Breaking News


မကြ်တ္လြတ္ဘဲ က်န္ေနသူမ်ားမွ ၎တို႔ ေနရပ္သုႆ န္သို႔ ျပန္ပို႔ေပးရန္ အိပ္မက္ေပးျခင္းေၾကာင့္ ျပန္ပို႔ေပးခဲ့ရ

Loading...

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ိႈးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္က်င္းပခဲ့သည့္ အကြ်တ္အလြတ္ပဲြ၌ မကြ်တ္လြတ္ ဘဲက်န္ေနသူမ်ားမွ မိမိေနရပ္သုႆန္သို႔ ျပန္လည္ပို႔ေဆာင္ေပးရန္ ေဒသခံမ်ားကို အိမ္မက္ေပးျခင္းေၾကာင့္ ဟုဆိုကာ ေဖေဖာ္ဝါရီ ၅ ရက္၊ ညေနပိုင္းတြင္ ျပန္လည္ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရွိရသည္။
လား႐ိႈးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္အျဖစ္ မကြ်တ္လြတ္ေသးသူမ်ားအား အမွ်အတန္းေပး၍ ေရစက္ခ်အမွ်ေဝကာ ေက်းဇူးဆပ္ျခင္းကို ေဖေဖာ္ဝါရီ ၃ ရက္မွ ၄ ရက္အထိ လား႐ိႈးၿမိဳ႕ရွိ သုႆာန္မ်ားသို႔သြားေရာက္ေခၚေဆာင္ကာ က်င္းပေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔က သုႆန္ေတြကိုသြားၿပီး မကြ်တ္လြတ္ေသးတဲ့သူေတြကို ကားေတြနဲ႔သြားေခၚတယ္။ ၾကာကန္ သုႆန္မွာ သူတို႔ကိုေကြ်းေမြးတယ္။ ၿပီးေတာ့ ဆရာေတာ္ႀကီးေတြကျပန္ပို႔တယ္။ ေနာက္ရက္ ေဖေဖာ္ဝါရီ ၄ ရက္မွာ တရားနာေရစက္ခ်ၿပီး အမွ်အတန္းေဝတယ္။ ကြ်န္ေတာ္ ညျပန္အိပ္တယ္။ မနက္လင္းပိုင္းေရာက္ေတာ့ ရွမ္းတိုင္းရင္းသားဝတ္စံုနဲ႔ သူမျပန္ရေသးဘူးတဲ့။ ျပန္ပို႔ေပးပါလို႔ အိပ္မက္ေပးလို႔ ညေနကကားနဲ႔ ျပန္ပို႔ေပးခဲ့ရပါ တယ္။’’ဟု အဆိုပါပဲြအား ဦးေဆာင္က်င္းပသူ ဦးဆန္းဦးကေျပာသည္။
ျပန္ပို႔ေပးရန္အိပ္မက္ေပးသူမွာ ရပ္ကြက္(၅)မန္အိုင္သုႆန္မွ ေခၚေဆာင္ခံလာရသူမ်ားျဖစ္ၿပီး သြားေရာက္ေခၚ ေဆာင္စဥ္တြင္ ရွမ္းလူမ်ိဳးမ်ားအမ်ားစုျမဳပ္ႏွံထားသည့္ သုႆန္ျဖစ္ျခင္းေၾကာင့္ ရွမ္းဘာသာျဖင့္ေျပာဆို၍ ေခၚ ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သြားေခၚတဲ့အခ်ိန္တုန္းက ဘာမွသိပ္မသိလိုက္ရလို႔ ကြ်န္ေတာ္က သိပ္မယံုလို႔ ျပန္ပို႔ေပးတာပါ။ ညေနက သြား ေခၚၿပီးျပန္ပို႔ေတာ့ တစ္ေယာက္မကဘူး။ ကားက လီဗာကို မနည္းနင္းၿပီး ေမာင္းေနရတယ္။ သုႆန္ေရာက္ၿပီး၊ ခ်ၿပီးျပန္လာေတာ့ ကားကေပါ့ေနတာ လက္ေတြ႔သိလိုက္ရပါတယ္။’’ဟု ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
အဆိုပါ အကြ်တ္အလြတ္ေက်းဇူးဆပ္ပဲြအား မယံုၾကည္သူမ်ားမွ လာေရာက္စမ္းသပ္မႈမ်ားလည္း ျပဳလုပ္ခဲ့ကာ အခ်ိဳရည္ဘူး(၂)ဘူးအား ပိုက္တပ္ ဂူေပၚတြင္တင္ထားေပးၿပီးေနာက္ မိနစ္ပိုင္းအၾကာတြင္ ဘူးအတြင္းမွ အခ်ိဳ ရည္မ်ား မရွိေတာ့ေၾကာင္း ေဒသခံတို႔က ဆိုသည္။
ထို႔အျပင္ အမွန္တကယ္လာေရာက္စားသံုးပါက ေဖာ့ဘူးခြက္အား ဖဲ့ခဲ့ပါဟုေျပာ၍ စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ရာတြင္ လည္း ေဖာ့ဘူးအား ဖဲ့ခဲ့ျခင္းမ်ားရွိေသာေၾကာင့္ ယခုပဲြအား ယံုၾကည္သူေဒသခံမ်ားျပားလာခဲ့ေၾကာင္း သိရသည္။  

thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။  Unicode

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အကျွတ်အလွတ်ပွဲ၌ မကျွတ်လွတ် ဘဲကျန်နေသူများမှ မိမိနေရပ်သုဿန်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဒေသခံများကို အိမ်မက်ပေးခြင်းကြောင့် ဟုဆိုကာ ဖေဖော်ဝါရီ ၅ ရက်၊ ညနေပိုင်းတွင် ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရသည်။
လားရှိုးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် မကျွတ်လွတ်သေးသူများအား အမျှအတန်းပေး၍ ရေစက်ချအမျှဝေကာ ကျေးဇူးဆပ်ခြင်းကို ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်အထိ လားရှိုးမြို့ရှိ သုဿာန်များသို့သွားရောက်ခေါ်ဆောင်ကာ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က သုဿန်တွေကိုသွားပြီး မကျွတ်လွတ်သေးတဲ့သူတွေကို ကားတွေနဲ့သွားခေါ်တယ်။ ကြာကန် သုဿန်မှာ သူတို့ကိုကျွေးမွေးတယ်။ ပြီးတော့ ဆရာတော်ကြီးတွေကပြန်ပို့တယ်။ နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တရားနာရေစက်ချပြီး အမျှအတန်းဝေတယ်။ ကျွန်တော် ညပြန်အိပ်တယ်။ မနက်လင်းပိုင်းရောက်တော့ ရှမ်းတိုင်းရင်းသားဝတ်စုံနဲ့ သူမပြန်ရသေးဘူးတဲ့။ ပြန်ပို့ပေးပါလို့ အိပ်မက်ပေးလို့ ညနေကကားနဲ့ ပြန်ပို့ပေးခဲ့ရပါ တယ်။’’ဟု အဆိုပါပွဲအား ဦးဆောင်ကျင်းပသူ ဦးဆန်းဦးကပြောသည်။
ပြန်ပို့ပေးရန်အိပ်မက်ပေးသူမှာ ရပ်ကွက်(၅)မန်အိုင်သုဿန်မှ ခေါ်ဆောင်ခံလာရသူများဖြစ်ပြီး သွားရောက်ခေါ် ဆောင်စဉ်တွင် ရှမ်းလူမျိုးများအများစုမြုပ်နှံထားသည့် သုဿန်ဖြစ်ခြင်းကြောင့် ရှမ်းဘာသာဖြင့်ပြောဆို၍ ခေါ် ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သွားခေါ်တဲ့အချိန်တုန်းက ဘာမှသိပ်မသိလိုက်ရလို့ ကျွန်တော်က သိပ်မယုံလို့ ပြန်ပို့ပေးတာပါ။ ညနေက သွား ခေါ်ပြီးပြန်ပို့တော့ တစ်ယောက်မကဘူး။ ကားက လီဗာကို မနည်းနင်းပြီး မောင်းနေရတယ်။ သုဿန်ရောက်ပြီး၊ ချပြီးပြန်လာတော့ ကားကပေါ့နေတာ လက်တွေ့သိလိုက်ရပါတယ်။’’ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
အဆိုပါ အကျွတ်အလွတ်ကျေးဇူးဆပ်ပွဲအား မယုံကြည်သူများမှ လာရောက်စမ်းသပ်မှုများလည်း ပြုလုပ်ခဲ့ကာ အချိုရည်ဘူး(၂)ဘူးအား ပိုက်တပ်၍ ဂူပေါ်တွင်တင်ထားပေးပြီးနောက် မိနစ်ပိုင်းအကြာတွင် ဘူးအတွင်းမှ အချို ရည်များ မရှိတော့ကြောင်း ဒေသခံတို့က ဆိုသည်။
ထို့အပြင် အမှန်တကယ်လာရောက်စားသုံးပါက ဖော့ဘူးခွက်အား ဖဲ့ခဲ့ပါဟုပြော၍ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လည်း ဖော့ဘူးအား ဖဲ့ခဲ့ခြင်းများရှိသောကြောင့် ယခုပွဲအား ယုံကြည်သူဒေသခံများပြားလာခဲ့ကြောင်း သိရသည်။  
Loading...