အင္းစိန္ေအာင္စိုုးကိုု စီအိုုင္ဒီက စစ္ခ်က္ယူျပီ

_________________________________________________________

ကိုုေအာင္စိုုး (ယာ) အားရဲတပ္ဖြဲ.၀င္တစ္ဦးနွင့္အတူ အင္းစိန္ျမိဳ.နယ္ရွိ မွႈခင္းတပ္ဖြဲ.ရံုုးေရွ.တြင္ ဗုုဒၶဟူးေန႔ကေတြ႔ရစဥ္။ (ဓာတ္ပံုု။ Myanmar Now)
Myanmar Now (ရန္ကုုန္) ---တရားလႊတ္ေတာ္ေရွ.ေန ဦးကိုုနီလုုပ္ၾကံခံရမွႈႏွင့္ ဆက္စပ္ဖြယ္ရာရွိသည့္ သတင္းအခ်က္အလက္မ်ား ထုုတ္ေဖာ္ေျပာဆိုုခဲ့သူ ရာဇ၀တ္အက်ဥ္းသားေဟာင္း ဦးေအာင္စိုုးအား ယေန႔တြင္ အင္းစိန္ျမိဳ.နယ္ရွိ မွႈခင္းရဲတပ္ဖြဲ. (စီအိုုင္ဒီ) ရံုုးတြင္ ေခၚယူ၍ ထြက္ဆိုုခ်က္မ်ားရယူခဲ့ေၾကာင္း သိရွိရသည္။

ေဖေဖာ္၀ါရီ ၈ ရက္ေန႔ မနက္ ၉ နာရီခြဲမွ ညေန ၄ နာရီခန္႔ထိ ဦးေအာင္စုုိး၏ ထြက္ဆိုုခ်က္မ်ားအား ရဲတပ္ဖြဲ႔က ေမးျမန္းမွတ္တမ္းတင္ခဲ့ျပီး၊ ၁၃ မ်က္ႏွာရွိ အဆိုုပါ ထြက္ဆိုုခ်က္မ်ား မွန္ကန္ပါေၾကာင္း လက္မွတ္ထိုုးခဲ့ရသည္ဟုု ဦးေအာင္စိုုးက ေျပာၾကားသည္။

ဦးကုုိနီလုုပ္ၾကံခံရမွႈအား တရားရံုုးစစ္ေဆးရာတြင္ ဦးေအာင္စိုုးအေနျဖင့္ ထြက္ဆိုုခ်က္ေပးဖိုု႔ လိုုအပ္ႏိုုင္သလိုု၊ မလိုုအပ္သည္လည္းျဖစ္ႏိုုင္ေၾကာင္း ရဲတပ္ဖြဲ႔က သူ႔အားေျပာဆိုခဲ့ေၾကာင္း ကိုုေအာင္စိုုးကရွင္းျပသည္။

“တရားရံုုးမွာ ခုုထြက္ဆိုုရမယ္ဆိုုလည္း ထြက္ဆိုုဖိုု႔အသင့္ပဲ။ ဘာေၾကာက္စရာရွိလဲ” ဟုု ဦးေအာင္စိုုးကဆိုုသည္။

အင္းစိန္ျမိဳ.နယ္တြင္ ေနထိုုင္ေသာ အသက္ ၅၁ ႏွစ္အရြယ္ ဦးေအာင္စိုုးသည္ လုုယက္မွႈရာဇ၀တ္မွႈမ်ားျဖင့္ အက်ဥ္းက်ခဲ့စဥ္ ဦးကိုုနီလုုပ္ၾကံမွႈျဖင့္ ဖမ္းခံထားရေသာ ဦးၾကည္လင္း ႏွင့္ ဦးေအာင္၀င္းေဇာ္တိုု႔ကို ေထာင္ထဲတြင္ ေတြ.ဆံုခဲ့သည္။

၄င္းတိုု႔ သံုုးဦးလံုုးေထာင္မွလြတ္ေျမာက္ျပီး ၂ ႏွစ္ခန္႔အၾကာ ၂၀၁၆ ဇြန္လတြင္ ဦးေအာင္၀င္းေဇာ္က ေန႔ခင္းေၾကာင္ေတာင္ျမိဳ.လယ္ေခါင္တြင္ လူသတ္လုုပ္ၾကံမွႈတစ္ခုုကိုု က်ဴးလြန္ေပးရန္ ေငြေၾကးျဖင့္ကမ္းလွမ္းခဲ့ေၾကာင္း၊ သူကထိုုအလုုပ္ကိုု လက္မခံသျဖင့္ ဦးၾကည္လင္းက လက္ခံျပီး ဦးကိုုနီကိုုပစ္သတ္ခဲ့သည္ဟုု ယံုုၾကည္ေၾကာင္း ဦးေအာင္စိုုးက Myanmar Now သတင္းဌာနကိုု ထုုတ္ေဖာ္ေျပာဆိုုခဲ့သည္။

ထိုုကဲ့သိုု႔ ထုုတ္ေဖာ္ေျပာဆိုုျပီး ၂ ရက္အၾကာ ေဖေဖာ္၀ါရီ ၃ ရက္ေန႔တြင္ ဦးေအာင္၀င္းေဇာ္သည္ ဦးၾကည္လင္းႏွင့္အတူ ဦးကုုိနီအား ရန္ကုုန္ အျပည္ျပည္ဆိုုင္ရာေလဆိပ္တြင္ လုုပ္ၾကံပစ္သတ္သည့္ ျပစ္မွႈက်ဴးလြန္ရာတြင္ ပါ၀င္ခဲ့ျခင္းေၾကာင့္ ဖမ္းဆီးထားသည္ဟုု ႏိုုင္ငံေတာ္သမၼတရံုုးက ထုုတ္ျပန္ခဲ့သည္။

ေရးသားသူ - Myanmar Now 08/02/2017
http://www.myanmar-now.org

တရားလွှတ်တော်ရှေ.နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ဆက်စပ်ဖွယ်ရာရှိသည့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခဲ့သူ ရာဇဝတ်အကျဉ်းသားဟောင်း ဦးအောင်စိုးအား ယနေ့တွင် အင်းစိန်မြို.နယ်ရှိ မှုခင်းရဲတပ်ဖွဲ. (စီအိုင်ဒီ) ရုံးတွင် ခေါ်ယူ၍ ထွက်ဆိုချက်များရယူခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခန့်ထိ ဦးအောင်စိုး၏ ထွက်ဆိုချက်များအား ရဲတပ်ဖွဲ့က မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး၊ ၁၃ မျက်နှာရှိ အဆိုပါ ထွက်ဆိုချက်များ မှန်ကန်ပါကြောင်း လက်မှတ်ထိုးခဲ့ရသည်ဟု ဦးအောင်စိုးက ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုအား တရားရုံးစစ်ဆေးရာတွင် ဦးအောင်စိုးအနေဖြင့် ထွက်ဆိုချက်ပေးဖို့ လိုအပ်နိုင်သလို၊ မလိုအပ်သည်လည်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သူ့အားပြောဆိုခဲ့ကြောင်း ကိုအောင်စိုးကရှင်းပြသည်။

“တရားရုံးမှာ ခုထွက်ဆိုရမယ်ဆိုလည်း ထွက်ဆိုဖို့အသင့်ပဲ။ ဘာကြောက်စရာရှိလဲ” ဟု ဦးအောင်စိုးကဆိုသည်။

အင်းစိန်မြို.နယ်တွင် နေထိုင်သော အသက် ၅၁ နှစ်အရွယ် ဦးအောင်စိုးသည် လုယက်မှုရာဇဝတ်မှုများဖြင့် အကျဉ်းကျခဲ့စဉ် ဦးကိုနီလုပ်ကြံမှုဖြင့် ဖမ်းခံထားရသော ဦးကြည်လင်း နှင့် ဦးအောင်ဝင်းဇော်တို့ကို ထောင်ထဲတွင် တွေ.ဆုံခဲ့သည်။

၄င်းတို့ သုံးဦးလုံးထောင်မှလွတ်မြောက်ပြီး ၂ နှစ်ခန့်အကြာ ၂၀၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က နေ့ခင်းကြောင်တောင်မြို.လယ်ခေါင်တွင် လူသတ်လုပ်ကြံမှုတစ်ခုကို ကျူးလွန်ပေးရန် ငွေကြေးဖြင့်ကမ်းလှမ်းခဲ့ကြောင်း၊ သူကထိုအလုပ်ကို လက်မခံသဖြင့် ဦးကြည်လင်းက လက်ခံပြီး ဦးကိုနီကိုပစ်သတ်ခဲ့သည်ဟု ယုံကြည်ကြောင်း ဦးအောင်စိုးက Myanmar Now သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုပြီး ၂ ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဦးအောင်ဝင်းဇော်သည် ဦးကြည်လင်းနှင့်အတူ ဦးကိုနီအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံပစ်သတ်သည့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ရေးသားသူ - Myanmar Now 08/02/2017
http://www.myanmar-now.org
Loading...