင္း ဇန္နဝါရီ(၃၀)ရက္ နံနက္(၄)နာရီ မိနစ္(၂၀)က သံလြင္တံတား(ဘားအံ)မွာဖမ္းမိတယ္လို႕ႏိုင္ငံေတာ္သမၼတရံုးက ေဖေဖာ္ဝါရီ(၃)ရက္ကထုတ္ျပန္တဲ့ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။ ဒီသတင္းကိုCentral News Bureau က သီဟစိုးလြင္နဲ႔ ခ်ဳိလြင္ဦး တို႔ကေပးပို႔တာျဖစ္ပါတယ္။

Central News Bureau
https://www.facebook.com/skynetcnb/

Unicode

လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပေါက်ကြားနေတဲ့ ဦးကိုနီကို လုပ်ကြံသူ ကြည်လင်းရဲ့ကနဦးထွက်ဆိုချက်ဆိုတာတွေဟာ လိမ်လည်ထွက်ဆိုနေတာတွေသာ ဖြစ်နိုင်တယ်လို့ ဖေဖော်ဝါရီ(၂)ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ခေါ်ယူတွေ့ဆုံခဲ့တဲ့ အကျဉ်းသားဟောင်း ဦးအောင်စိုးက သုံးသပ်ပြောကြားပါတယ်။

ကြည်လင်းထွက်ဆိုချက်တွေဟာ အင်တာနက်မှာ ပျံ့နှံ့ နေတဲ့အတိုင်းသာ တကယ်မှန်ကန်နေမယ်ဆိုရင် ဒါဟာလိမ်ညာထွက်ဆိုမှုသာဖြစ်နိုင်တယ်လို့ ဦးအောင်စိုးကသုံးသပ်ပြောကြားပါတယ်။ ဦးအောင်စိုးကို ဇန်နဝါရီ (၂)ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်ကခေါ်ယူတွေ့ဆုံခဲ့ပြီးကြည်လင်းထွက်ဆိုချက်ထဲမှာ ပါဝင်တဲ့ စေခိုင်းသူ မြင့်ဆွေလို့ ယူဆရသူရဲ့ဓာတ်ပုံကို ရဲမှူးချုပ်ဝင်းနိုင်က ပြသရာမှာ မြင့်ဆွေဆိုသူနဲ့ဗက(ခေါ်)အောင်ဝင်းဇော်တို့ဟာ တစ်ဦးတည်းဖြစ်ကြောင်းကို အတည်ပြုပေးခဲ့တယ်လို့ ဦးအောင်စိုးရဲ့ပြောကြားချက်အရသိရပါတယ်။

 ဗက(ခေါ်) အောင်ဝင်းဇော်ဟာ ထောင်(၂)ခါ ကျဖူးသူဖြစ်ပြီး ပထမအကြိမ်မှာ တပ်မတော်အရာရှိဘဝက အမျိုးသမီးကိစ္စနဲ့ထောင်ကျခဲ့ပြီး ဘုရားခိုးမှုနဲ့ ဒုတိယအကြိမ်ထောင်ကျစဉ် ဦးအောင်စိုးနဲ့တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဗက(ခေါ်)အောင်ဝင်းဇော်ဟာ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်၊ (၆)လပိုင်းက ဦးအောင်စိုးကိုလာရောက်တွေ့ဆုံခဲ့ပြီး လူမျိုးခြား၊ ဘာသာခြားနိုင်ငံခြားသံတမန်တစ်ဦးကို လုပ်ကြံမပေးဖို့အလုပ်အပ်နှံခဲ့ဖူးပေမယ့် ဦးအောင်စိုးက လက်မခံခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီနောက်(၇)လအကြာမှာဦးကိုနီကိုလုပ်ကြံမှုဖြစ်ပွားတဲ့ အချိန်လုပ်ကြံသူဦးကြည်လင်းရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော ့ခိုင်းစေသူဟာ ဗက(ခေါ်)အောင်ဝင်းဇော် ဖြစ်နိုင်တယ်လို့ သုံးသပ်တာဖြစ်တယ်လို့ ဦးအောင်စိုးကပြောပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေတဲ့ ကြည်လင်းရဲ့ထွက်ဆိုချက်မှာ ပါဝင်တဲ့မြင့်ဆွေဆိုသူရဲ့ ဓာတ်ပုံဟာဗက(ခေါ်)အောင်ဝင်းဇော် မဟုတ်ဘူးဆိုရင် ကာယကံရှင် ဗက(ခေါ်) အောင်ဝင်းဇော်အနေနဲ့ မြင့်ဆွေမဟုတ်ကြောင်း တရားဝင်ရှင်းလင်းဖို့လိုမယ်လို့ ဦးအောင်စိုးက ပြောပါတယ်။ အဲဒီ အောင်ဝင်းဇော်ကို ပြစ်မှုဖြစ်ပွားပြီး(၁၂)နာရီအတွင်း ဇန်နဝါရီ(၃၀)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က သံလွင်တံတား(ဘားအံ)မှာဖမ်းမိတယ်လို့နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ(၃)ရက်ကထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီသတင်းကိုCentral News Bureau က သီဟစိုးလွင်နဲ့ ချိုလွင်ဦး တို့ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Loading...