Breaking News

အယုဒၵယမွလုသြားသည့္ ေရႊမ်ားျဖင့္ ေရႊတိဂုံေစတီကို တည္ထားသည္ဟု အြန္လုိင္းဗီဒီယုိတြင္ စေနာက္ခဲ့သည့္ ထုိင္းအေျခာက္မယ္

Loading...

ထုိင္းႏုိင္ငံမွ ျဖတ္ေဖာက္ခ်ဳပ္ မိန္းမလ်ာ ေဖ့စ္ဘုတ္အုိင္ေဒါ ေမာ္ဒယ္တစ္ဦးက ေရႊတိဂုံေစတီေတာ္တြင္ မသင့္ေလ်ာ္သည့္ ၀တ္ဆင္မႈမ်ားျဖင့္ ဓာတ္ပုံအ႐ိုက္ခံခ့ဲသည့္ ကိစၥႏွင့္ ပတ္သက္ျပီး ျမန္မာေဖ့စ္ဘုတ္
အသုံးျပဳသူမ်ားအၾကား ေ၀ဖန္မႈမ်ား ျမင့္တက္လာသည့္အတြက္ ေတာင္းပန္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆုိပါ ထုိင္းလူမ်ိဳး မိန္းမလ်ာဆယ္လီ Nisamanee Lertvorapong သည္ ဖက္ရွင္ ဆန္းသစ္ခ်ဳပ္လုပ္ထားသည့္ ရင္ဟုိက္လြန္းသည့္ ထိုင္း၀တ္စုံကို သူမ ေရႊတိဂုံေစတီေတာ္အား
သြားေရာက္ဖူးေျမာ္ရာတြင္ ဓာတ္ပုံအ႐ိုက္ခံခ့ဲျပီး အဆိုပါ ပုံမ်ားအား၎ကိုယ္ပိုင္ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚတြင္ တင္ခ့ဲသည္။ သူမ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္
ၾကည့္႐ႈသူ ၇ သိန္းခန္႔ရွိေၾကာင္း သိရသည္။
အဆုိပါ မိန္းမလ်ာေမာ္ဒယ္က ေရႊတိဂုံေစတီအား လည္ပတ္မႈအား ၄င္း၏ ေဖ႔ဘုတ္မွ Live လြင့္တင္ခဲ့ၿပီး အဆုိပါ Live Video တြင္ တစ္ခ်ိန္က ထိုင္းႏုိင္ငံ၏ အယုဒၵယေခတ္ကာလက လုယူသြားသည့္ ေရႊမ်ားျဖင့္ ေရႊတိဂုံေစတီကို တည္ထားျခင္းျဖစ္ေၾကာင္း ၎၏ ပရိသတ္အား ျပက္လုံးသေဘာျဖင့္ တီးတုိးအတင္းတုတ္သည့္ ပုံစံ ေျပာဆိုခဲ့သည္ဟု The Nation သတင္းစာႀကီးက ေဖာ္ျပခဲ့သည္။
၎၏ တင္ထားသည့္ ဓာတ္ပုံမ်ား ေျပာစကားမ်ားႏွင့္ ပတ္သက္ျပီး ျမန္မာႏုိင္ငံသားအခ်ိဳ႕က ေဒါသ အမ်က္ထြက္ကာ မွတ္ခ်က္ေပး ေျပာဆိုျခင္းမ်ားျပဳခ့ဲသည္။ အယုဒၵယ ေခတ္ကာလအတြင္း ျမန္မာမွ
ေရႊမ်ား လုယူသြားေၾကာင္း မွတ္ခ်က္ျပဳေျပာခ့ဲသည့္အေပၚ ျမန္မာႏုိင္ငံမွ ေဖ႔စ္ဘုတ္အသုံးျပဳသူမ်ားၾကား ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသည့္အတြက္ Nisamanee အေနျဖင့္ ေတာင္းပန္ေၾကာင္း ဆိုထားသည္။
သူ႔ အေနျဖင့္ကြဲျပားျခားနားသည့္ ယဥ္ေက်းမႈအေပၚ နားမလည္သည့္အတြက္ ေတာင္းပန္ေၾကာင္းမရည္ရြယ္ စေနာက္ေျပာဆိုသည့္ ကိစၥႏွင့္ ပတ္သက္ျပီး အမွားက်ဴးလြန္ခ့ဲျခင္း ျဖစ္ေၾကာင္း ၎ကေျပာသည္။
“ဒီကိစၥနဲ႔ ပတ္သက္ျပီး ျမန္မာႏိုင္ငံနဲ႔ ျမန္မာျပည္သူမ်ားကိုေတာင္းပန္ပါတယ္” ဟု ေရးသားခဲ့သည္။
သူ၏ ၀တ္စားဆင္ယင္မႈမွာ မေတာ္တေရာ္ျဖစ္ေၾကာင္းကို ၎ကိုယ္တိုင္ အမွန္တကယ္ မသိရွိေၾကာင္း အဘယ္ေၾကာင့္ဆိုေသာ္ ၎အေနျဖင့္ သူ႕ကို မည္သူကမွ လာေရာက္တားျမစ္ျခင္း မရွိသည့္အတြက္ လုပ္ေဆာင္ခ့ဲမိျခင္း ျဖစ္ေၾကာင္း ေျပာသည္။
The Ladies News
ထိုင်းနိုင်ငံမှ ဖြတ်ဖောက်ချုပ် မိန်းမလျာ ဖေ့စ်ဘုတ်အိုင်ဒေါ မော်ဒယ်တစ်ဦးက ရွှေတိဂုံစေတီတော်တွင် မသင့်လျော်သည့် ဝတ်ဆင်မှုများဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာဖေ့စ်ဘုတ်
အသုံးပြုသူများအကြား ဝေဖန်မှုများ မြင့်တက်လာသည့်အတွက် တောင်းပန်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုင်းလူမျိုး မိန်းမလျာဆယ်လီ Nisamanee Lertvorapong သည် ဖက်ရှင် ဆန်းသစ်ချုပ်လုပ်ထားသည့် ရင်ဟိုက်လွန်းသည့် ထိုင်းဝတ်စုံကို သူမ ရွှေတိဂုံစေတီတော်အား
သွားရောက်ဖူးမြော်ရာတွင် ဓာတ်ပုံအရိုက်ခံခဲ့ပြီး အဆိုပါ ပုံများအား၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် တင်ခဲ့သည်။ သူမ ဖေ့စ်ဘုတ်စာမျက်နှာတွင်
ကြည့်ရှုသူ ၇ သိန်းခန့်ရှိကြောင်း သိရသည်။
အဆိုပါ မိန်းမလျာမော်ဒယ်က ရွှေတိဂုံစေတီအား လည်ပတ်မှုအား ၄င်း၏ ဖေ့ဘုတ်မှ Live လွင့်တင်ခဲ့ပြီး အဆိုပါ Live Video တွင် တစ်ချိန်က ထိုင်းနိုင်ငံ၏ အယုဒ္ဒယခေတ်ကာလက လုယူသွားသည့် ရွှေများဖြင့် ရွှေတိဂုံစေတီကို တည်ထားခြင်းဖြစ်ကြောင်း ၎င်း၏ ပရိသတ်အား ပြက်လုံးသဘောဖြင့် တီးတိုးအတင်းတုတ်သည့် ပုံစံ ပြောဆိုခဲ့သည်ဟု The Nation သတင်းစာကြီးက ဖော်ပြခဲ့သည်။
၎င်း၏ တင်ထားသည့် ဓာတ်ပုံများ ပြောစကားများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားအချို့က ဒေါသ အမျက်ထွက်ကာ မှတ်ချက်ပေး ပြောဆိုခြင်းများပြုခဲ့သည်။ အယုဒ္ဒယ ခေတ်ကာလအတွင်း မြန်မာမှ
ရွှေများ လုယူသွားကြောင်း မှတ်ချက်ပြုပြောခဲ့သည့်အပေါ် မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ်အသုံးပြုသူများကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည့်အတွက် Nisamanee အနေဖြင့် တောင်းပန်ကြောင်း ဆိုထားသည်။
သူ့ အနေဖြင့်ကွဲပြားခြားနားသည့် ယဉ်ကျေးမှုအပေါ် နားမလည်သည့်အတွက် တောင်းပန်ကြောင်းမရည်ရွယ် စနောက်ပြောဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး အမှားကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများကိုတောင်းပန်ပါတယ်” ဟု ရေးသားခဲ့သည်။
သူ၏ ဝတ်စားဆင်ယင်မှုမှာ မတော်တရော်ဖြစ်ကြောင်းကို ၎င်းကိုယ်တိုင် အမှန်တကယ် မသိရှိကြောင်း အဘယ်ကြောင့်ဆိုသော် ၎င်းအနေဖြင့် သူ့ကို မည်သူကမှ လာရောက်တားမြစ်ခြင်း မရှိသည့်အတွက် လုပ်ဆောင်ခဲ့မိခြင်း ဖြစ်ကြောင်း ပြောသည်။
The Ladies News
Loading...