အသက္ ၆ ႏွစ္အ႐ြယ္ မိန္းကေလးအား အဓမၼျပဳက်င့္သူကို ျပစ္ဒဏ္ ခ်မွတ္လိုက္ျပီ

_________________________________________________________

အသက္ ၆ ႏွစ္အ႐ြယ္ မိန္းကေလးကို အဓမၼျပဳက်င့္သည္ဟု ဆိုေသာ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ဳိးသားကို အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးက ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ အႏွစ္ ၂၀ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့သည္။

မရမ္းကုန္းၿမဳိ႕နယ္ အမွတ္(၂) ရပ္ကြက္၊ ေဇယ်သုခလမ္းတြင္ ေနထိုင္သူ အသက္ ၃၂ ႏွစ္အ႐ြယ္ ကိုေအာင္ေအာင္မွာ ၂၀၁၆ ခုႏွစ္၊ မတ္လ ၂၀ ရက္ေန႔ တစ္လမ္းတည္း ေနထိုင္သူ အသက္ ၆ ႏွစ္အ႐ြယ္ သူငယ္တန္းေက်ာင္းသူတစ္ဦးကို ေနာက္ေဖးလမ္းၾကား လမ္းခုံတြင္ ေပြ႔ခ်ီေခၚယူၿပီး အဓမၼျပဳက်င့္သည္ဟု ဆိုကာ ဇန္နဝါရီလ ၃၁ ရက္ေန႔က အလုပ္ႏွင့္ ေထာင္ဒဏ္ အႏွစ္ ၂၀ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

“ကေလးမေလးက ငိုၿပီး မဖြယ္မရာ အလုပ္ခံရတယ္ဆိုတာ ေျပာျပတယ္၊ အဲဒါနဲ႔ မိခင္က တရားလိုလုပ္ၿပီး အမႈဖြင့္တိုင္ၾကားခဲ့တာပါ၊ ကေလးမေလးကို ရဲစခန္းမွာ စစ္ေဆးေတာ့လည္း အဓမၼျပဳက်င့္ခံခဲ့ရတယ္ ဆိုတာ ေပၚလြင္ခဲ့တယ္၊ စြပ္စြဲခံရသူကို စစ္ေတာ့လည္း မရည္႐ြယ္ဘဲ ျဖစ္ခဲ့တယ္ဆိုတာ ရဲစခန္းမွာ ဝန္ခံထားပါတယ္” ဟု အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

အသက္မျပည့္သူ မိန္းကေလးမ်ားအေပၚ ထိေရာက္ျပစ္ဒဏ္ ခ်မွတ္ႏိုင္ရန္ ခ႐ိုင္တရား႐ုံးမ်ားတြင္ စစ္ေဆးစီရင္ဆုံးျဖတ္မည္ ျဖစ္ေၾကာင္း ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီး ဦးစိုးညြန္႔က ဇန္နဝါရီလ ၃၀ ရက္ေန႔ အမ်ဳိးသားလႊတ္ေတာ္ အစည္းအေဝးတြင္ ေျဖၾကားထားၿပီး ၂၀၁၅ ခုႏွစ္တြင္ အသက္မျပည့္သူ ကေလးငယ္မ်ားအေပၚ လိင္အၾကမ္းဖက္မႈ ၆၇၁ မႈ ရွိခဲ့ေၾကာင္း၊ ခ႐ိုင္တရား႐ုံးမ်ားတြင္ စစ္ေဆးခဲ့သည့္ အမႈ ၅၈၆ မႈအနက္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခဲ့မႈ ၃၆ မႈ ရွိခဲ့ေၾကာင္း၊ ေထာင္ဒဏ္ ၁၀ ႏွစ္ မွ ၇ ႏွစ္ အထိ အမႈအမ်ဳိးအစားအလိုက္ ခ်မွတ္ႏိုင္ခဲ့ေၾကာင္းႏွင့္ ယင္းမုဒိမ္းမႈမ်ားမွ လူသတ္မႈ ပါဝင္ေသာ အမႈ ၇၀ ေက်ာ္ကို ေသဒဏ္အထိ ခ်မွတ္ခဲ့သည္။

Unicode

အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သည်ဟု ဆိုသော အသက် ၃၂ နှစ်အရွယ် အမျိုးသားကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်၊ ဇေယျသုခလမ်းတွင် နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကိုအောင်အောင်မှာ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ တစ်လမ်းတည်း နေထိုင်သူ အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသူတစ်ဦးကို နောက်ဖေးလမ်းကြား လမ်းခုံတွင် ပွေ့ချီခေါ်ယူပြီး အဓမ္မပြုကျင့်သည်ဟု ဆိုကာ ဇန်နဝါရီလ ၃၁ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကလေးမလေးက ငိုပြီး မဖွယ်မရာ အလုပ်ခံရတယ်ဆိုတာ ပြောပြတယ်၊ အဲဒါနဲ့ မိခင်က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့တာပါ၊ ကလေးမလေးကို ရဲစခန်းမှာ စစ်ဆေးတော့လည်း အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတာ ပေါ်လွင်ခဲ့တယ်၊ စွပ်စွဲခံရသူကို စစ်တော့လည်း မရည်ရွယ်ဘဲ ဖြစ်ခဲ့တယ်ဆိုတာ ရဲစခန်းမှာ ဝန်ခံထားပါတယ်” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက်မပြည့်သူ မိန်းကလေးများအပေါ် ထိရောက်ပြစ်ဒဏ် ချမှတ်နိုင်ရန် ခရိုင်တရားရုံးများတွင် စစ်ဆေးစီရင်ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဇန်နဝါရီလ ၃၀ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြေကြားထားပြီး ၂၀၁၅ ခုနှစ်တွင် အသက်မပြည့်သူ ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှု ၆၇၁ မှု ရှိခဲ့ကြောင်း၊ ခရိုင်တရားရုံးများတွင် စစ်ဆေးခဲ့သည့် အမှု ၅၈၆ မှုအနက် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့မှု ၃၆ မှု ရှိခဲ့ကြောင်း၊ ထောင်ဒဏ် ၁၀ နှစ် မှ ၇ နှစ် အထိ အမှုအမျိုးအစားအလိုက် ချမှတ်နိုင်ခဲ့ကြောင်းနှင့် ယင်းမုဒိမ်းမှုများမှ လူသတ်မှု ပါဝင်သော အမှု ၇၀ ကျော်ကို သေဒဏ်အထိ ချမှတ်ခဲ့သည်။
Loading...