(၇၁)နှစ်အရွယ် အဘွားအိုကို (၁၈)နှစ်သားက အဓမ္မပြုကျင့်


_________________________________________________________

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပေါက်တော် ချောင်းကျေးရွာတွင် အသက် (၇၁)နှစ်အရွယ် အဘွားအိုကို အသက်(၁၈)နှစ်အရွယ် ဆွံ့အသူ အမျိုးသားက သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပေါက်တောချောင်းကျေး ရွာ အနောက်ဘက်တွင် နေထိုင် သော အသက် (၇၁)နှစ်အရွယ် အဘွားအိုသည် ၎င်းပိုင်ဆိုင် သည့် လယ်ကွက်အတွင်း ၀က်စာနုတ်နေစဉ် တစ်ရွာတည်းနေ ဆွံ့အသူ အမျိုးသားက ဖေဖော် ၀ါရီ ၈ ရက်၌ သားမယားပြုကျင့်ခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
ထို့ကြောင့် သားမယားပြု ကျင့်ခံရသူက တိုင်ကြားမှုကြောင့် ငါန်းဇွန်မြို့မ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှု ဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးစစ် ဆေးနေကြောင်း သိရသည်။
မန္တလေးတိုင်း မြစ်သားမြို့ နယ်တွင်လည်း အသက် (၁၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ အသက် (၃၀) ခန့်ရှိ အမျိုးသားက သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် ဖေဖော်ဝါ ရီ ၈ ရက်တွင် အမှုဖွင့်တိုင်တန်းခဲ့ရာကျူးလွန်သူကို ဖမ်းဆီးစစ်ဆေး နေသည်။
မန္တလေးတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၆ အတွင်း မုဒိမ်းမှု ၅၇ မှု ဖြစ်ပွားခဲ့သည်။
7Day