Breaking News


ေတာင္ေပၚတြင္ ဆိတ္ေက်ာင္းေနစဥ္ မိုင္းနင္းမိသျဖင့္ တစ္ဦးေသဆံုး၊ တစ္ဦးဒဏ္ရာရ

Loading...
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္၊ ကြန္ေဟာက္ေတာင္ရြာမွ ရြာသားႏွစ္ဦး ေတာင္ေပၚတြင္ ဆိတ္သြား ေက်ာင္းရာမွ ေျမျမဳပ္မိုင္းနင္းမိၿပီးေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာေၾကာင့္ တစ္ဦးေသဆံုးကာ တစ္ဦးမွာ သီေပါေဆး႐ံု တြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရွိရသည္။
ကြန္ေဟာက္ေတာင္ရြာမွ ရြာသားႏွစ္ဦးမွာ ေဖေဖာ္ဝါရီ ၆ ရက္၊ နံနက္ပိုင္းက သီေပါၿမိဳ႕နယ္၊ ကြန္ေဟာက္ ေတာင္ရြာအနီးရွိ လြယ္ဆန္ငံေတာင္ေပၚသို႔ စားက်က္လႊတ္ထားသည့္ အိမ္ေမြးဆိတ္မ်ားအား သြားေရာက္ေခၚ ေဆာင္ရာမွ မိုင္းနင္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေတာင္ေပၚမွာ အစာစားေနတဲ့ အိမ္က ဆိတ္ကိုသြားယူတာ၊ မိုင္းေပါက္ကဲြသြားတယ္။ တစ္ေယာက္ေသတယ္။ ဦးစံပိုကေတာ့ ေျခေထာက္မွာဒဏ္ရာရလို႔ ေဆးလာကုတာပါ။”ဟု လူနာေစာင့္အမ်ိဳးသမီးက ေျပာသည္။
ကြန္ေဟာက္ရြာမွ ဦးစံပို(၅၅)ႏွစ္ႏွင့္ စိုင္းအိုက္ေအာင္(၂၇)ႏွစ္တို႔ႏွစ္ဦးမွာ ေတာင္ေၾကာေပၚတြင္လႊတ္ထားသည့္ အိမ္ေမြးဆိတ္မ်ားကို ျပန္ေခၚစဥ္ ေပါက္ကဲြမႈျဖစ္ကာ စိုင္းအိုက္ေအာင္(၂၇)ႏွစ္မွာ ေနရာတြင္ပင္ ေသဆံုး သြားခဲ့ၿပီး ဒဏ္ရာရခဲ့သည့္ဦးစံပိုအား သီေပါေဆး႐ံုသို႔ေခၚေဆာင္လာရျခင္းျဖစ္ေၾကာင္း သိရသည္။
“သိသိခ်င္း သြားေခၚတာပါ။ တစ္ေယာက္ကေတာ့ ဆံုးေနၿပီ။ တစ္ေယာက္ဒဏ္ရာရလို႔ သီေပါေဆး႐ံုေခၚလာ တာပါ။ မေန႔(ေဖေဖာ္ဝါရီ ၆ ရက္)ေန႔ခင္းပိုင္းေလာက္က ေရာက္ပါတယ္။”ဟု မိုင္းထိလူနာအား သြားေရာက္ သယ္ေဆာင္လာသူ နယ္စည္းမျခားပရဟိတအသင္းမွ ဦးမ်ိဳးျမင့္လြင္ကေျပာသည္။
ထို႔အျပင္ သီေပါၿမိဳ႕နယ္၊ အံုမုေက်းရြာအနီး လက္ဖက္စိုက္ခင္းတစ္ခု၌ ဇန္နဝါရီ ၂၁ ရက္က အမ်ိဳးသမီးငယ္(၃) ဦး မိုင္းနင္းမိျခင္းေၾကာင့္ တစ္ဦးေသဆံုးကာ၊ ႏွစ္ဦးဒဏ္ရာရရွိသျဖင့္ ေဆးကုသမႈခံယူခဲ႔ရေၾကာင္းလည္း  သိရသည္။


Unicode

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကွန်ဟောက်တောင်ရွာမှ ရွာသားနှစ်ဦး တောင်ပေါ်တွင် ဆိတ်သွား ကျောင်းရာမှ မြေမြုပ်မိုင်းနင်းမိပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးမှာ သီပေါဆေးရုံ တွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
ကွန်ဟောက်တောင်ရွာမှ ရွာသားနှစ်ဦးမှာ ဖေဖော်ဝါရီ ၆ ရက်၊ နံနက်ပိုင်းက သီပေါမြို့နယ်၊ ကွန်ဟောက် တောင်ရွာအနီးရှိ လွယ်ဆန်ငံတောင်ပေါ်သို့ စားကျက်လွှတ်ထားသည့် အိမ်မွေးဆိတ်များအား သွားရောက်ခေါ် ဆောင်ရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ပေါ်မှာ အစာစားနေတဲ့ အိမ်က ဆိတ်ကိုသွားယူတာ၊ မိုင်းပေါက်ကွဲသွားတယ်။ တစ်ယောက်သေတယ်။ ဦးစံပိုကတော့ ခြေထောက်မှာဒဏ်ရာရလို့ ဆေးလာကုတာပါ။”ဟု လူနာစောင့်အမျိုးသမီးက ပြောသည်။
ကွန်ဟောက်ရွာမှ ဦးစံပို(၅၅)နှစ်နှင့် စိုင်းအိုက်အောင်(၂၇)နှစ်တို့နှစ်ဦးမှာ တောင်ကြောပေါ်တွင်လွှတ်ထားသည့် အိမ်မွေးဆိတ်များကို ပြန်ခေါ်စဉ် ပေါက်ကွဲမှုဖြစ်ကာ စိုင်းအိုက်အောင်(၂၇)နှစ်မှာ နေရာတွင်ပင် သေဆုံး သွားခဲ့ပြီး ဒဏ်ရာရခဲ့သည့်ဦးစံပိုအား သီပေါဆေးရုံသို့ခေါ်ဆောင်လာရခြင်းဖြစ်ကြောင်း သိရသည်။
“သိသိချင်း သွားခေါ်တာပါ။ တစ်ယောက်ကတော့ ဆုံးနေပြီ။ တစ်ယောက်ဒဏ်ရာရလို့ သီပေါဆေးရုံခေါ်လာ တာပါ။ မနေ့(ဖေဖော်ဝါရီ ၆ ရက်)နေ့ခင်းပိုင်းလောက်က ရောက်ပါတယ်။”ဟု မိုင်းထိလူနာအား သွားရောက် သယ်ဆောင်လာသူ နယ်စည်းမခြားပရဟိတအသင်းမှ ဦးမျိုးမြင့်လွင်ကပြောသည်။
ထို့အပြင် သီပေါမြို့နယ်၊ အုံမုကျေးရွာအနီး လက်ဖက်စိုက်ခင်းတစ်ခု၌ ဇန်နဝါရီ ၂၁ ရက်က အမျိုးသမီးငယ်(၃) ဦး မိုင်းနင်းမိခြင်းကြောင့် တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း  သိရသည်။
Loading...