အေပၚပိုင္းကိုယ္ဗလာျဖင့္ ေနဆာလႈံခြင့္ရရွိေရး အာဂ်င္တီးနားတြင္ အမ်ဳိးသမီးမ်ား ဆႏၵျပ



_________________________________________________________
အေပၚပိုင္းကိုယ္ဗလာျဖင့္ ေနဆာလႈံခြင့္ရရွိေရး အာဂ်င္တီးနားတြင္ အမ်ဳိးသမီးမ်ား ဆႏၵျပ

အာဂ်င္တီးနားႏိုင္ငံ ဗ်ဳႏိုေအးရိစ္ျမိဳ႕ ကမ္းေျခတခုတြင္ အေပၚပိုင္းကိုယ္ဗလာျဖင့္ ေနဆာလႈံေနသည့္အမ်ဳိးသမီးမ်ားကို ရဲတပ္ဖြဲ႔က တားျမစ္ခဲ့သည္ကို မေက်နပ္သျဖင့္ ဆႏၵျပမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ဆႏၵျပပြဲ၌ပါ၀င္သည့္အမ်ဳိးသမီးအခ်ဳိ႕မွာ အေပၚ၀တ္အိက်ႌမ်ားခြ်တ္၍ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္ဟုဆိုသည္။ ဇန္န၀ါရီလအတြင္းကျဖစ္ခဲ့ေသာ အဆိုပါျဖစ္ရပ္ေၾကာင့္ အာဂ်င္တီးနား၏ အျခားျမိဳ႕မ်ားတြင္လည္း အလားတူ ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့သည္ဟုဆိုသည္။
အမ်ားျပည္သူျမင္ကြင္းတြင္ မဖြယ္မရာျပဳလုပ္ျခင္းသည္ ရာဇ၀တ္ျပစ္မႈေျမာက္သျဖင့္ ကမ္းေျခတြင္ ကိုယ္ဗလာျဖင့္ ေနဆာလႈံသည့္အမ်ဳိးသမီးမ်ားကို တာျမစ္ဟန္႔တားခဲ့ျခင္းျဖစ္ေၾကာင္း အာဂ်င္တီးနား ရဲတပ္ဖြဲ႔က ေျပာသည္။
ဆႏၵျပပြဲတြင္ ပါ၀င္သူမ်ားက အမ်ဳိးသားမ်ားနည္းတူ အမ်ဳိးသမီးမ်ားလည္း အေပၚပိုင္းကိုယ္ဗလာျဖင့္ ေနဆာလႈံခြင့္ရွိေၾကာင္း ေၾကြးေၾကာ္ခဲ့ၾကျပီး ၎တို႔၏ခႏၶာကိုယ္ေပၚတြင္လည္း ေၾကြးေၾကာ္သံမ်ားကို ေရးသားခဲ့ၾကသည္ဟုဆိုသည္။
ဗ်ဳႏိုေအးရိစ္ကမ္းေျခ၌ျဖစ္ပြားခဲ့ေသာ အဆိုပါျဖစ္ရပ္သည္ အာဂ်င္တီးနား၌ က်ား/မခြဲျခားဆက္ဆံမႈကို အတိုင္းသားထင္ဟပ္ျပေနျခင္းျဖစ္သည္ဟု ဆႏၵျပသူမ်ားက ေျပာသည္။
Ref;The Guardian

Unicode
အာဂျင်တီးနားနိုင်ငံ ဗျုနိုအေးရိစ်မြို့ ကမ်းခြေတခုတွင် အပေါ်ပိုင်းကိုယ်ဗလာဖြင့် နေဆာလှုံနေသည့်အမျိုးသမီးများကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့သည်ကို မကျေနပ်သဖြင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲ၌ပါဝင်သည့်အမျိုးသမီးအချို့မှာ အပေါ်ဝတ်အိင်္ကျီများချွတ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုဆိုသည်။ ဇန်နဝါရီလအတွင်းကဖြစ်ခဲ့သော အဆိုပါဖြစ်ရပ်ကြောင့် အာဂျင်တီးနား၏ အခြားမြို့များတွင်လည်း အလားတူ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အများပြည်သူမြင်ကွင်းတွင် မဖွယ်မရာပြုလုပ်ခြင်းသည် ရာဇဝတ်ပြစ်မှုမြောက်သဖြင့် ကမ်းခြေတွင် ကိုယ်ဗလာဖြင့် နေဆာလှုံသည့်အမျိုးသမီးများကို တာမြစ်ဟန့်တားခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနား ရဲတပ်ဖွဲ့က ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူများက အမျိုးသားများနည်းတူ အမျိုးသမီးများလည်း အပေါ်ပိုင်းကိုယ်ဗလာဖြင့် နေဆာလှုံခွင့်ရှိကြောင်း ကြွေးကြော်ခဲ့ကြပြီး ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင်လည်း ကြွေးကြော်သံများကို ရေးသားခဲ့ကြသည်ဟုဆိုသည်။
ဗျုနိုအေးရိစ်ကမ်းခြေ၌ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်သည် အာဂျင်တီးနား၌ ကျား/မခွဲခြားဆက်ဆံမှုကို အတိုင်းသားထင်ဟပ်ပြနေခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။
Ref;The Guardian