Breaking News


ချစ်တင်းနှောပြီးပြီးချင်းမှာ မဖြစ်မနေ အပေါ့သွားရမှာလား?


Loading...


အမျိုးသမီးတွေအနေနဲ့ ချစ်တင်းနှောပြီးတိုင်းမှာ ချက်ခြင်းအပေါ့သွားဖို့ အကြံပေးခံရဖူးမှာပါ။ ကိုယ့်ထက်အရင် အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေက လက်ဆင့်ကမ်းအကြံပေး တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ ဒါက မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းကြီးတစ်ခု မဟုတ်ပါဘူး။
တကယ်တော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် ပိုပြီးတိုပါတယ်။ ဒါကြောင့်မို့လို့ ဘက်တီးရီးယားတွေဟာ ဆီးလမ်းကြောင်းကတစ်ဆင့် ဆီးအိမ်ကို ပိုမြန်ဆန်စွာရောက်သွားနိုင်ပါတယ်။ ချစ်တင်းနှောပြီးစမှာ အပေါ့သွားလိုက်ခြင်းဟာ ဘက်တီးရီးယားတွေ ဆီးအိမ်ထဲမရောက်မီ ဆီးနဲ့အတူစွန့်ထုတ်လိုက်ရတာ ဖြစ်ပေမဲ့ အမြန်ဆုံးလုပ်ဆောင်ရမယ့်အရာလို အချိန်အတိအကျသတ်မှတ်ရတာမျိုးတော့ မဟုတ်ပါဘူး။
ကိုယ့်ချစ်သူဘေးမှာ ဆက်ပြီးနေလို့ရပါသေးတယ်။ သတိထားရမှာက နောက် ၇ နာရီအတွင်း အိပ်ပျော်မသွားမီ အပေါ့စွန့်ပေးရဖို့ပါပဲ။ ဒါကလည်း သိပ်စဉ်းစားစရာတော့မရှိပါဘူး။ လူတစ်ယောက်ဟာ ၇ နာရီလောက် အပေါ့မသွားဘဲ မနေနိုင်ကြဘူးလေ။ အပေါ့သွားချင်စိတ်ပေါ်လာတဲ့အခါ အောင့်မထားဘဲ ချက်ခြင်းသွားလိုက်ရမှာသာ ဖြစ်ပါတယ်။
Credit : duwun
Loading...