Breaking News


လုပ္ႀကံသတ္ျဖတ္ခံရမႈေၾကာင့္ ကြယ္လြန္သြားရသည့္ ဦးကိုနီေနရာ အစားဝင္မယ္လို႔ သတင္းထြက္ေနတဲ႔ သူ ေျပာျပီ


Loading...
 ဦးကိုနီေနရာ အစားဝင္မည္ဆိုသည္မွာ မဟုတ္ေၾကာင္း ဦးအုန္းေမာင္ေျပာ   

လုပ္ႀကံသတ္ျဖတ္ခံရမႈေၾကာင့္ ကြယ္လြန္သြားရသည့္ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ဗဟို) ဥပေဒအတိုင္ပင္ခံျဖစ္သူ ဦးကိုနီေနရာတြင္ ဥပေဒပညာရွင္ ဦးအုန္းေမာင္အား အစားထိုး ခန္႔အပ္သြားမည္ဆိုသည့္ သတင္းမ်ားသည္ ေကာလာဟလသတင္းမ်ားသာျဖစ္ၿပီး မည္သည့္ ကမ္း လွမ္းမႈမွ မရွိေၾကာင္း ဦးအုန္းေမာင္က ေျပာၾကားသည္။
''ကြၽန္ေတာ္က ဦးကိုနီရဲ႕ ဆရာမဟုတ္ပါဘူး။ ဥပေဒေလာကထဲ ဝင္ေရာက္တာ ဦးကိုနီကကြၽန္ေတာ့္ထက္ေစာတယ္။ အသက္လည္း ကြၽန္ေတာ့္ထက္ ႀကီးပါတယ္။ Facebook မွာ ပ်ံ႕ေနတဲ့ သတင္းေတြက မဟုတ္ပါဘူး'' ဟု ဦးအုန္းေမာင္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ဥပေဒပညာရွင္ဦးအုန္းေမာင္၏ ဓာတ္ပုံျဖင့္ ဦးကိုနီေနရာ အစားယူေတာ့မည္ဟူသည့္သတင္းမ်ား ပ်ံ႕ႏွံ႔ခဲ့သည္။ ထို သတင္းကို ျပန္လည္မွ်ေဝသူ မ်ားျပားခဲ့ၿပီး၊ နာရီပိုင္းအတြင္း နာမည္ႀကီးခဲ့ သည့္ အြန္လိုင္းသတင္းတစ္ပုဒ္ျဖစ္ခဲ့သည္။
ဦးကိုနီသည္ အစၥလာမ္ဘာသာမ်ားအတြက္ ရပ္တည္ခဲ့ျခင္းမဟုတ္ ဘဲ ႏိုင္ငံသားမ်ားအတြက္ ရပ္တည္ခဲ့သည့္ အာဇာနည္ပုဂၢိဳလ္ျဖစ္ေၾကာင္း မိမိကို ထိုကဲ့သို႔ပုဂၢိဳလ္မ်ဳိးႏွင့္ ႏႈိင္းလို႔မရႏိုင္ေၾကာင္း ဦးအုန္းေမာင္က ေျပာၾကားခဲ့သည္။
Friday Times News Journal
(Unicode)
ဦးကိုနီနေရာ အစားဝင်မည်ဆိုသည်မှာ မဟုတ်ကြောင်း ဦးအုန်းမောင်ပြော
====================================================
မန္တလေး၊ ဖေဖော်ဝါရီ ၈
မြေးချစ်ညို
လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကွယ်လွန်သွားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ဥပဒေအတိုင်ပင်ခံဖြစ်သူ ဦးကိုနီနေရာတွင် ဥပဒေပညာရှင် ဦးအုန်းမောင်အား အစားထိုး ခန့်အပ်သွားမည်ဆိုသည့် သတင်းများသည် ကောလာဟလသတင်းများသာဖြစ်ပြီး မည်သည့် ကမ်း လှမ်းမှုမှ မရှိကြောင်း ဦးအုန်းမောင်က ပြောကြားသည်။
''ကျွန်တော်က ဦးကိုနီရဲ့ ဆရာမဟုတ်ပါဘူး။ ဥပဒေလောကထဲ ဝင်ရောက်တာ ဦးကိုနီကကျွန်တော့်ထက်စောတယ်။ အသက်လည်း ကျွန်တော့်ထက် ကြီးပါတယ်။ Facebook မှာ ပျံ့နေတဲ့ သတင်းတွေက မဟုတ်ပါဘူး'' ဟု ဦးအုန်းမောင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဥပဒေပညာရှင်ဦးအုန်းမောင်၏ ဓာတ်ပုံဖြင့် ဦးကိုနီနေရာ အစားယူတော့မည်ဟူသည့်သတင်းများ ပျံ့နှံ့ခဲ့သည်။ ထို သတင်းကို ပြန်လည်မျှဝေသူ များပြားခဲ့ပြီး၊ နာရီပိုင်းအတွင်း နာမည်ကြီးခဲ့ သည့် အွန်လိုင်းသတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
ဦးကိုနီသည် အစ္စလာမ်ဘာသာများအတွက် ရပ်တည်ခဲ့ခြင်းမဟုတ် ဘဲ နိုင်ငံသားများအတွက် ရပ်တည်ခဲ့သည့် အာဇာနည်ပုဂ္ဂိုလ်ဖြစ်ကြောင်း မိမိကို ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးနှင့် နှိုင်းလို့မရနိုင်ကြောင်း ဦးအုန်းမောင်က ပြောကြားခဲ့သည်။
Loading...