ဦးကိုနီကို သတ္ခိုင္းသူမွာ ျပည္ထဲေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ျဖစ္ေၾကာင္း စြပ္စြဲေျပ္စြဲေျပာဆုိခ်က္ ျပည္ထဲေရး၀န္ႀကီးဌာနျငင္းဆို

Loading...
_________________________________________________________



မႏၲေလး၊ ေဖေဖာ္၀ါရီ ၁
မန္းသားေလး

ၿပီးခဲ့သည့္ ဇန္န၀ါရီလ ၂၉ရက္ေန႕ လုပ္ႀကံခံရသည့္ ဦးကိုနီ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ေနာက္ကြယ္က ေစခိုင္းသူမွာ ျပည္ထဲေရး၀န္ႀကီးဌာန တာ၀န္ရွိသူ တစ္ဦး ျဖစ္ေနသည္ ဆိုသည့္ သတင္းမွာ ေကာလာဟလ သတင္းမ်ားသာ ျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန လက္ေထာက္အတြင္း၀န္ ဦးေမာင္ေမာင္ျမင့္က ေဖေဖာ္၀ါရီ ၁ရက္ေန႔က Friday Times သို႔ ေျပာၾကားခဲ့သည္။

ၾကည္လင္း၏ ထြက္ခ်က္မ်ားတြင္ ဦးကိုနီကုိ သတ္ေပးမည္ ဆုိပါက ကား၁စီး၊ ေငြသိန္း ၂၀၀ ႏွင့္ ေနျပည္ေတာ္တြင္ အိမ္ခန္း ၁ခန္းေပးမည္ဟု ျပည္ထဲေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြရဲ႕ သားတပည့္ ျဖစ္သူ ဗုိလ္ႀကီးေ၀လြင္က ခိုင္းေစခဲ့ျခင္း ျဖစ္ေၾကာင္း ၀န္ခံထြက္ဆိုထားသည္ ဟူေသာ ေကာလာဟလကို ၄င္းက ျပန္လည္ေျဖရွင္းခဲ့ျခင္း ျဖစ္သည္။

ေဖ့ဘုတ္ဆုိတာ မဟုတ္တာေတြက မ်ားပါတယ္။ က်ေနာ္ဆို သုံးကို မသုံးပါဘူး။ တရားခံရဲ႕ ထြက္ခ်က္ေတြက ဘယ္လိုလုပ္ၿပီး အျပင္ကလူေတြ ၾကားသိရမွာလဲဗ်ာ။ က်ေနာ္ အဲဒီကိစၥ ေသခ်ာမသိေသးပါဘူး။ ခင္ဗ်ားတုိ႕ ေျပာမွ သိတာပါဗ်ာ။ ဒါက လုံး၀မွ မျဖစ္ႏိုင္ပါဘူး။ ႏိုင္ငံေတာ္ တာ၀န္ရွိသူတစ္ေယာက္အေနနဲ႕လည္း ဒါမ်ိဳး လုပ္မွာ မဟုတ္ပါဘူး ဟု ေျဖၾကားခဲ့သည္။

ခုိင္လုံမႈ မရွိေသာ သတင္းရင္းျမစ္မ်ားမွာ ဦးကိုနီကုိ လုပ္ႀကံခ်ိန္ ေလဆိပ္တြင္ အခက္ခဲမရွိေအာင္ စီမံထားမည္ ျဖစ္ေၾကာင္း၊ ဦးကိုနီအား ေသနတ္ပစ္ခ်ိန္ႏွင့္ ထြက္ေျပးတိမ္းေရွာင္ခ်ိန္တြင္ ဖမ္းေပးသည့္ ရဲမ်ား မရွိေအာင္ လုပ္ေပးထားၿပီး ျဖစ္ေၾကာင္း ဗုိလ္ႀကီးေ၀လြင္က ေျပာၾကားခဲ့တဲ့အတြက္ ဦးကိုနီကုိ သတ္ခဲ့တာ ျဖစ္ေၾကာင္း ၀န္ခံခဲ့သည္ဟု ဆုိသည္။

အခင္းျဖစ္ပြားၿပီး ေနာက္တစ္ေန႕တြင္ ၾကည္လင္း၏ ရဲထြက္ခ်က္ပါ စာမ်က္ႏွာ ၅မ်က္ႏွာ လူမႈကြန္ရက္မွ တစ္ဆင့္ ျပန္႕ပြားခဲ့သည္။ ယင္းထြက္ခ်က္ စာမ်က္ႏွာ ၂မ်က္ႏွာ လုိေနေသးၿပီး ယင္း၂မ်က္ႏွာပါ စာမွာ ယခု ထြက္ခ်က္မ်ားႏွင့္ ဆက္စပ္ေနသည္ ဟူသည့္ ေကာလာဟလမ်ား ဆက္တိုက္ထြက္ေပၚလွ်က္ ရွိေနသည္။

သို႕ေသာ္လည္း ယင္းထြက္ဆိုခ်က္ စာရြက္မွာ မွန္ကန္ေၾကာင္း လူမႈကြန္ရက္သုိ႕ ပ်ံ႕ႏွံ႔သြားရ အေၾကာင္းရင္းမွာ Viber အဟက္ခံရျခင္းေၾကာင့္ ျဖစ္ေၾကာင္း  အမည္မေဖာ္လိုသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တာ၀န္ရွိသူ တစ္ဦးက ဇန္န၀ါရီလ ၃၁ရက္ေန႕ ဧရာ၀တီ သတင္းဌာနကို ေျဖၾကားထားသည္။

တရားခံ ၾကည္လင္းမွာ ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ညြန္႕ၿမိဳ႕နယ္ မဟာေအာင္ေျမဗိမာန္ေက်ာင္းတုိက္တြင္ ဇန္န၀ါရီလ ၂ရက္ေန႕မွ ၂၉ရက္ေန႕ ညေန ၆နာရီထိ ေနခဲ့တယ္လို႕ ၀န္ခံထြက္ဆိုထားေၾကာင္း သိရသည္။

(ပုံစာ- ဓာတ္ပုံအင္တာနက္/ ဇန္နဝါရီ ၃၁ ရက္က ေနျပည္ေတာ္၌က်င္းပခဲ႕ေသာ တိုင္းရင္းသားလူမ်ဳိးမ်ား၏ အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သည့္ နည္းဥပေဒဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲတြင္ေတြ႔ရသည့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ထဲေရးဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ)

Credit to Orginal

Friday times news journal
https://m.facebook.com/story.php?story_fbid=1178485998933122&substory_index=0&id=714912165290510

(Unicode)

ဦးကိုနီကို သတ်ခိုင်းသူမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
ဖြစ်ကြောင်း စွပ်စွဲပြောဆိုချက် ပြည်ထဲရေးဝန်ကြီးဌာန ငြင်းဆို
====================================================

မန္တလေး၊ ဖေဖော်ဝါရီ ၁
မန်းသားလေး

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်နေ့ လုပ်ကြံခံရသည့် ဦးကိုနီ သေဆုံးမှုနှင့် ပတ်သက်ပြီး နောက်ကွယ်က စေခိုင်းသူမှာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ဖြစ်နေသည် ဆိုသည့် သတင်းမှာ ကောလာဟလ သတင်းများသာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမောင်မောင်မြင့်က ဖေဖော်ဝါရီ ၁ရက်နေ့က Friday Times သို့ ပြောကြားခဲ့သည်။

ကြည်လင်း၏ ထွက်ချက်များတွင် ဦးကိုနီကို သတ်ပေးမည် ဆိုပါက ကား၁စီး၊ ငွေသိန်း ၂၀၀ နှင့် နေပြည်တော်တွင် အိမ်ခန်း ၁ခန်းပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေရဲ့ သားတပည့် ဖြစ်သူ ဗိုလ်ကြီးဝေလွင်က ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည် ဟူသော ကောလာဟလကို ၄င်းက ပြန်လည်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။

ဖေ့ဘုတ်ဆိုတာ မဟုတ်တာတွေက များပါတယ်။ ကျနော်ဆို သုံးကို မသုံးပါဘူး။ တရားခံရဲ့ ထွက်ချက်တွေက ဘယ်လိုလုပ်ပြီး အပြင်ကလူတွေ ကြားသိရမှာလဲဗျာ။ ကျနော် အဲဒီကိစ္စ သေချာမသိသေးပါဘူး။ ခင်ဗျားတို့ ပြောမှ သိတာပါဗျာ။ ဒါက လုံးဝမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော် တာဝန်ရှိသူတစ်ယောက်အနေနဲ့လည်း ဒါမျိုး လုပ်မှာ မဟုတ်ပါဘူး ဟု ဖြေကြားခဲ့သည်။

ခိုင်လုံမှု မရှိသော သတင်းရင်းမြစ်များမှာ ဦးကိုနီကို လုပ်ကြံချိန် လေဆိပ်တွင် အခက်ခဲမရှိအောင် စီမံထားမည် ဖြစ်ကြောင်း၊ ဦးကိုနီအား သေနတ်ပစ်ချိန်နှင့် ထွက်ပြေးတိမ်းရှောင်ချိန်တွင် ဖမ်းပေးသည့် ရဲများ မရှိအောင် လုပ်ပေးထားပြီး ဖြစ်ကြောင်း ဗိုလ်ကြီးဝေလွင်က ပြောကြားခဲ့တဲ့အတွက် ဦးကိုနီကို သတ်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကြည်လင်း၏ ရဲထွက်ချက်ပါ စာမျက်နှာ ၅မျက်နှာ လူမှုကွန်ရက်မှ တစ်ဆင့် ပြန့်ပွားခဲ့သည်။ ယင်းထွက်ချက် စာမျက်နှာ ၂မျက်နှာ လိုနေသေးပြီး ယင်း၂မျက်နှာပါ စာမှာ ယခု ထွက်ချက်များနှင့် ဆက်စပ်နေသည် ဟူသည့် ကောလာဟလများ ဆက်တိုက်ထွက်ပေါ်လျှက် ရှိနေသည်။

သို့သော်လည်း ယင်းထွက်ဆိုချက် စာရွက်မှာ မှန်ကန်ကြောင်း လူမှုကွန်ရက်သို့ ပျံ့နှံ့သွားရ အကြောင်းရင်းမှာ Viber အဟက်ခံရခြင်းကြောင့် ဖြစ်ကြောင်း  အမည်မဖော်လိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီလ ၃၁ရက်နေ့ ဧရာဝတီ သတင်းဌာနကို ဖြေကြားထားသည်။

တရားခံ ကြည်လင်းမှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဟာအောင်မြေဗိမာန်ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂ရက်နေ့မှ ၂၉ရက်နေ့ ညနေ ၆နာရီထိ နေခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

(ပုံစာ- ဓာတ်ပုံအင်တာနက်/ ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်၌ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်တွေ့ရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ)

Flower news journal
Loading...

ေနာက္ဆုံးရသတင္းမ်ား ⇩⇩⇩