"သခင္ေအာင္ဆန္းနဲ႔မရင္ေအးတို႔ ဇာတ္လမ္း"


_________________________________________________________

သခင္ေအာင္ဆန္းအတြက္ကေတာ့ ျမစ္၀ကြ်န္းေပၚ ရြာႀကီးတရြာက ေျမပိုင္ရွင္ စက္သူေဌးသမီးကေလး မရင္ေအးကို ကြ်န္ေတာ္ ေရြးပါတယ္။
မရင္ေအးကို ေရြးရသည့္ အေၾကာင္းရင္းကေတာ့ မရင္ေအးဟာ ရုပ္ရည္ေခ်ာေမာသေလာက္ သေဘာလည္း ေကာင္းတယ္။ စိတ္လည္း ရွည္တယ္။ ၿပီးေတာ့ သူ႔မွာ အုပ္ထိန္းသူ အေမတေယာက္တည္းပဲ ရိွ တယ္။ အေမြဆိုင္ကလည္း ေမာင္ေလးတေယာက္ပဲ ရိွတယ္။ အဲဒီေမာင္ေလးကလည္း ကြ်န္ေတာ္တို႔နဲ႔ တို႔ဗမာအစည္းအရံုး၀င္ သခင္တေယာက္ျဖစ္တယ္။ သခင္ ေအာင္ဆန္းနဲ႔လည္း ရင္းနီွးတယ္။ သခင္ ေအာင္ဆန္းကိုလည္း ေက်ာင္းသားဘ၀ကတည္းက ၾကည္ညိဳေလးစားခဲ့သူ ျဖစ္တယ္ဆိုၿပီး ေရြးခ်ယ္လိုက္တာပါပဲ။
သခင္ေအာင္ဆန္းနဲ႔ မရင္ေအးတို႔ ဇာတ္လမ္းကေလးဟာ ေတာ္ေတာ္ကေလး ရင္နင့္စရာေကာင္းတဲ့ အျဖစ္အပ်က္ကေလးသုိ႔ ဆိုလိုက္ခ်င္ပါတယ္။ ဒီဇာတ္လမ္းေလးဟာ ကာယကံရွင္ေတြ မဆိုထားနဲ႔ၾကားက ဇာတ္ဆရာလုပ္မိတဲ့ ကြ်န္ေတာ္ေတာင္မွ ရင္နာခဲ့ရပါတယ္။ ဒီေနရာမွာ ဇာတ္လမ္းအစကို ျပန္ေကာက္ရပါလိမ့္မယ္။ သခင္ေအာင္ဆန္းဟာ အခုလို ဘ၀ၾကင္ေဖာ္ ဖူးစာဘက္ကို ရွာဖို႔တို႔၊ ဘာတို႔ကို လံုး၀စိတ္မ၀င္စားခဲ့တဲ့လူ မဟုတ္ပါဘူး။ သူ႔စိတ္ဟာ ဟိုတခိ်န္တုန္းက ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး အေျခအေနနဲ႔ ဗမာျပည္သူတရပ္လံုး ရင္ဆိုင္ေနရတဲ့ ျပႆနာေတြထဲမွာပဲ အာရံုစူးစိုက္ေနရတဲ့လူ ျဖစ္ပါတယ္။
ေဘးက ရဲေဘာ္ေတြက ဒီလို ဒီလို လုပ္ရမယ္ဆိုလို႔သာ သူက သေဘာတူလိုက္ရတယ္။ သူ႔သေဘာကေတာ့ ဒီကိစၥကို ေရးၾကီးခြင္က်ယ္ မထားဘူး။ ဒီကိစၥက လုပ္ျဖစ္ခ်င္မွ လုပ္ျဖစ္မွာပဲလို႔လည္း သေဘာထားဟန္တူပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ေမာ္လၿမိဳင္ ညီလာခံျပီးတဲ့ေနာက္ တလေက်ာ္ေလာက္အၾကာမွာ ကြ်န္ေတာ္ ရန္ကုန္ကို ေရာက္လာပါတယ္။ သခင္ေအာင္ဆန္းအတြက္ မွန္းထားတဲ့ သတို႔သမီး မရင္ေအးရဲ့ ဓာတ္ပံုကိုလည္း မရင္ေအးတို႔ ၿမိဳ႕ကို သြားၿပီး ယူခဲ့ပါတယ္။
မရင္ေအးနဲ႔ ေတြ႕ေတာ့လည္း ကြ်န္ေတာ့္အေပၚမွာ အစ္ကိုအရင္းလို ခင္မင္ေနတဲ့ မိန္းကေလးျဖစ္တဲ့အတြက္ ကြ်န္ေတာ္က . . .
''ေဟ့ မရင္ေအး၊ ညည္းရဲ့ေနာင္ေရး အတြက္ အစ္ကိုႀကီး အစီအစဥ္တခု လုပ္ေနတယ္။ ညည္း ဘာမွ ဂီ်းမမ်ားရဘူးေနာ္။ အစ္ကိုၾကီးသေဘာအတိုင္း စီစဥ္လိုက္မယ္၊ ညည္းဓာတ္ပံုတပံုသာ ေပးလိုက္ေပေတာ့''
မရင္ေအးက ရွက္ကိုးရွက္ကန္းနဲ႔
''ဟာ အစ္ကိုႀကီးကလည္း ရွက္စရာႀကီး၊ ညီမအတြက္ ဒီလိုအလုပ္မ်ဳိးကို လုပ္ေန ရသလား''လို႔ ေျပာၿပီး သူ႔ဓာတ္ပံုကို ထုတ္ေပးလိုက္ပါတယ္။ တို႔ဗမာအစည္းအရံုးဌာနခ်ဳပ္မွာ သခင္ေအာင္ဆန္းနဲ႔ ေတြ႕ၾကေတာ့ ကြ်န္ေတာ္က . .
''ကဲ . . ဆရာႀကီး ခင္ဗ်ားနဲ႔ မွန္းထားတဲ့ သတို႔သမီးေလာင္းကေလးရဲ႕ ဓာတ္ပံုကို ယူလာခဲ့တယ္။ ခင္ဗ်ားကေတာ့ ႀကိဳက္သလား၊ မႀကိဳက္ဘူးလား မသိဘူး။ ကြ်န္ေတာ့္မွာေတာ့ တကူးတကန္႔ သြားယူခဲ့ရတယ္။ ထမင္းေကြ်းမယ္သာ ၾကံေပေတာ့'' လို့ ေျပာလိုက္ေတာ့ သခင္ေအာင္ဆန္းက . . .
''ေဟး . . ခင္ဗ်ားတို႔ ဒီကိစၥကို တကယ္လုပ္ေနၾကတာလား၊ က်ဳပ္က ဒီကိစၥဟာ အလကားေျပာေနတာလို႔ ထင္ေနတာဗ်၊ ေမာ္လၿမိဳင္မွာ ေျပာျပီးကတည္း က က်ဳပ္ျဖင့္ တခါမွ မစဥ္းစားမိပါဘူးဗ်ာ'' သခင္ေအာင္ဆန္းဟာ အိမ္ေထာင္ေရးထက္ ဗမာ့လြတ္လပ္ေရးကိုသာ အေလးအနက္ ထားတယ္ဆိုတာဟာ ထင္ရွားပါတယ္။ ေနာက္ၿပီး သခင္ေအာင္ဆန္းက ေျပာေသးတယ္။
''အဟုတ္ေျပာတာပါဗ်ာ၊ က်ဳပ္ေတာ့ မိန္းမယူဖို႔ စိတ္မကူးေသးဘူး၊ ခင္ဗ်ားတို႔ ေျပာတာေတြကိုလည္း မယံုမိဘူး။ အခု ခင္ဗ်ားက ဓာတ္ပံုေတြဘာေတြ ယူလာေတာ့ အပ်က္အပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ ဆိုသလိုမ်ား ျဖစ္ေနတာလားဗ်ာ'' ေျပာၿပီး ဓာတ္ပံုကို ေသေသခ်ာခ်ာ စိုက္ၾကည့္ေနပါတယ္။ ၿပီးေတာ့ သက္ျပင္းရွည္ႀကီး ခ်လိုက္ၿပီး . . .
''ခက္တာပဲဗ်ာ၊ သူကေလးကို ျမင္ရတာ ကြ်န္ေတာ့္လိုေကာင္နဲ႔ မတန္ပါဘူးဗ်ာ။ သနားစရာ ေကာင္းပါတယ္။ ကု်ပ္တို႔က ေရွ႕ေလွ်ာက္ၿပီး ဘာေတြလုပ္လို႔ ဘာေတြ ျဖစ္မယ္မွန္း မသိႏိုင္တဲ့ လူစားေတြဗ်၊ ျပီး ေတာ့လည္း ကု်ပ္တို႔က တကယ့္ေမတၱာနဲ႔ခ်စ္လို႔ ၾကံစည္ၾကတာလည္း မဟုတ္။ သူ႔ကိုယူၿပီး သူ့ပိုက္ဆံနဲ႔ နိုင္ငံေရးလုပ္ဖို႔ ၾကံၾကတာ။ ဒါဟာ မတရားဘူးဗ်။ မွန္လည္း မမွန္ဘူး''လို႔ ဇြတ္ျငင္းေနပါေတာ့တယ္။
အဲဒီလိုနဲ႔ ေနာက္မၾကာခင္မွာပဲ မရင္ေအးတို႔ခရိုင္မွာ တို႔ဗမာအစည္းအရံုး ညီလာခံက်င္းပတယ္။ အဲဒီညီလာခံကို သခင္ ေအာင္ဆန္းနဲ႔ ကြ်န္ေတာ္တို႔နွစ္ေယာက္ ဌာနခု်ပ္ကိုယ္စားလွယ္အျဖစ္ တက္ေရာက္ ၾကပါတယ္။ ကြ်န္ေတာ္ကေတာ့ ညီလာခံကို သြားကတည္းက စိတ္ထဲမွာ တခ်က္ခုတ္၊ နွစ္ခ်က္ျပတ္ သေဘာနဲ႔ တက္ခဲ့တာ ျဖစ္ပါတယ္။
ညီလာခံအၿပီးမွာ မရင္ေအးတို႔အိမ္ကို ကြ်န္ေတာ္တို႔ သြားၾကပါတယ္။ ညီလာခံ က်င္းပတဲ့ ၿမိဳ႕နဲ႔က သိပ္မေ၀းလွဘူး။ မရင္ေအးတုိ႔အိမ္ေရာက္လို႔ မရင္ေအးကိုလည္း ေတြ႕လိုက္ေရာ သခင္ေအာင္ဆန္းဟာ မ်က္စိပ်က္၊ မ်က္နွာပ်က္နဲ႔. . .
''ေဟ့လူ၊ ဘယ္လိုလုပ္လိုက္တာလဲ ခင္ဗ်ား၊ ကြ်န္ေတာ့္ကို တကယ္ေခ်ာက္က် ေအာင္ လုပ္ေနၿပီ ထင္တယ္''လို႔ ေျပာပါတယ္။
မရင္ေအးချမာမွာေတာ့ ဘာအေၾကာင္းမွ မသိရွာေသးဘူး။ သူ့ဓာတ္ပံုကို ကြ်န္ေတာ္ ယူလာတုန္းက ဘယ္သူဘယ္၀ါကို ျပဖို႔ဆိုတာ မေျပာခဲ့ေတာ့ အေျခအေနမပ်က္ ကြ်န္ေတာ္တို႔ စားဖို႔၊ေသာက္ဖို႔ေတြကိုသာ လုပ္ကိုင္ေနရွာပါတယ္။ မရင္ေအးတို႔ အေမႀကီးကေတာ့ လူငယ္ေတြ လြတ္လြတ္လပ္လပ္ ေနႏိုင္ၾကေအာင္ ဘုန္းၾကီးေက်ာင္းကို ထြက္သြားပါတယ္။ အေၾကာင္းမသိေသးတဲ့ မရင္ေအးက ဣေျႏၵမပ်က္ေပမယ့္ သခင္ ေအာင္ဆန္းကေတာ့ မေနတတ္၊ မထိုင္တတ္နဲ႔ အိမ္အျပင္ဘက္ကိုသာ စိုက္ၾကည့္ေနျပီး ငိုင္ေနရွာပါတယ္။
ထမင္းစားေသာက္ၿပီးေတာ့ ကြ်န္ေတာ္တို႔နွစ္ေယာက္က အိမ္ေခါင္းရင္းခန္းမွာ ပက္လက္ကုလားထိုင္ နွစ္လံုးနဲ႔ ထိုင္ေနၾကတယ္။ မရင္ေအးက လက္ဖက္ရည္ၾကမ္းနဲ႔ အခ်ဳိအခ်ဥ္ပဲြလာခ်ေတာ့မွ ကြ်န္ေတာ္က မရင္ေအးကို စကားေျပာၾကရေအာင္ဆိုၿပီး အနားမွာ ထိုင္ခိုင္းလိုက္ပါတယ္။ မရင္ေအးကလည္း ရိုရိုေသေသ အစ္ကိုႀကီးအရင္းေတြ ကို ျပဳစုေကြ်းေမြးေနရသလို ျပံဳးျပံဳးရႊင္ရႊင္နဲ႔ပဲ အနားမွာ ထိုင္ရွာပါတယ္။ ကြ်န္ေတာ္က မရင္ေအးနဲ႔ သခင္ေအာင္ဆန္းကို မိတ္ဖဲြ႕ေပးလိုက္ပါတယ္။ မရင္ေအးကလည္း သခင္ေအာင္ဆန္းမွန္း သိပါတယ္။ သတင္းစာထံမွာ ဓာတ္ပံုကို ျမင္ဖူးပါတယ္လို႔ ျပန္ေျပာလိုက္ပါတယ္။ အဲဒီအခိ်န္မွာ သခင္ ေအာင္ဆန္းက ဆိုင္းမဆင့္၊ ဗံုမဆင္းနဲ႔ . .
''ဒီမယ္ . .မရင္ေအး၊ ခင္ဗ်ားအစ္ကိုႀကီး သခင္တင္ေမာင္က ေကာင္းတဲ့လူ မဟုတ္ဘူးဗ်၊ ခင္ဗ်ားဓာတ္ပံုကို ယူလာၿပီး ကြ်န္ေတာ့္ကို ျပတယ္။ ကြ်န္ေတာ္က ဘာမွသိရတာလည္း မဟုတ္ဘူး။ သူတို႔တေတြက အၾကံႀကီး ၾကံေနၾကတယ္။ ခင္ဗ်ားရဲ႕ပိုက္ဆံနဲ႔ ကြ်န္ေတာ္ ႏိုင္ငံေရးလုပ္ေအာင္ဆိုၿပီး စီ စဥ္ေနၾကတယ္ဗ်''လို႔ ေျပာခ်လိုက္ရာ ကြ်န္ေတာ္လည္း အံ့အားသင့္ေနၿပီး ဘာမွမေျပာတတ္ေအာင္ ျဖစ္ေနတုန္းမွာ မရင္ေအးဟာလည္း တခါတည္း မီးဖိုခန္းထဲကို ၀င္ေျပးပါေလေရာ။
မရင္ေအးေနာက္ကို ကြ်န္ေတာ္ ၀င္လိုက္သြားၿပီး အစအဆံုး ကြ်န္ေတာ္တို႔ရဲ႕စီမံကိန္းကို ဖြင့္ဟ၀န္ခံလိုက္ပါတယ္။ မရင္ေအးကိုလည္း စိတ္မဆိုးဖို႔ ေတာင္းပန္ရျပန္ပါတယ္။
မရင္ေအးဟာ ေတာ္ေတာ္ၾကာၾကာႀကီး ေတြေနပါတယ္။ ေနာက္ေတာ့ သူဟာ သူ႔အိမ္ေရွ႕ခန္းကို ထြက္သြားၿပီး သခင္ေအာင္ဆန္းအနားမွာပဲ သြားထိုင္ပါတယ္။ ကြ်န္ေတာ္ကေတာ့ လိုက္သြားရေကာင္းမလား၊ မလိုက္ဘဲေနရေကာင္း မလားဆိုျပီး ေ၀ခဲြလို႔ မရခင္မွာပဲ မရင္ေအးက ကြ်န္ေတာ့္ကို လွမ္းေခၚလိုက္ပါတယ္။ ကြ်န္ေတာ္လည္း ထိုင္မိေရာ မရင္ေအးက တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာလိုက္ပံုကေတာ့ . . .
''ဒီမယ္ အစ္ကိုႀကီး၊ အစ္ကိုႀကီးတို႔ နွစ္ေယာက္စလံုးကို အစ္ကိုအရင္းလို ကြ်န္မ သေဘာထားပါတယ္။ ေမာင္ေလးကလည္း အစ္ကိုႀကီးတို႔ကို သိပ္ခ်စ္တယ္။ သိပ္ၾကည္ညိဳတယ္။ ေမေမဆိုတာလည္း အစ္ကိုႀကီး စီစဥ္တာဟာ ဘာမွအျပစ္ေျပာစရာ မရိွပါဘူး။ ဒီကိစၥမွာ ကြ်န္မသေဘာကေတာ့ အစ္ကိုေအာင္ဆန္းနဲ႔ ကြ်န္မနဲ႔ဟာ မတန္ပါဘူး။ ကြ်န္မတို႔ဟာ ေတာသူေတြပါ။ ေတာမွာေနျပီး ေတာသူပီပီပဲ ေနတတ္၊ စားတတ္ ပါတယ္။ အစ္ကိုေအာင္ဆန္းတို႔ကေတာ့ ေနာက္ဆိုရင္ တိုင္းျပည္ရဲ့ ေခါင္းေဆာင္ႀကီးေတြ၊ တိုင္းျပည္အုပ္ခ်ဳပ္တဲ့ ၀န္ႀကီးေတြ၊ ဘာေတြ ျဖစ္ၾကဦးမွာပါ။ ဒီေတာ့ ကြ်န္မတို႔လို ေတာသူေတြနဲ႔ဆိုရင္ မျဖစ္ပါဘူး။ ဒီလို ေျပာတာဟာ အစ္ကိုေအာင္ဆန္းကို ကြ်န္မ မခ်စ္လို႔၊ မခင္လို႔ ေျပာတာ မဟုတ္ပါဘူး။ အစ္ကိုေအာင္ဆန္းတို႔ ပါရမီကို နွမေလးတေယာက္အေနနဲ႔လည္း ျဖည့္လို႔ ရပါတယ္။
ပိုက္ဆံလိုခ်င္ရင္လည္း ေပးလို႔ ရပါတယ္။ ကြ်န္မေရာ၊ ေမာင္ေလးကေရာ အစ္ကိုႀကီးတို႔ ႏိုင္ငံေရးလုပ္တာကို ေလးစားေနၾကတာပဲ။ ေနာက္ဆံုး . . . အစ္ကိုႀကီးတို႔လိုတဲ့ ေငြက သိပ္မ်ားေနရင္ ေမေမ မသိေအာင္ ညီမေပးမွာေပါ့''လို႔ ပြင့္ပြင့္လင္းလင္း ေျပာ လိုက္ပါတယ္။
ကြ်န္ေတာ္က ဘယ္လိုျပန္ေျပာရမလဲလုိ႔ စဥ္းစားေနတုန္း သခင္ေအာင္ဆန္းက
''ဟုတ္တယ္ ခင္ဗ်ားေျပာတာ မွန္တယ္။ မွန္တယ္ဆိုတာက ႏိုင္ငံေရး ပါရမီကို ဘယ္အေနနဲ႔ျဖစ္ျဖစ္ ျဖည့္ဆည္းလို႔ ရတယ္ဆိုတာကို ေျပာတာ။''
''ခင္ဗ်ားေျပာသလို ႏွမတေယာက္ တေယာက္အေနနဲ႔ပဲ ျဖည့္ပါ့မယ္ဆိုတာကို ႀကိဳက္ပါတယ္။ ဒါေပမဲ့ က်ဳပ္တို႔က ၀န္ႀကီးေတြ၊ ဘာေတြျဖစ္မွာမို႔ ခင္ဗ်ားတို႔လို ေတာသူေတြနဲ႔ မတန္ပါဘူးဆိုတဲ့ဟာကေတာ့ မဟုတ္ေသးဘူး။ ၀န္ႀကီးဆိုတဲ့ေကာင္ကေရာ ဘာေကာင္မို႔လို႔လဲ။ မိုးက်ေရႊကိုယ္လည္း မဟုတ္ပါဘူး။ ေတာသားပါပဲဗ်။ ေတာရြာဇနပုဒ္က ေတာမွာေမြးခဲ့တဲ့အေကာင္ပါဗ်။ ခင္ဗ်ားေျပာတဲ့ ေတာသူမို႔လို႔ မတန္ ပါဘူးဆိုတဲ့ စကားကို ျပန္ရုပ္သိမ္းလိုက္ပါ ဗ်ာ'' ဆိုျပီး ဟဲဟဲ . . ဟဲဟဲနဲ႔ သေဘာက်ေနပါေတာ့တယ္။
ကြ်န္ေတာ့္၀မ္းထဲမွာေတာ့ ကိုယ့္လူက ဒီလိုေတာ့လည္း အေျပလည္သားပါကလား။ ခ်စ္ေရးဆိုပံုကေလးကလည္း မေခ ပါကလားလို႔ ပီတိျဖစ္လိုက္မိပါတယ္။ ကြ်န္ေတာ္တို႔ ျပန္ခါနီးမွာ မရင္ေအးက သူ႔ေမေမဆီမွာ ကြ်န္ေတာ္တို႔အတြက္ အေထြေထြ သံုးဖို႔ ေငြ ၁၀၀ က်ပ္ေပးလိုက္မယ္လို႔ ေျပာၿပီး ကြ်န္ေတာ္တို႔ကို စာအိတ္နဲ႔ ထည့္ထားတဲ့ ပိုက္ဆံကို ေပးလိုက္ပါတယ္။ သေဘၤာေပၚေရာက္လို႔ ဖြင့္ၾကည့္လိုက္ေတာ့မွ ရာတန္ (၃)ရြက္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဟိုေခတ္က ေငြ ၃၀၀ က်ပ္ဆိုတာ နည္း နည္းေနာေနာ တန္ဖိုးမဟုတ္ပါ။
သခင္ေအာင္ဆန္းနဲ႔ မရင္ေအးတို႔ဇာတ္လမ္းကေတာ့ အခုအတိုင္းပဲ အဆင္ေျပေျပနဲ႔ စခဲ့ၾကတာပါ။ ဒါေပမဲ့ မၾကာပါဘူး။
အဲဒီညီလာခံမွာ ေဟာခဲ့တဲ့ တရားေၾကာင့္ သခင္ေအာင္ဆန္းဟာ ဆုေငြ (၅)က်ပ္ အထုတ္ခံရတဲ့ ဘ၀ကို ေရာက္ခဲ့ရပါတယ္။ အဲဒီ၀ရမ္းကို ေရွာင္ရင္းတိမ္းရင္းကေနၿပီး ဗမာျပည္အျပင္ဘက္ကို ေရာက္သြားရတယ္။ ေနာက္ ရဲေဘာ္သံုးကိ်ပ္ကို ဦးေဆာင္လာခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ စစ္ေသနာပတိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျဖစ္နဲ႔ ဗမာျပည္ကို ျပန္ေရာက္တဲ့အခိ်န္မွာ မရင္ေအးကေတာ့ ေမွ်ာ္တလင့္လင့္နဲ႔ ရိွေနရွာေပမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေတာ့ အထက္ဗမာျပည္ သိမ္းပိုက္ႏိုင္ဖို႔အတြက္ ဆက္လက္စစ္ခ်ီေနရွာပါတယ္။
အိုးေ၀ဂ်ာနယ္၊ အမွတ္-၂၅၊
၁၅-၈-၁၉၆၉


သခင်အောင်ဆန်းအတွက်ကတော့ မြစ်ဝကျွန်းပေါ် ရွာကြီးတရွာက မြေပိုင်ရှင် စက်သူဌေးသမီးကလေး မရင်အေးကို ကျွန်တော် ရွေးပါတယ်။
မရင်အေးကို ရွေးရသည့် အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည်ချောမောသလောက် သဘောလည်း ကောင်းတယ်။ စိတ်လည်း ရှည်တယ်။ ပြီးတော့ သူ့မှာ အုပ်ထိန်းသူ အမေတယောက်တည်းပဲ ရှိ တယ်။ အမွေဆိုင်ကလည်း မောင်လေးတယောက်ပဲ ရှိတယ်။ အဲဒီမောင်လေးကလည်း ကျွန်တော်တို့နဲ့ တို့ဗမာအစည်းအရုံးဝင် သခင်တယောက်ဖြစ်တယ်။ သခင် အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။ သခင် အောင်ဆန်းကိုလည်း ကျောင်းသားဘဝကတည်းက ကြည်ညိုလေးစားခဲ့သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာပါပဲ။
သခင်အောင်ဆန်းနဲ့ မရင်အေးတို့ ဇာတ်လမ်းကလေးဟာ တော်တော်ကလေး ရင်နင့်စရာကောင်းတဲ့ အဖြစ်အပျက်ကလေးသို့ ဆိုလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ကာယကံရှင်တွေ မဆိုထားနဲ့ကြားက ဇာတ်ဆရာလုပ်မိတဲ့ ကျွန်တော်တောင်မှ ရင်နာခဲ့ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းအစကို ပြန်ကောက်ရပါလိမ့်မယ်။ သခင်အောင်ဆန်းဟာ အခုလို ဘဝကြင်ဖော် ဖူးစာဘက်ကို ရှာဖို့တို့၊ ဘာတို့ကို လုံးဝစိတ်မဝင်စားခဲ့တဲ့လူ မဟုတ်ပါဘူး။ သူ့စိတ်ဟာ ဟိုတချိန်တုန်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ဗမာပြည်သူတရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာပဲ အာရုံစူးစိုက်နေရတဲ့လူ ဖြစ်ပါတယ်။
ဘေးက ရဲဘော်တွေက ဒီလို ဒီလို လုပ်ရမယ်ဆိုလို့သာ သူက သဘောတူလိုက်ရတယ်။ သူ့သဘောကတော့ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မထားဘူး။ ဒီကိစ္စက လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပဲလို့လည်း သဘောထားဟန်တူပါတယ်။ ဘာကြောင့်လည်းဆိုတော့ မော်လမြိုင် ညီလာခံပြီးတဲ့နောက် တလကျော်လောက်အကြာမှာ ကျွန်တော် ရန်ကုန်ကို ရောက်လာပါတယ်။ သခင်အောင်ဆန်းအတွက် မှန်းထားတဲ့ သတို့သမီး မရင်အေးရဲ့ ဓာတ်ပုံကိုလည်း မရင်အေးတို့ မြို့ကို သွားပြီး ယူခဲ့ပါတယ်။
မရင်အေးနဲ့ တွေ့တော့လည်း ကျွန်တော့်အပေါ်မှာ အစ်ကိုအရင်းလို ခင်မင်နေတဲ့ မိန်းကလေးဖြစ်တဲ့အတွက် ကျွန်တော်က . . .
''ဟေ့ မရင်အေး၊ ညည်းရဲ့နောင်ရေး အတွက် အစ်ကိုကြီး အစီအစဉ်တခု လုပ်နေတယ်။ ညည်း ဘာမှ ဂျီးမများရဘူးနော်။ အစ်ကိုကြီးသဘောအတိုင်း စီစဉ်လိုက်မယ်၊ ညည်းဓာတ်ပုံတပုံသာ ပေးလိုက်ပေတော့''
မရင်အေးက ရှက်ကိုးရှက်ကန်းနဲ့
''ဟာ အစ်ကိုကြီးကလည်း ရှက်စရာကြီး၊ ညီမအတွက် ဒီလိုအလုပ်မျိုးကို လုပ်နေ ရသလား''လို့ ပြောပြီး သူ့ဓာတ်ပုံကို ထုတ်ပေးလိုက်ပါတယ်။ တို့ဗမာအစည်းအရုံးဌာနချုပ်မှာ သခင်အောင်ဆန်းနဲ့ တွေ့ကြတော့ ကျွန်တော်က . . 
''ကဲ . . ဆရာကြီး ခင်ဗျားနဲ့ မှန်းထားတဲ့ သတို့သမီးလောင်းကလေးရဲ့ ဓာတ်ပုံကို ယူလာခဲ့တယ်။ ခင်ဗျားကတော့ ကြိုက်သလား၊ မကြိုက်ဘူးလား မသိဘူး။ ကျွန်တော့်မှာတော့ တကူးတကန့် သွားယူခဲ့ရတယ်။ ထမင်းကျွေးမယ်သာ ကြံပေတော့'' လို့ ပြောလိုက်တော့ သခင်အောင်ဆန်းက . . .
''ဟေး . . ခင်ဗျားတို့ ဒီကိစ္စကို တကယ်လုပ်နေကြတာလား၊ ကျုပ်က ဒီကိစ္စဟာ အလကားပြောနေတာလို့ ထင်နေတာဗျ၊ မော်လမြိုင်မှာ ပြောပြီးကတည်း က ကျုပ်ဖြင့် တခါမှ မစဉ်းစားမိပါဘူးဗျာ'' သခင်အောင်ဆန်းဟာ အိမ်ထောင်ရေးထက် ဗမာ့လွတ်လပ်ရေးကိုသာ အလေးအနက် ထားတယ်ဆိုတာဟာ ထင်ရှားပါတယ်။ နောက်ပြီး သခင်အောင်ဆန်းက ပြောသေးတယ်။
''အဟုတ်ပြောတာပါဗျာ၊ ကျုပ်တော့ မိန်းမယူဖို့ စိတ်မကူးသေးဘူး၊ ခင်ဗျားတို့ ပြောတာတွေကိုလည်း မယုံမိဘူး။ အခု ခင်ဗျားက ဓာတ်ပုံတွေဘာတွေ ယူလာတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလိုများ ဖြစ်နေတာလားဗျာ'' ပြောပြီး ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး . . .
''ခက်တာပဲဗျာ၊ သူကလေးကို မြင်ရတာ ကျွန်တော့်လိုကောင်နဲ့ မတန်ပါဘူးဗျာ။ သနားစရာ ကောင်းပါတယ်။ ကျုပ်တို့က ရှေ့လျှောက်ပြီး ဘာတွေလုပ်လို့ ဘာတွေ ဖြစ်မယ်မှန်း မသိနိုင်တဲ့ လူစားတွေဗျ၊ ပြီး တော့လည်း ကျုပ်တို့က တကယ့်မေတ္တာနဲ့ချစ်လို့ ကြံစည်ကြတာလည်း မဟုတ်။ သူ့ကိုယူပြီး သူ့ပိုက်ဆံနဲ့ နိုင်ငံရေးလုပ်ဖို့ ကြံကြတာ။ ဒါဟာ မတရားဘူးဗျ။ မှန်လည်း မမှန်ဘူး''လို့ ဇွတ်ငြင်းနေပါတော့တယ်။
အဲဒီလိုနဲ့ နောက်မကြာခင်မှာပဲ မရင်အေးတို့ခရိုင်မှာ တို့ဗမာအစည်းအရုံး ညီလာခံကျင်းပတယ်။ အဲဒီညီလာခံကို သခင် အောင်ဆန်းနဲ့ ကျွန်တော်တို့နှစ်ယောက် ဌာနချုပ်ကိုယ်စားလှယ်အဖြစ် တက်ရောက် ကြပါတယ်။ ကျွန်တော်ကတော့ ညီလာခံကို သွားကတည်းက စိတ်ထဲမှာ တချက်ခုတ်၊ နှစ်ချက်ပြတ် သဘောနဲ့ တက်ခဲ့တာ ဖြစ်ပါတယ်။
ညီလာခံအပြီးမှာ မရင်အေးတို့အိမ်ကို ကျွန်တော်တို့ သွားကြပါတယ်။ ညီလာခံ ကျင်းပတဲ့ မြို့နဲ့က သိပ်မဝေးလှဘူး။ မရင်အေးတို့အိမ်ရောက်လို့ မရင်အေးကိုလည်း တွေ့လိုက်ရော သခင်အောင်ဆန်းဟာ မျက်စိပျက်၊ မျက်နှာပျက်နဲ့. . .
''ဟေ့လူ၊ ဘယ်လိုလုပ်လိုက်တာလဲ ခင်ဗျား၊ ကျွန်တော့်ကို တကယ်ချောက်ကျ အောင် လုပ်နေပြီ ထင်တယ်''လို့ ပြောပါတယ်။
မရင်အေးခမြာမှာတော့ ဘာအကြောင်းမှ မသိရှာသေးဘူး။ သူ့ဓာတ်ပုံကို ကျွန်တော် ယူလာတုန်းက ဘယ်သူဘယ်ဝါကို ပြဖို့ဆိုတာ မပြောခဲ့တော့ အခြေအနေမပျက် ကျွန်တော်တို့ စားဖို့၊သောက်ဖို့တွေကိုသာ လုပ်ကိုင်နေရှာပါတယ်။ မရင်အေးတို့ အမေကြီးကတော့ လူငယ်တွေ လွတ်လွတ်လပ်လပ် နေနိုင်ကြအောင် ဘုန်းကြီးကျောင်းကို ထွက်သွားပါတယ်။ အကြောင်းမသိသေးတဲ့ မရင်အေးက ဣန္ဒြေမပျက်ပေမယ့် သခင် အောင်ဆန်းကတော့ မနေတတ်၊ မထိုင်တတ်နဲ့ အိမ်အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ငိုင်နေရှာပါတယ်။
ထမင်းစားသောက်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က အိမ်ခေါင်းရင်းခန်းမှာ ပက်လက်ကုလားထိုင် နှစ်လုံးနဲ့ ထိုင်နေကြတယ်။ မရင်အေးက လက်ဖက်ရည်ကြမ်းနဲ့ အချိုအချဉ်ပွဲလာချတော့မှ ကျွန်တော်က မရင်အေးကို စကားပြောကြရအောင်ဆိုပြီး အနားမှာ ထိုင်ခိုင်းလိုက်ပါတယ်။ မရင်အေးကလည်း ရိုရိုသေသေ အစ်ကိုကြီးအရင်းတွေ ကို ပြုစုကျွေးမွေးနေရသလို ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ အနားမှာ ထိုင်ရှာပါတယ်။ ကျွန်တော်က မရင်အေးနဲ့ သခင်အောင်ဆန်းကို မိတ်ဖွဲ့ပေးလိုက်ပါတယ်။ မရင်အေးကလည်း သခင်အောင်ဆန်းမှန်း သိပါတယ်။ သတင်းစာထံမှာ ဓာတ်ပုံကို မြင်ဖူးပါတယ်လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ သခင် အောင်ဆန်းက ဆိုင်းမဆင့်၊ ဗုံမဆင်းနဲ့ . .
''ဒီမယ် . .မရင်အေး၊ ခင်ဗျားအစ်ကိုကြီး သခင်တင်မောင်က ကောင်းတဲ့လူ မဟုတ်ဘူးဗျ၊ ခင်ဗျားဓာတ်ပုံကို ယူလာပြီး ကျွန်တော့်ကို ပြတယ်။ ကျွန်တော်က ဘာမှသိရတာလည်း မဟုတ်ဘူး။ သူတို့တတွေက အကြံကြီး ကြံနေကြတယ်။ ခင်ဗျားရဲ့ပိုက်ဆံနဲ့ ကျွန်တော် နိုင်ငံရေးလုပ်အောင်ဆိုပြီး စီ စဉ်နေကြတယ်ဗျ''လို့ ပြောချလိုက်ရာ ကျွန်တော်လည်း အံ့အားသင့်နေပြီး ဘာမှမပြောတတ်အောင် ဖြစ်နေတုန်းမှာ မရင်အေးဟာလည်း တခါတည်း မီးဖိုခန်းထဲကို ဝင်ပြေးပါလေရော။
မရင်အေးနောက်ကို ကျွန်တော် ဝင်လိုက်သွားပြီး အစအဆုံး ကျွန်တော်တို့ရဲ့စီမံကိန်းကို ဖွင့်ဟဝန်ခံလိုက်ပါတယ်။ မရင်အေးကိုလည်း စိတ်မဆိုးဖို့ တောင်းပန်ရပြန်ပါတယ်။
မရင်အေးဟာ တော်တော်ကြာကြာကြီး တွေနေပါတယ်။ နောက်တော့ သူဟာ သူ့အိမ်ရှေ့ခန်းကို ထွက်သွားပြီး သခင်အောင်ဆန်းအနားမှာပဲ သွားထိုင်ပါတယ်။ ကျွန်တော်ကတော့ လိုက်သွားရကောင်းမလား၊ မလိုက်ဘဲနေရကောင်း မလားဆိုပြီး ဝေခွဲလို့ မရခင်မှာပဲ မရင်အေးက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါတယ်။ ကျွန်တော်လည်း ထိုင်မိရော မရင်အေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပုံကတော့ . . .
''ဒီမယ် အစ်ကိုကြီး၊ အစ်ကိုကြီးတို့ နှစ်ယောက်စလုံးကို အစ်ကိုအရင်းလို ကျွန်မ သဘောထားပါတယ်။ မောင်လေးကလည်း အစ်ကိုကြီးတို့ကို သိပ်ချစ်တယ်။ သိပ်ကြည်ညိုတယ်။ မေမေဆိုတာလည်း အစ်ကိုကြီး စီစဉ်တာဟာ ဘာမှအပြစ်ပြောစရာ မရှိပါဘူး။ ဒီကိစ္စမှာ ကျွန်မသဘောကတော့ အစ်ကိုအောင်ဆန်းနဲ့ ကျွန်မနဲ့ဟာ မတန်ပါဘူး။ ကျွန်မတို့ဟာ တောသူတွေပါ။ တောမှာနေပြီး တောသူပီပီပဲ နေတတ်၊ စားတတ် ပါတယ်။ အစ်ကိုအောင်ဆန်းတို့ကတော့ နောက်ဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်ကြဦးမှာပါ။ ဒီတော့ ကျွန်မတို့လို တောသူတွေနဲ့ဆိုရင် မဖြစ်ပါဘူး။ ဒီလို ပြောတာဟာ အစ်ကိုအောင်ဆန်းကို ကျွန်မ မချစ်လို့၊ မခင်လို့ ပြောတာ မဟုတ်ပါဘူး။ အစ်ကိုအောင်ဆန်းတို့ ပါရမီကို နှမလေးတယောက်အနေနဲ့လည်း ဖြည့်လို့ ရပါတယ်။
ပိုက်ဆံလိုချင်ရင်လည်း ပေးလို့ ရပါတယ်။ ကျွန်မရော၊ မောင်လေးကရော အစ်ကိုကြီးတို့ နိုင်ငံရေးလုပ်တာကို လေးစားနေကြတာပဲ။ နောက်ဆုံး . . . အစ်ကိုကြီးတို့လိုတဲ့ ငွေက သိပ်များနေရင် မေမေ မသိအောင် ညီမပေးမှာပေါ့''လို့ ပွင့်ပွင့်လင်းလင်း ပြော လိုက်ပါတယ်။
ကျွန်တော်က ဘယ်လိုပြန်ပြောရမလဲလို့ စဉ်းစားနေတုန်း သခင်အောင်ဆန်းက 
''ဟုတ်တယ် ခင်ဗျားပြောတာ မှန်တယ်။ မှန်တယ်ဆိုတာက နိုင်ငံရေး ပါရမီကို ဘယ်အနေနဲ့ဖြစ်ဖြစ် ဖြည့်ဆည်းလို့ ရတယ်ဆိုတာကို ပြောတာ။''
''ခင်ဗျားပြောသလို နှမတယောက် တယောက်အနေနဲ့ပဲ ဖြည့်ပါ့မယ်ဆိုတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ဝန်ကြီးတွေ၊ ဘာတွေဖြစ်မှာမို့ ခင်ဗျားတို့လို တောသူတွေနဲ့ မတန်ပါဘူးဆိုတဲ့ဟာကတော့ မဟုတ်သေးဘူး။ ဝန်ကြီးဆိုတဲ့ကောင်ကရော ဘာကောင်မို့လို့လဲ။ မိုးကျရွှေကိုယ်လည်း မဟုတ်ပါဘူး။ တောသားပါပဲဗျ။ တောရွာဇနပုဒ်က တောမှာမွေးခဲ့တဲ့အကောင်ပါဗျ။ ခင်ဗျားပြောတဲ့ တောသူမို့လို့ မတန် ပါဘူးဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်ပါ ဗျာ'' ဆိုပြီး ဟဲဟဲ . . ဟဲဟဲနဲ့ သဘောကျနေပါတော့တယ်။
ကျွန်တော့်ဝမ်းထဲမှာတော့ ကိုယ့်လူက ဒီလိုတော့လည်း အပြေလည်သားပါကလား။ ချစ်ရေးဆိုပုံကလေးကလည်း မခေ ပါကလားလို့ ပီတိဖြစ်လိုက်မိပါတယ်။ ကျွန်တော်တို့ ပြန်ခါနီးမှာ မရင်အေးက သူ့မေမေဆီမှာ ကျွန်တော်တို့အတွက် အထွေထွေ သုံးဖို့ ငွေ ၁၀ဝ ကျပ်ပေးလိုက်မယ်လို့ ပြောပြီး ကျွန်တော်တို့ကို စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကို ပေးလိုက်ပါတယ်။ သင်္ဘောပေါ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ ရာတန် (၃)ရွက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဟိုခေတ်က ငွေ ၃၀ဝ ကျပ်ဆိုတာ နည်း နည်းနောနော တန်ဖိုးမဟုတ်ပါ။
သခင်အောင်ဆန်းနဲ့ မရင်အေးတို့ဇာတ်လမ်းကတော့ အခုအတိုင်းပဲ အဆင်ပြေပြေနဲ့ စခဲ့ကြတာပါ။ ဒါပေမဲ့ မကြာပါဘူး။
အဲဒီညီလာခံမှာ ဟောခဲ့တဲ့ တရားကြောင့် သခင်အောင်ဆန်းဟာ ဆုငွေ (၅)ကျပ် အထုတ်ခံရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။ အဲဒီဝရမ်းကို ရှောင်ရင်းတိမ်းရင်းကနေပြီး ဗမာပြည်အပြင်ဘက်ကို ရောက်သွားရတယ်။ နောက် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်နဲ့ ဗမာပြည်ကို ပြန်ရောက်တဲ့အချိန်မှာ မရင်အေးကတော့ မျှော်တလင့်လင့်နဲ့ ရှိနေရှာပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကတော့ အထက်ဗမာပြည် သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်စစ်ချီနေရှာပါတယ်။
အိုးဝေဂျာနယ်၊ အမှတ်-၂၅၊
၁၅-၈-၁၉၆၉
Loading...